Part 5 ( UNI )

483 71 3
                                    

ဘတ်ခ်ဟျွန်း စတွေ့တဲ့နေ့ကတည်းက ချန်းယောလ်လီကို ချစ်ခဲ့တာ...

ချန်းယောလ်လီ မိုးရွာထဲမှာ ထီးကောက်ပေးခဲ့တဲ့ အချိန်ကတည်းကလား...

ဘတ်ခ်ဟျွန်းကိုဆွဲထူတဲ့အချိန်ကတည်းကလား...

ဘတ်ခ်ဟျွန်းကို အိမ်ပြန်ရောက်တဲ့အထိ အနောက်ကလိုက်ပြီး စောင့်ကြည့်ပေးတာကို သတိထားမိတုန်းကလား....

ဒါမှမဟုတ်...

ချန်းယောလ်လီနဲ့ မိုးရေကြားမှာ ရုပ်ကိုတောင်သေချာမမြင်ရဘဲ ဝိုးတိုးဝါးတား အကြည့်ချင်ဆုံခဲ့ ကတည်းကလား....

သေချာတာ တစ်ခုက ဘတ်ခ်ဟျွန်း ချန်းယောလ်ကို ချစ်တာ ပထမဆုံးစတွေ့တဲ့ နေ့ကတည်းက...

.
.
.

ဘတ်ခ်ဟျွန်း မိုးရေထဲမှာတွေ့ခဲ့တဲ့ ချန်းယောလ်ကို ကျောင်းမှာ အမြဲလိုလို လိုက်ရှာနေမိတယ်။
ဘတ်ခ်ဟျွန်းနဲ့ ကျောင်းတူတယ်လို့သိလိုက်ရပြီးကတည်းက ချန်းယောလ်အခန်းကို အမြဲလိုလိုချောင်းကြည့်နေတတ်ပေမဲ့ ချန်းယောလ်ကမသိခဲ့ဘူး။

ဘတ်ခ်ဟျွန်းမျှော်လင့်ထာသလိုလည်း ချန်းယောလ်က ဘတ်ခ်ဟျွန်းကိုလာရှာတာမျိုးမလုပ်ခဲ့ဘူး။

ရိုးရိုးတန်းတန်း တွေ့ဆုံမှုတစ်ခု နဲ့ သာမန်ဂရုစိုက်မှုကို ဘတ်ခ်ဟျွန်းကပဲ တစ်ဖက်သတ်အထင်မှားနေခဲ့တာလား။

.
.
.

ချန်းယောလ် ဘတ်ခ်ဟျွန်းနောက်ကိုပြေးလိုက်လာတဲ့နေ့တုန်းက ဘတ်ခ်ဟျွန်း သိသိသာသာ ရင်တွေခုန်နေခဲ့တယ်။

စာကြည့်တိုက်မှာ ဘတ်ခ်ဟျွန်းကို ဖုန်းကူရှာပေးမယ် ဆိုတဲ့အချိန်မှာ ဘတ်ခ်ဟျွန်း ရင်ထဲမှာ လိပ်ပြာတွေပျံနေသလိုပဲ...။

တကယ်တော့ ဘတ်ခ်ဟျွန်း ဖုန်းကျန်ခဲ့တဲ့နေရာကို မှတ်မိပေမဲ့ တမင်မရှာခဲ့တာဖြစ်သည်။ ချန်းယောလ်နဲ့ အကြာကြီး အတူတူရှိချင်သေးတာမို့။

စာကြည့်တိုက်ထဲမှာ အပိတ်ခံလိုက်ရတယ်ဆိုတာကို သိသိချင်းတုန်းကလည်း ကြောက်တဲ့စိတ်ထက် ချန်းယောလ်နဲ့ အတူရှိရမှာမို့ပျော်နေတဲ့ စိတ်ကသာ များနေခဲ့သည်။

PETRICHOR (Eden Contest) (Completed) Where stories live. Discover now