🌸Dr.Park's Diary🌸

442 62 15
                                    

ဒါလေးကနောက်ထပ်အပိုင်းသစ်မဟုတ်ပါဘူးနော် storyတစ်လျောက်လုံးမှာ ဂျီမင်းရဲ့povတွေသိပ်မပါခဲ့တာအားလုံးအသိပါ

နောက်အပိုင်းမှာယူဂျင်းဖတ်ခဲ့တဲ့ ဒိုင်ယာရီထဲမှာဘာတွေရေးထားခဲ့လဲဆိုတာဖတ်ရှု့ပေးပါအုံး...🌸
____________________________________
Doctor.Park's Diary;

ဒီDiaryလေးက ကိုယ်မင်းအတွက်ရည်ရွယ်ပြီးရေးထားခဲ့တာပါ ငယ်......

Day-1.....
ပထမဆုံးရက်ရွာကိုတာဝန်ကျတဲ့နေ့မှာ ယူဂျင်းဆိုတဲ့ဆရာမလေးကို မြင်မြင်ချင်းသဘောကျမိတယ် သူကငါ့typeဘဲ

ညဘက်ရောက်တော့အိပ်မပျော်လို့ခြံထဲလမ်းလျောက်နေတုန်း အနွေးထည်အပါးလေးနဲ့သူမကိုတွေ့တယ် စကားပြောချင်လို့ချယ်ရီပင်အောက်ခေါ်တော့အသာတကြည့်လိုက်လာတယ် စကားတွေအများကြီးပြောဖြစ်ကျပြီးအေးလို့ထင်တယ် နှာခေါင်းသွေးတွေယိုလာလို့လက်ကိုင်ပဝါလေးနဲ့တောင်သုတ်ပေးခဲ့သေးတယ် မင်းနဲ့နီးနီးကပ်ကပ်နေရရင် ကိုယ့်ရင်ခုန်သံတွေထိန်းလို့မရဘူး ဆရာမလေးရယ်.....

🌸။           🌸။          🌸။       🌸။          🌸။
Day-2.....

မနက်ပိုင်းမှာသူကြီးတို့နဲ့ထမင်းဝိုင်းမှာ စကားပြောနေတုန်း ယူဂျင်းလေးဆင်းလာတယ် ခုံမှာဝင်မထိုင်သေးပံုထောက်ရင်
ရှက်နေတာများလား ထမင်းစားပီးလို့ရွာထဲသွားဖို့ကို ဆရာမလေးကလမ်းပြပေးတယ်

တစ်အိမ်ဝင်တစ်အိပ်ထွက်နဲ့ အဖွားတစ်ယောက်အိမ်ရောက်တော့ အဖွားမေးစကားကြောင့်ရှက်ပီးပြေး သွားတာများချစ်စရာလေးမင်းက ရှက်နေတာလေးတောင်သိပ်ချစ်ဖို့ကောင်းတာဘဲ

မင်းရဲ့ပြစရာရှိတဲ့ဆိုတဲ့ခြံကြီးကို နှစ်‌ယောက်အတူလက်တွဲပြီးသွားတော့ လမ်းကလူတွေအော်ပြောနေကြတာများ ကိုယ်တို့တွေကလိုက်တယ်တဲ့

ချယ်ရီခြံကြီးကိုသဘောတကျကြည့်နဲ့တဲ့ မင်းလေးကပြောတယ် *ယူဂျင်းကချယ်ရီပင်တွေကိုသဘောကျတယ်လေ အာ့ကြောင့်ဒီကိုမကြာမကြာလာဖြစ်တယ် လှတယ်မို့လား*
တဲ့ *လှတာပေါ့အရမ်းဘဲ* လို့ကိုယ်ပြန်ဖြေခဲ့တယ် ဒါပေမဲ့ချယ်ရီပင်တွေကိုပြောခဲ့တာမဟုတ်ဘူး မင်းကိုကြည့်ပြီးပြောခဲ့တာ ဆရာမလေးရဲ့...*

🌸Dr.Park🌸(Completed✅)Where stories live. Discover now