Part 2 ( Uni )

658 80 0
                                    

အတန်းရှေ့မှာ စာသင်နေတဲ့ သင်္ချာဆရာမကို ချန်းယောလ်တစ်ယောက် စိတ်မဝင်စားနိုင်အောင်ရှိနေသည်။ သင်္ချာချိန်က ချန်းယောလ်တို့အတန်းရဲ့ နောက်ဆုံးစာသင်ချိန် ဖြစ်သည်။  သင်္ချာဆရာမကအမြဲ အချိန်ခိုးတာကြောင့် ချန်းယောလ် ဖြူလုံးလေးကို သွားကြည့်မည့်အစီအစဥ်သည်လည်း အမြဲမအောင်မြင်ခဲ့ချေ။ ဒီနေ့လည်း ကျောင်းဆင်းခါနီးပြီဖြစ်သောကြောင့် ပတ်ချန်းယောလ်တစ်ယောက် ဖင်တကြွကြွနှင့်ဖြစ်နေလေသည်။

ချန်းယောလ် ဘတ်ခ်ဟျွန်းကို တစ်ခါလောက်ပဲထပ်တွေ့ချင်တာပါ။ တစ်ခေါက်လောက်ပဲ ဒီတိုင်း ဘတ်ခ်ဟျွန်းကို သွားကြည့်ရုံလေးတင်ပါ။   အဲ့နေ့က ဖြူလုံး ချော်လဲသွားတာ ချန်းယောလ်ကြောင့်မို့ တောင်းပန်ချင်ရုံ သပ်သပ်ပဲ။

*** Bell Rings ***

" ကဲ...ဒီနေ့စာစောစောပြီးလို့ ဒီနေ့ကွက်တိ ဆင်းပေးလိုက်မယ် "

ဆရာမက အတန်းဆင်းပေးမယ် ဆိုသည်နှင့် ချန်းယောလ်မျက်နှာကြီး ချက်ချင်းဆိုသလို ဝင်းပသွားသည်။ ခုနက လင်းတမှိုင်မှိုင်နေတာ ပတ်ချန်းယောလ်မဟုတ်သည့်အတိုင်းပင်ဖြစ်သည်။

ချန်းယောလ် တစ်ယောက် စာပွဲခုံပေါ်ကရှိသမျှ ပစ္စည်းတွေအကုန် အိတ်ထဲဆွဲထည့်ကာ လေလိုအလျင်နဲ့ အခန်းထဲကနေထွက်ဖို့ပြင်လိုက်သည်။
သို့သော် ချန်းယောလ်ထက်လျင်နေသူက ဂျုံအင်။

" ချန်ယောလ် ဘယ်သွားမလို့လဲ "

ဂျုံအင်က ချန်ယောလ်၏ ကျောပိုးအိတ်ကို ဆွဲထားကာ မေးလိုက်သည်။

အားလပ်ချိန်များတွင် ချန်းယောလ် ဖြူလုံးလေးကိုသွားရှာလို့မရတာ ကင်ဂျုံအင်ကြောင့်လည်းပါလေသည်။ သကောင့်သားက ချန်းယောလ်အခန်းထဲကထွက်မည်ဆိုလျှင်ပင် ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ မေးကာ ချန်းယောလ်နောက်က အမြဲလိုက်လာတတ်သည်။

"မင်းအခုတလော ဘာဖြစ်ချင်နေတာလဲ ကင်ဂျုံအင် "

" ငါက...  ဘာဖြစ်လို့လဲ "

ချန်းယောလ် ဂျုံအင်ရဲ့ မထုံတတ်တေး ရုပ်ကိုဖြတ်ရိုက်ချင်နေသည်။

PETRICHOR (Eden Contest) (Completed) Where stories live. Discover now