🌸5🌸

402 68 2
                                    

*ဒေါက် ဒေါက် ဒေါက်*

*ငယ်ရေ နိုးပီလား ကိုယ်မနက်စာပြင်ထားတယ်ကလေး*

တံခါးခေါက်ပြီးနိုးနေပေမဲ့ အခန်းထဲကဘာမှတုံ့ပြန်သံမကြားရတဲ့အဆုံး

*ငယ် ကိုယ်ဝင်လာခဲ့မယ်နော်*

*အိုက်ဂူးးး ငါတို့ကလေးလေးကအိပ်ပုတ်ကြီးနေတာဘဲ

ငယ်ရေ ထတော့ ဆေးရုံသွားရအုန်းမယ်လေ*

*ဟင် အင်းးးး*

*ထပါဆိုကွာ ဘယ်မှလျောက်မသွားခိုင်းဘဲ ရွာဘဲပြန်လိုက်မှာနော်*

*ထပြီ ကိုကိုရာ ဝါးးး🥱*

*ငယ် ရေချိုးပြီးဆင်းလာခဲ့ မနက်စာအဆင်သင့်ဘဲ မြန်မြန်လေးလုပ်နော် ညနေကျရင်ပြန်ရတော့မှာ တော်ကြာအချိန်မရဘဲမလည်လိုက်ရနေမယ်*

*ဟုတ် ဟုတ်*

*ကိုယ်သွားနှင့်ပီ*

ကိုကို အခန်းပြင်ကထွက်သွားတာနဲ့ သူမပြုံးလိုက်မိတယ် ကိုကိုဟာသူမအပေါ်မှာလိုလေသေးမရှိအောင် ဂရုစိုက်ပေးပြီးချစ်ပေးတယ် သူမအချစ်တွေကတော့ကိုကိုနဲ့ယှဉ်လိုက်ရင်ဘာမှမပြောပလောက်ဘူး

အချိန်ကြာနေရင် လျောက်မလည်ရမှာဆိုးလို့ရေမြန်မြန်ချိုးလိုက်ခါ ပေါ့ပေါ့ပါးပါး hoodieတစ်ထည်ရယ် စကပ်တိုတစ်ထည်ရယ်ကိုဝတ်လိုက်တယ် နောက်ပီးဆံပင်မြင့်မြင့်လေးစီးကာ အောက်ထပ်က ကိုကို့ဆီသို့

*ကိုကို*

*ငယ် ဘာလို့စကပ်တိုတိုလေးဝတ်လာရတာလဲ*

*ဟင် ကိုကိုကလဲတစ်ခါလေးဘဲဝတ်ချင်လို့ပါနော် နော်*

*ဟင်းးးအချိန်လဲမရှိတော့ဘူးဆိုတော့ မလဲခိုင်းတော့ပါဘူး ကဲကဲမနက်စာလာစား*

*ဟုတ် wowကိုကိုက ဒါမျိုးတွေလဲလုပ်တတ်တာဘဲလား ကြည့်စမ်း ငါ့ကိုကိုကတော်လိုက်တာ*

ပန်းကန်ပြားပေါ်မှာ ပေါင်မုန့်ကင်တစ်ချပ်ရယ်အပေါ်မှာ ဝက်ပေါင်ခြောက်နှစ်ပြားရယ်
ကြက်ဥကြော်ရယ်ကို မရောနစ် လဲစမ်းထားပီး ပေါင်မုန့်ကင် ကိုထပ်အုပ်ထားတယ်

ကော်ဖီကလဲ အသင့်ဖျော်မဟုတ်ဘဲ နှပ်ဖျော်ပင် ယောင်္ကျားလေးတစ်ယောက်ကဒီလောက်လုပ်တတ်ရင်ကို ချီးကျူးသင့်နေပီမို့လား

🌸Dr.Park🌸(Completed✅)Where stories live. Discover now