Ep-14

29.8K 1.6K 436
                                    

[Unicode]

" ဒါဆို ထယ်ထယ်က ဒယ်ဒယ်တို့ အလုပ်ဆီလိုက်ရမှာပေါ့
နော် "

မနက်ထပြီးsweetie အား ပြင်ဆင်ပေးနေရင်းမှ မေးမေး
လာသည့် ကလေးလေးအား စိတ်ရှည်စွာ ပြန်ဖြေပေးနေရသည့်JK ။ အကျီလေးအား ပျံ့အောင်လုပ်ပေးနေတုန်း
မေးလာသောကြောင့် ထပ်ဖြေရပြန်သည် ။

" ဒါပေါ့ ဟိုရောက်ရင် ရုံးခန်းထဲမှာဘဲနေရမှာနော် .. ဒယ်ဒယ်
တို့က အလုပ်ပျက်တာများနေပြီဆိုတော့ အလုပ်လုပ်ရမယ် "

" ငြိမ်ငြိမ်လေးနေ‌မယ်လေ .. ထယ်ထယ့်ကိုခေါ်ပါနော် "

ကုတင်ပေါ်မှာ ထိုင်နေပြီး လက်လေးပါ ဆန့်တန်းကာ
ပြောလာသောကြောင့် မာဖီးယားကြီးမှာ အရည်ပျော်ရ
သည် ။

" ဟုတ်ပါပြီ .. ငြိမ်ငြိမ်မနေလည်း ဒယ်ဒယ်က ခေါ်မှာပါ
ဒယ်ဒယ့် အသဲလေးကို မခေါ်စရာလားပြော "

နှာဖျားလေးချင်း ထိပြီး ကျီစယ်တော့ အကြင်သူလေးက
တစ်ခိခိ ရယ်လေသည် ။ JK လည်း ထိုင်နေသည့် ကိုယ်
လုံးလေးအား ပွေ့ချီလိုက်ကာ အောက်သို့ဆင်းလာလိုက်
သည် ။

မနက်စာကတော့ JG က အသင့်လုပ်ထားသည်မို့
ဝင်စားရုံသာ ။ sweetie လေးကို Jeon ညီအကိုမှာ
တစ်ယောက်တစ်လှည့် ခွံ့ရင်း မနက်စာလေးကို ပြီးဆုံး
သည်အထိ စားစေခဲ့သည် ။ ထယ်ထယ်လေးမှာတော့
လက်လေးတောင် တစ်ချက် လှုပ်စရာမလိုပါ ။
.
.
.

" ကဲ .. sweetie လေးထိုင် ကိုယ်ဖိနပ်စီးပေးမယ် "

ဟုဆိုပြီး ဒူးတစ်ဖက်ထောက်ကာ ခြေထောက်တစ်ဖက်
က ထိုင်ရန်လုပ်ပေးသည့် JG ။ ထိုင်ခုံ အကောင်းစား
တွေထက် သူတို့ပေါင်ကသာ sweetie လေးထိုင်ရန်
အသင့်တော်ဆုံးပင် ။ တကယ်တမ်း ဖိနပ်စီးပေးသည်
က JK ။ ထယ်ထယ်လေးကတော့ သူ့လက်ထဲက
ဂျယ်လီလောက် ဘာကိုမှ ဂရုမစိုက်ပေ ။

" ရပါပြီ .. ကိုယ်တို့မင်းသားလေး သွားရအောင် "

ဟု ဆိုကာ ထယ်ယောင်းကိုယ်လေးအား ခါးထက်ခွင်
ချီသွားသော JK ။ သူတို့ကလေးလေးကို ဖြစ်နိုင်ရင်
လမ်းတောင်လျှောက်စေချင်တာမဟုတ် ။ ထို့ကြောင့်
လည်း အတတ်နိုင်ဆုံး လမ်းမလျှောက်ရအောင်
ညီအကို ၂ယောက်မှာ တစ်ယောက်တစ်လှည့်ချီကြ
သည် ။

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Where stories live. Discover now