🌸Final🌸

715 71 24
                                    

ရွာကိုပြန်ရောက်ပီး တစ်ပတ်လောက်အကြာမှာတော့ ငယ်ဟာကျန်းမာရေးခြူခြာလာပြီးခဏခဏမောတတ်လို့ အိပ်ရာထဲမှာဘဲမှိန်းနေရတာများတယ် ဆေးရှိန်တွေလဲပါတာပေါ့

ငယ်ကိုတော့ အခုထိသူ့ရောဂါကိစ္စအမှန်ကိုမပြောရသေးပါ သူကြီးတို့အွန်းဘီနဲ့ဆိုဟီးတို့ကတော့ သိပြီးကြကုန်ပီ

*ငယ်ရေ ဆေးသောက်မယ်နော်*

*ကိုကို ဒါကြီးတွေမသောက်လို့မရဘူးလားဟင်*

*မသောက်လို့မဖြစ်ဘူးလေ ငယ်ရာဒါမှ မြန်မြန်ကျန်းမာ မှာပေါ့ နေကောင်းမှပျော်"ရွှင်"နေရမှာပေါ့*

*ဟုတ်သားဘဲ မမရဲ့ဒေါက်တာပြောတာမှန်တယ် မမနေကောင်းမှအွန်းဘီတို့လဲပျော်နိုင်မှာဟုတ်တယ်နော် ဆိုဟီး*

*ဒါပေါ့ မမနေပြန်ကောင်းအောင်တစ်ရွာလုံးကလဲဆုတောင်းပေးနေကြတယ်သိလား မကြာဘူးပျောက်တော့မှာ*

*ဟုတ်တယ် သမီးဆန္ဒရှိတာအကုန်ပြော ဦးလေးတို့အကုန်လုပ်ပေးမယ် အဓိက ကသမီးကျန်းမာဖို့ဘဲ*

*သမီးစားချင်တာအကုန်ပြော ဒေါ်ဒေါ်ကရှယ်ချက်ကျွေးမယ်*

*အဟင့် ယူဂျင်းကြောင့်အားလုံး အလုပ်ပိုကုန်ရပါပီ ယူဂျင်းကိုအားလုံးဝိုင်းပီးဂရုစိုက်ပေးကြလို့ကျေးဇူးတင်ပါတယ်*

*အာ မဟုတ်တာ ဆိုဟီးတို့မမကြောင့်အလုပ်မပိုရပါဘူး ဟုတ်တယ်နော်အာလုံး*

*ဟုတ်တယ် အဓိက ကယူဂျင်းလဲမြန်မြန်ကျန်းမာအောင်လုပ်နော် ကျန်တာဒေါ်ဒေါ်တို့တာဝန်ထား*

*ဆေးသောက်လိုက်နော်ငယ် *

*ဟုတ်*

*အိုက်ဂူးး ငယ်ကလိမ္မာလိုက်တာ ကဲခဏလောက်အိပ်လိုက်အုန်းနော် ဒါမှအားရှိမှာ*

လို့ဂျီမင်းပြောတော့ယူဂျင်းကခေါင်းငြိမ့်တယ်

*မမ လိုတာရှိရင်ပြောနော် အွန်းဘီအောက်ထပ်မှာရှိနေမယ်*

အိမ်သားတွေအကုန်လုံးအောက်ထပ်ကိုဆင်းသွားကြပီး ဂျီမင်းဆီကသတင်းတစ်ခုကြားရန်စောင့်နေကြတယ်

*ကိုယ်လည်းအောက်ခဏဆင်းမယ်နော် ပြီးရင်ပြန်လာခဲ့မယ်*

ငယ့်ကိုရင်ဘက်ထိစောင်လေးဆွဲခြုံပေးလိုက်ခါ နဖူးလေးကိုတစ်ချက်နမ်းပီးအောက်ထပ်ကိုဆင်းလာခဲ့တယ်

🌸Dr.Park🌸(Completed✅)Where stories live. Discover now