Ep-9

32.2K 2.2K 614
                                    

[Unicode]

တစ်ညလုံး မြေအောက်ခန်းထဲမှာ sweetieကိုထားထား
ပေမယ့် JK ရော JG ရော အိပ်ခန်းထဲမပြန်ဘဲ မြေအောက်
ခန်းရှေ့မှာ သာ ထိုင်နေခဲ့သည် ။ ငိုသံလေးကို နားထောင်
ရင်း သူတို့လည်း ငိုခဲ့ပါသေးသည် ။ မနက်ရောက်လာပြီမို့
JG က မနက်စာသွားလုပ်သည်ဖြစ်၍ JK လည်း sweetie
လေးကို ခေါ်ရန်တံခါးဖွင့်ကာ ဝင်လာလိုက်သည် ။
အခန်းထဲ ဝင်လာတော့ ကြမ်းပြင်မှာ အရုပ်ကြိုးပျက်လဲ
ကျနေသည့် sweetie ..။ တစ်ကိုယ်လုံးလည်းပူခြစ်နေပြီး
သတိလစ်လည်းလစ်နေသည် ။

" JG ..!!! ဆရာဝန်ခေါ် !!!"

ကိုယ်လုံးလေးကို ပွေ့ချီပြီး အိပ်ခန်းထဲသို့ပြန်ခေါ်လာ
သော JK မျက်လုံးမှာလည်း မျက်ရည်များဖြင့်သာ ။

ခနအကြာ JG နဲ့အတူ ဆရာဝန်ပါဝင်လာသောကြောင့်
JK လည်း ကိုင်ထားသောလက်လေးကို လွှတ်ပေးကာ
ကုတင်ဘေးတွင်ရပ်နေလိုက်သည် ။ JG လည်း
မျက်နှာမကောင်းပါ ။ ကုတင်ပေါ်မှာ လှဲနေသည့် ကိုယ်လုံး
လေးဆီကိုသာ စိုးရိမ်မျက်ဝန်းများဖြင့် ကြည့်နေသည် ။

" လူနာက စိတ်ထိခိုက်စရာတော်တော်များတယ့်ပုံဘဲ
အကြောက်လွန်ပီး သတိလစ်သွားတာဘာ ၊ ပြီးတော့ ကြမ်းပြင်
ပေါ်မှာ အိပ်ခဲ့တော့ အအေးပတ်ပြီး ဖျားသွားတာ ဆေးထိုး
ပေးထားတာမို့ ခနနေရင်တော့ သတိရလာမှာပါ "

" ဟုတ်ကဲ့ပါ ဆရာ "

JK က ဆရာဝန်စကားကို သေချာနားထောင်နေသော်
လည်း JG ကတော့ ကုတင်ပေါ်က ကိုယ်ငယ်လေးကိုသာ
ကြည့်နေသည် ။

ဆရာဝန်ကို မပြန်ခိုင်းသေးဘဲ sweetieအခြေအနေကို
စောင့်ကြည့်စေသည် ။ ကုတင်ဘေး တစ်ချက်စီမှာ
ထိုင်ပြီးစောင့်နေသော ညီအကို၂ယောက်မှာ လက်တစ်ဖက်
စီကို ကိုင်ထားရင်း မျက်ရည်များလည်းကျနေသည် ။
စိတ်ထဲမှာလည်း သူတို့အမှားအတွက်အကြိမ်ကြိမ်
တောင်းပန်နေကြသည် ။

ထိုစဉ်သူတို့ကိုင်ထားသော လက်လေးမှာ လှုပ်လာ၍
ညီအကို၂ယောက်မှာ ပြာယာခတ်နေကြပါတော့သည် ။

" Sweetieသတိရလာပြီလား ..? ဘယ်နားကနာနေတာ
မျိုးရှိလဲ ..? တောင်းပန်ပါတယ် sweetieရယ် ကိုယ်တို့
အမှားပါ "

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now