Part 6

155 9 0
                                    

ကောင်လေး

Part 6

ကျွန်တော်တို့ဆီနေတိုင်းလာပြီး မှိုင်နေတဲ့
ရှောင်ကျန့်ကို မြင်ရတာ စိတ်မချမ်းသာဘူး။ သူအစ်ကိုရိပေါ်နဲ့ မပတ်သတ်တော့တာ ပျော်ပေမဲ့ အရယ်အပြုံးမရှီ လူသေတစ်ယောက်လို့ အသက်မဲ့နေတဲ့ ရှောင်ကျန့်ကို ယူဘင် မမြင်ချင်တော့ဘူးဖြစ်သည်။

"ခံစားနေရရင် အဲ့ဒီအစ်ကိုဆီသွားတွေ့လေ "

ကျင်းရီမနေနိုင်တော့ပဲဆိုလိုက်သည်။

" ဟုတ်တယ်မင်း ဒီလိုနေမနေနဲ့ အဲ့ဒီအစ်ကိုကို့ သွားတွေ့ပါ  "

" ယူဘင်းနဲ့ကျင်းရီမင်းတို့ငါကို မကြည့်ရက်နိုင်လို့  သွားတွေ့ ခိုင်းတာ ငါသိပေမဲ့ ငါအချစ်ကို နည်းနည်းလေးမှတောင် တန်ဖိုးမထားတဲ့
ဦးကို ငါမေ့နိုင်အောင်ကြိုးစားမယ် "

" မင်းမေ့မှမမေ့နိုင်တာ ပြီးတော့ မင်းအစာလည်း ကောင်းကောင်းမစားဘူး။ပိန်နေပြီ အဲ့ဒါကြောင့် သွားတွေ့ပါ  "

ယူဘင်စိတ်မကောင်းစွာဆိုလေ၏

"ဟုတ်တယ်..ကျန့်လေးအဲ့ဒီအစ်ကို အခုနောက်ပိုင်းဘယ်သူနဲ့မှ တွဲတာ ငါတို့မမြင်ရတော့ဘူး  "

" ငါကို ဒီအတိုင်းပဲ လွှတ်ထားပါ   "

" ဒီအတိုင်းလွှတ်ထားရင် မင်းလဲသွားမယ် "

" ဟုတ်တယ် ကျန့်လေး မင်းကိုငါတို့ ကြည့်ရတာ စိတ်မချမ်းသာတော့ဘူး  သွားတွေ့ရအောင် ငါတို့လည်း လိုက်ခဲ့မယ် "

ဦးကို အမြင်မကြည့်တဲ့ ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်နဲ့ အတူလိုက်ခဲ့မယ်တဲ့ ဟုတ်တယ် ဦးကိုအရမ်းလွမ်းတယ် မေ့မရဘူး အရမ်းချစ်တယ်

" သွားတွေ့ရအောင်  "

ကျွန်တော်ကားမောင်းဖို့ စိတ်မရှီတာကြောင့် ကျင်းရီနဲ့ယူဘင်က ဦးအိမ်ကို လိုက်ပို့ပေးသည်။
ဦးအိမ်ရောက်တော့  ဦးနဲ့ တွေ့ချင်လို့ အိမ်ကူတွေကို ပြောလိုက်တော့ အပေါ်ထပ်တက်သွားကာ မကြာခင် ပြန်ဆင်းလာပြီး ကျွန်တော်တို့ကို အပေါ်ထပ် ကို လာခဲ့ဖို့ပြောသည်။  ပြီးတော့ ကျွန်တော်ရောက်ဖူးတဲ့ဦးအခန်းမှာ ဦးကိုမတွေ့ရပဲ ဦးရဲ့အစ်ကို့က်ို တွေ့ရသည်။

" ရောက်လာပြီလား ကောင်လေး "

" ဟုတ်ကဲ့ အစ်ကိုယူမင်
ကျွန်တော်ဦးကိုတွေ့ချင်လို့ပါ  "

" အငယ်လေးကတော့ ပြောပါတယ်
ကောင်လေး သူကို မမေ့နိုင်ပဲ
ထပ်ရောက်လာမယ့်လို့  သေချာပေါက်ပြောတယ် "

" ဟုတ် ကျွန်တော် ဦးကိုမေ့ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား လုံးဝမေ့မရဘူး ဦးကိုအရမ်းလွမ်းတယ်
ဦးဘယ်မှာလဲ "

" ရော့  "

ကျွန်တော်ကို လှမ်းပေးတဲ့ ဒိုင်ယာရီ စာအုပ်လေး "

" အငယ်လေးက မင်းလာရင် ပေးလိုက်ပါတဲ့ "

" ကျွန်တော်ဦးကို တွေ့ချင်.. "

" ဒိုင်ယာရီ စာအုပ်ဖတ်ရင် ရိပေါ်ဘယ်မှာလဲ
သိနိုင်ပါပြီ "

ကျွန်တော် ကုတင်ပေါ်မှာ ထိုင်ပြီး ဒိုင်ယာရီ စာအုပ် ပထမမျက်နှာကို ဖွင့်လိုက်သည်။

ကောင်လေးWhere stories live. Discover now