[Unicode]
ဆေးရုံရောက်သည်အထိ မေ့မြောနေသည့်
Sweetie လေးကြောင့် Jeon ညီအကိုမှာ စိုးရိမ်စိတ်
ပြင်းထန်နေရသည် ။ အရေးပေါ်ခန်းအရှေ့မှာထိုင်မ
စောင့်နိုင်ဘဲ မတ်တပ်ရပ်ကာ ဂဏှာမငြိမ်ဖြစ်နေရသည်
မှာ devil အရှင်၂ပါးဆိုယုံနိုင်ဖွယ်ရာမရှိချေ ။ JG အကျီ
အဖြူလက်ရှည်တွင် သွေးတွေပေနေပြီး Jk အကျီရင်
ဘတ်တွင်လည်း သွေးတွေပေနေသည် ။ ထိုသွေးတွေက
သူတို့ အပိုင်လေး၏ ခေါင်းမှ သွေးများဖြစ်သည်မို့ အကျီ
တောင်မလဲဘဲ အရေးပေါ်ခန်းရှေ့တွင်စောင့်နေကြခြင်း
ဖြစ်သည် ။" jk ဘယ်လိုလဲ .. အခြေအနေ ..?! "
ပြေးလာပုံရသည့် ယွန်းဂီနှင့် ယွန်းဂီနောက်တွင်တော့
ဂျီမင်းက မျက်နှာမကောင်းဘဲပါလာသည် ။" အရေးပေါ်ခန်းထဲဝင်သွားတာဘဲ .. အခုထိ ဆရာဝန်
တွေထွက်မလာသေးဘူး ဆရာဝန်တွေတကယ်ဘဲ
ဘာလုပ်နေကြတာလဲ ငါ့ကလေးတစ်ခုခုဖြစ်ရင် ဆေးရုံ
မီးရှို့ပစ်မယ် "JK အစား JG က ဒေါသထွက်စွာဆိုလာလေသည် ။
JK ကတော့ နံရံကို လက်ထောက်ထားကာ မျက်လုံး
မှိတ်ထားသည် ။" ကျတော်တောင်းပန်ပါတယ် .. ကျတော်သာ သေချာ
ဂရုစိုက်ခဲ့ရင် အက်လိုဖြစ်စရာအကြောင်းမရှိဘူး "ဂျီမင်းက ဒူးထောက်ပြီး တောင်းပန်စကားဆိုတာကို
မြင်ရသည့် ယွန်းဂီမှာတော့ စိတ်မကောင်းပေမယ့်
သူ့ချစ်သူက devil တွေအပိုင်ကိုသေချာမှမစောင့်
ရှောက်နိုင်ခဲ့တာ ။ အသေမသတ်ပြစ်တာတောင်
ဂျီမင်းအတွက် တော်သေးတယ်လို့ပြောလို့ရသည် ။" မင်းအမှားမဟုတ်ပါဘူး .. ငါတို့အမှား
ငါတို့သာ sweetie ကိုသာ ကျောင်းမတက်ခိုင်းရင်
ငါတို့သာ sweetie ကို အိမ်ထဲမှာပဲချုပ်ထားခဲ့ရင်
အက်လိုတွေဖြစ်လာစရာမရှိဘူး ..!! ငါတို့အမှား
ဟုတ်တယ် ငါတို့အမှား ..! "ဟု jk ကဆိုပြီး နံရံကို လက်သီးဖြင့်ထိုးနေသလို
JG ကလည်း သူ့ကိုယ်ပိုင်ဓားဖြင့် လက်ကိုမွှန်းနေသည်။
ဂျီမင်းတို့လည်း တစ်ယောက်စီကို ဆွဲပေမယ့် အား
ချင်းမမျှသည်မို့ ဂျီမင်းနှင့် ယွန်းဂီသာ လဲကျရသည် ။
YOU ARE READING
𝘿𝙖𝙙𝙙𝙞𝙚𝙨 '𝙨 𝙎𝙬𝙚𝙚𝙩𝙞𝙚
Fanfictionဒီကမ္ဘာကြီးရဲ့ ဘယ်နေရာဖြစ်ဖြစ် မင်းလေးဘယ်လောက်ပြေးပြေး ကိုယ်တို့လက်ထဲက မင်းလေးမလွတ်နိုင်ပါဘူးကွာ ... //Completed// 𝑻𝒐𝒑- 𝑱𝒆𝒐𝒏 𝑻𝒘𝒊𝒏 𝑩𝒐𝒕𝒕𝒐𝒎- 𝑲𝒊𝒎 𝑻𝒂𝒆𝒉𝒚𝒖𝒏𝒈 Fully warning ⚠️