Part 4 ( UNI )

472 78 0
                                    

အချိန်တွေ တရွေ့ရွေ့ကုန်လာပေမဲ့  ချန်းယောလ်နဲ့ ဘတ်ခ်ဟျွန်းဆက်ဆံရေးဟာ တိုးတက်မလာသလို ၊ ဆုတ်ယုတ်လည်း မသွား။

ချန်းယောလ်ဟာလည်း ဘတ်ခ်ဟျွန်းကို မျက်စိအောက်က အပျောက်မခံသလို၊ ဘတ်ခ်ဟျွန်းဟာလည်း ချန်းယောလ်နားမှာပဲ အမြဲလိုလိုရှိနေခဲ့တယ်။

ဒါဟာ ချန်းယောလ်ဘက်က ချုပ်နှောင်ထားမိတာလား၊ ဘတ်ခ်ဟျွန်းဘက်က ချည်နှောင်ထားမိတာလား ဆိုတာကိုတော့  ချန်းယောလ်ရော၊ ဘတ်ခ်ဟျွန်းပါ အဖြေမရှာမိခဲ့ကြဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာ ဘတ်ခ်ဟျွန်းဘက်က ပြောင်းလဲသွားတာမျိုးမရှိပေမဲ့ ချန်းယောလ်ကတော့ သိသိသာသာစကားနည်းလာတယ်။

နေ့လယ်ထမင်းစားချိန်တွေမှာ ဘတ်ခ်ဟျွန်းစားမယ့် ပန်းကန်ထဲကို ဘတ်ခ်ဟျွန်းကြိုက်တတ်တာတွေ ထည့်ပေးတာကလွဲရင် အရင်လို စကားတွေအများကြီး မပြောဖြစ်တော့ဘူး...။

ကျောင်းအတူတူပြန်တဲ့လမ်းပေါ်မှာ ဘတ်ခ်ဟျွန်းပြောသမျှ နားထောင်ပေးတာကလွဲရင် ချန်းယောလ် အရင်လို စကားတွေအများကြီး မပြောဖြစ်တော့ဘူး...။

ဘတ်ခ်ဟျွန်း ခေါ်သမျှ လိုက်ဖြစ်တာကလွဲရင်၊ ဘတ်ခ်ဟျွန်း ​ပြောသမျှ နားထောင်ဖြစ်တာကလွဲရင်၊ ဘတ်ခ်ဟျွန်း အလိုကျနေပေးဖြစ်တာကလွဲရင် ချန်းယောလ် အရင်လို စကားတွေအများကြီး မပြောဖြစ်တော့ဘူး...။

စကားတွေအများကြီး မပြောဖြစ်တော့တာဟာ ရင်ထဲမှာ မရှိတော့တာကြောင့်မဟုတ်ဘဲ ရင်ထဲက အချစ်တွေကို ရိပ်မိသွားတာ စိုးတာကြောင့်ပဲ ဖြစ်ကြောင်းကိုတော့ ဘတ်ခ်ဟျွန်းက ရိပ်မိမယ် မထင်...။

မင်းပိတ်ထားတဲ့ရပ်ဝန်းငယ်မှာပဲ ကိုယ်ပျော်နေတယ် ဘတ်ခ်ဟျွန်းနီး ...။ ရှေ့တိုးဖို့လည်း မကြိုးစားခဲ့သလို ၊ နောက်လှည့်ဖို့လည်း မတွေးမိဘူး။ မင်းရှိတဲ့ ဒီရပ်ဝန်းငယ်က သိပ်ကို နွေးထွေးပြီး ရင်ခုန်စရာ ကောင်းတာမို့... ။

.
.
.

ချန်းယောလ် မနက် ကျောင်းလာတော့ဘတ်ခ်ဟျွန်းကိုစောင့်နေပေမဲ့ ကျောင်းတက်ခါနီးအထိ ဘတ်ခ်ဟျွန်းရောက်မလာခဲ့ဘူး။  နေမကောင်းလို့ထင်တယ်။ ဒါမှမဟုတ် ချန်းယောလ်ကျောင်းလာတာပဲ နည်းနည်း နောက်ကျသွားလို့များလား။ ဒါပေမဲ့ဘတ်ခ်ဟျွန်းနီးက စောရောက်လည်း စောင့်နေကြပါ။

PETRICHOR (Eden Contest) (Completed) Where stories live. Discover now