🌸4🌸

452 72 13
                                    

*ကိုကို*

*ဗျာ*

*ဒီနေ့ဘာနေ့လဲ*

*အင်းးးတနင်္ဂနွေနေ့လား*

*ဟာ ကိုကိုတစ်ကယ်မသိတာလား*

*တနင်္ဂနွေမဟုတ်ဘူးလား အာ့ဆိုဘာနေ့လဲ*

*ကိုကို တစ်ကယ် မေ့ပစ်လိုက်တာလား အဟင့်*

ဒီပုံစံနဲ့ဆိုဆက်နောက်နေလို့မဖြစ်တော့ပီမို့

*စတာပါ ကိုယ်တို့ရဲ့၅လမြောက် Anniversary လေးကို မသိဘဲနေပါမလားလို့*

*အွန်း အွန်းမေ့ပစ်လိုက်ရင်တွေ့မယ်*

ဘာလိုလိုနဲ့ကျွန်မတို့တွဲလာခဲ့တာ၅လတောင်ရှိခဲ့ပီလေ တစ်ရွာလုံးကလဲကျွန်မတို့အတွဲလေးကိုဝိုင်းချစ်ပေးကြတယ်

တွဲခဲ့တဲ့တစ်လျောက်လုံး ကိုကို က ကျွန်မကိုအရိပ်တကြည့်ကြည့်ဂရုစိုက်ပေးပြီးချစ်‌ေပးသလို ကျွန်မကလည်းကိုကို့ မျက်စိအောက်အပျောက်မခံနိုင်လောက်အောင်ချစ်ပါသည်

၅လအတွင်းအချင်းချင်းအူတိုလို့ ရန်ဖြစ်ရတာလဲခဏခဏ ပင် ဟိုးတစ်ခါဖြစ်တုန်းက
ကိုကို့ဆေးခန်းကိုလိုက်သွားတုန်းကဆို

*ကိုကို နော်လူနာကောင်မလေးကချောချောလေးမို့ ငယ်လာတာတောင်မသိဘူးဖြစ်သွားတာမို့လား*

*မဟုတ်ပါဘူးငယ်ရယ် လူနာအတွက်လိုအပ်တာတွေပြောနေရတာမို့ ငယ်လာတာမသိလိုက်တာပါ ငယ်ကသာ ကျောင်းက ဆရာလေးနဲ့ဝေးဝေးနေ*

*အဲ့ဆရာလေးက ဆိုဟီးရဲ့ချစ်သူလေ ပြီးတော့ ငယ်တို့ရိုးရိုးသားသားဘဲခင်တဲ့ဟာကို
ကိုကိုနော် ငယ်ဘက်ကိုလှည့်မလာနဲ့*

ဒီတိုင်းဆိုအခြေအနေကဒီတိုင်းဆိုနှစ်ဖက်လုံးတင်းမာနေတာကြောင့် ကြားထဲကမနေနိုင်တဲ့ အွန်းဘီကဘဲ

*ကဲပါ နှစ်ယောက်စလုံးကမချစ်ကြတာလဲ မဟုတ်ဘဲနဲ့ အူတိုလို့ရန်ဖြစ်နေကြတာ တခြားသူမြင်ရင်လဲမကောင်းဘူး တော်ကြတော့
အွန်းဘီကိုလဲသနားကြပါအုံး*

*ဟုတ်သားဘဲ ငယ် ဘာမဟုတ်တာလေးနဲ့ကိုယ်တို့ရန်မဖြစ်သင့်ဘူး ဒီကိစ္စကိုယ်မှားပါတယ် နောက်မဖြစ်စေရဘူးနော် ငယ်*

🌸Dr.Park🌸(Completed✅)Where stories live. Discover now