Part 1 ( UNI )

1.6K 103 0
                                    

ကျောင်းဆင်းချိန်ရောက်နေပြီဖြစ်သော်လည်း မနက်ခင်းကတည်းက အရှိန်အဟုန် နှင့် ရွာနေသော မိုးမှာ ရပ်တန့်မသွားသေးချေ။  သို့သော် တဖြည်းဖြည်းချင်း အရှိန် လျော့စပြုလာသည်။

မှောင်မဲနေခဲ့သော မိုးကောင်းကင်သည်လည်း ကြည်လင်စပြုလာသည်။

ထို့အတူ အုံ့မှိုင်းနေခဲ့သော မိုးတိမ်တိုက်တို့မှာလည်း ရှင်းလင်းသွားပြီဖြစ်သည်။

မိုးစက်တို့သည် 'တအုန်းအုန်း' နဲ့အလုအယက် ကျဆင်းနေရာမှ 'တဖြောက်ဖြောက်'နှင့်သာ ဖြည်းဖြည်းမှန်မှန် ကျဆင်းလေတော့သည်။

သို့သော်... မိုးမတိတ်သေးချေ။

ကျောင်းဆင်းသောအခါ ကျောင်းသား၊ကျောင်းသူတိုင်း ကိုယ့်ထီးကိုယ်ဆောင်းကာအိမ်ပြန်ကြသည်။ တချို့က အိမ်ကလာကြိုတဲ့ကားနဲ့ပြန်ကြသည်။ တချို့ကမူ ကျောင်းကား နှင့်ဖြစ်စေ၊  ခြေလျင်လမ်းလျှောက်၍ဖြစ်စေ ပြန်ကြသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းဝန်းထဲက မထွက်ခင်အထိ ထီးဆောင်းထားရစမြဲ​ ဖြစ်သည်။

ချန်းယောလ်တစ်ယောက် ထီးကိုဖွင့်ကာဆောင်းလိုက်ရင်း ကျောင်းဝန်းထဲဆင်းလာသည်။ အထက်တန်းကျောင်သားဖြစ်သော်လည်း  ခြောက်ပေကျော်ရှည်လျားနေတဲ့အရပ်ကြီးကြောင့် ကျန်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို အထက်စီးကကြည့်ရသကဲ့သို့ ဖြစ်နေသည်။ ကျောင်းဝန်းထဲမှာ ထီးတွေနဲ့ပြည့်နေတဲ့မြင်ကွင်းကအတော်လှသည်ဟု ချန်းယောလ် မှတ်ချက်ပြုလိုက်မိသည်။ အနီ၊ အစိမ်း၊ အဝါ ၊ အနက်၊ အပြာ စသဖြင့် ကျောင်းဝန်းတစ်ခုလုံး ထီးရောင်စုံတွေနှင့်ပြည့်ကာနေသည်။

ထိုစဥ် ထီးအကြည်လေးတစ်လက်ဟာ ထင်းခနဲ ချန်းယောလ်၏ မျက်စိရှေ့မှောက်ရောက်လာသည်။ မိုးစက်၊ မိုးပေါက်တွေကြောင့်အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေသော်လည်း ထီးကြည်ကြည်ကနေ ထီးပိုင်ရှင်လေးရဲ့ အဖြူရောင်ဆံပင်ခပ်အုပ်အုပ်တွေကို ဖောက်ထွင်းကာမြင်နေရသည်။ ပေါ်လာလိုက်၊ လူအုပ်ကြားမှာ ပြန်ပျောက်သွားလိုက်ဖြစ်နေသော ထီးအကြည်လေးအနောက်ကို ချန်းယောလ် တစိုက်မတ်မတ်လိုက်နေမိသည်။ ဘယ်ကြောင့်မှန်းမသိ ချန်းယောလ်တစ်ယောက် ထီးအကြည် ဆောင်းထားသော ခေါင်းဖြူလုံးလေး၏ စွဲညှို့ခြင်းကို ခံလိုက်ရပါသည်။

PETRICHOR (Eden Contest) (Completed) Where stories live. Discover now