Ep-4

28.2K 2.6K 298
                                    

[Unicode]

ဒီနေ့ထယ်ယောင်းကျောင်းတက်ရမည့်နေ့မို့ ခါတိုင်းထက်
စောစောထကာ ကျောင်းဝတ်စုံလေးကို မီးပူတိုက်လိုက်
သည် ။ တက္ကသိုလ်ဆိုပေမယ့် ယူနီဖောင်းဆင်တူဝတ်
ရသည်မို့ ကျောင်းဝတ်စုံလေးသန့်ပြန့်အောင်ထယ်ယောင်း
ဂရုစိုက်ဖြစ်သည် ။ မီးပူလေးတိုက်ပြီး ခနအအေးခံထား
လိုက်ကာ ထယ်ယောင်းကျောင်းစာအုပ်လေးတွေကို
လွယ်အိတ်ထဲ စီထည့်နေလိုက်သည် ။ ဘွဲ့တစ်ခုရမှဖြစ်မှာ
မို့ စာကိုလည်း ထယ်ယောင်းသေချာလုပ်ဖြစ်ပါသည် ။

ခနအကြာမှာ ထယ်ယောင်းလည်း ယူနီဖောင်းလေးကို
ဝတ်လိုက်ပြီး လွယ်အိတ်ယူကာအခန်းထဲကထွက်လာ
လိုက်သည် ။

"ကင်မ်ထယ်‌ယောင်း ..!
နင်က တကယ်ဂြိုလ်ကောင်ပဲ ..အခု မင်ဝူးလေးပျောက်
နေတယ်တဲ့ ၊ နင်နဲ့ပေးစားမယ်စီစဉ်ထားပြီးမှ မင်ဝူး
ပျောက်သွားတာ နင်တကယ်ဂြိုလ်ကောင်ပဲ "

အခန်းထဲက ထွက်လာတာနဲ့ မိထွေးဖြစ်သူ၏ အပြစ်
တင်သံကြောင့် ထယ်ယောင်းလည်း စိတ်ညစ်မိသည် ။
ချွဲမင်ဝူး ပျောက်နေတယ်ဆိုလို့ ထယ်ယောင်းလည်း
ပျော်သလိုဖြစ်မိသည် ။ ဘာလို့ဆို ထယ်ယောင်း
ချွဲမင်ဝူး ကိုမယူချင်ပါ ။ အချစ်လည်းမပါသလို ၊
ယောင်္ကျားတစ်ယောက်ကိုယူရမှာမို့ မယူရပါစေ
နဲ့လို့ အကြိမ်ကြိမ်ဆုတောင်းခဲ့သော ဆုတောင်း
လေး ပြည့်ပြီထင်ပါသည် ။

"သူ့ဘာသာ ပျောက်သွားတာ ကျတော်နဲ့ဘာဆိုင်လို့
လဲ အန်တီလေးရယ် "

"ဆိုင်တာပေါ့ နင်က မယူချင်တိုင်း ဆုတောင်းနေလို့
အခုလို မင်ဝူးလေးက ပျောက်သွားတာပေါ့ ၊
မနေ့ကလည်း ပိုက်ဆံမပေးဘူး ဘယ်မှာလဲ ပိုက်ဆံ "

"ကျတော့်အလုပ်ကမှ လခမပေးသေးတာ ‌အန်တီလေး
ရယ် .. "

တကယ်တော့ သီချင်းဆိုသည့်အလုပ်က လခ ကြိုထုတ်
ပေးလိုက်ပါသည် ။ ထယ်ယောင်းအနေနဲ့ ကျောင်းမှာ
စာအုပ်ဝယ်စရာရှိသောကြောင့် လိမ်လိုက်ခြင်းသာ ။

"ပြောလိုက်ရင် ဆင်ခြေဆင်လက်တွေချည်း ..
ဟို အကောင်ကလည်း အရက်သောက်ဖို့ပဲသိတယ်
သွား ..နင့် မျက်နှာ ငါမမြင်ချင်ဘူး "

𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚Donde viven las historias. Descúbrelo ahora