ချန်းယောလ်နိုးလာတော့ ဘတ်ဟျွန်းကဘေးနား အခန်းထောင့်မှာ ထိုင်နေသည်။
" ဘတ်ဟျွန်း ဒီနေ့ အတန်း တက်မှာလား "
" အင်း. . .အိမ်တော့ခဏပြန်မှာ. . . ချန်းယောလ်ရော "
" ငါက မတက်တော့ဘူး အဆောင်ပြန်ပြီး အိပ်တော့မယ် "
" ညက အိပ်မပျော် လို့လား "
" အင်း..နည်းနည်း "
တကယ်တော့ ဒီတိုင်း ချန်းယောလ် ဘတ်ခ်ဟျွန်းကိုကြည့်နေရရင်း အိပ်မပျော်ခဲ့တာ ဖြစ်သည်။
ခဏအကြာတွင် ခြံစောင့်ဦးလေးကြီးက စာကြည့်တိုက်တံခါးလာဖွင့်ပေးသည်။
စာကြည့်တိုက်ထဲကထွက်ပြီးနောက်မှာ ချန်းယောလ် ဘာမှမတွေးဘဲ ဘတ်ခ်ဟျွန်းနောက်ကိုပဲ တစိုက်မတ်မတ်လိုက်နေမိပြန်တယ်။
" ချန်းယောလ်လီ "
" ဗျာ့ "
" အတန်းထဲမှာ ဖုန်းသွားယူရမှာ မေ့မယ် "
" အာ ဟုတ်သား "
ရှက်လိုက်တာ... ဘာလို့များ ချန်းယောလ် ဘတ်ခ်ဟျွန်းအနောက်ကို ဆက်လိုက်နေမိတာလဲ ။
ချန်းယောလ် ဖုန်းယူဖို့ ဒုတိယထပ်မှာနေခဲ့ရမှာဖြစ်ပေမဲ့ ဘတ်ခ်ဟျွန်းနောက် အလိုက်လွန်ပြီး လှေကားတစ်ဝက်ထိဆင်းချလာမိသည်။
" ငါပြန်ပြီနော် နောက်နေ့မှတွေ့မယ် "
ဘတ်ခ်ဟျွန်း ချန်းယောလ်ရဲ့မြင်ကွင်းထဲက ပျောက်သွားမှပဲ ချန်းယောလ်ရဲ့ ခြေလှမ်းတွေဟာ အတန်းဆီပြန်လှည့်မိတော့သည်။ အတန်းထဲရောက်တော့ ခါတိုင်းလို ဂျုံအင်က ဂိမ်းဆော့မနေဘဲ ခုံပေါ်မှာမှောက်အိပ်နေသည်။
" သားကြီးနေမကောင်းဘူးလား "
" အေး "
ချန်းယောလ် ဂျုံအင့်ကို စမ်းကြည့်တဲ့အခါ ကိုယ်ပူနေတာကို ခံစားမိသည်။
" ဖျားနေတာပဲ...ဘာလို့ကျောင်းလာနေသေးလဲ"
" မင်းဖုန်းပြန်ပေးဖို့လေ... ရော့ "
" ငါ့ဖုန်းက... မင်းဆီမှာ "
" အေးလေ... အဖေ့သားလေးရယ် မင်းပဲ ခုံအောက်မှာ ကျန်တော့ ငါသွားတော့ ငါ သိမ်းထားပေးတာ "
YOU ARE READING
PETRICHOR (Eden Contest) (Completed)
FanfictionThe unique, earthy smell associated with rain