Final ( UNI )

761 89 10
                                    

" ချစ်တယ် ချန်းယောလ်...သူငယ်ချင်းလို ချစ်တာမဟုတ်ဘဲ ငါ့ကောင်လေးလို ချစ်တာ"

တဒိတ်ဒိတ်ခုန်လာတဲ့နှလုံးသားက ချန်းယောလ်ကို အနောက်လှည့်ကြည့်ဖို့ခိုင်းစေနေတယ်။ မိုးရေထဲမှာတောင် လှည့်ကြည့်စရာမလိုဘဲအတည်ပြုလို့တဲ့အထိ ဘတ်ခ်ဟျွန်းရဲ့ အငွေ့အသက်တွေနဲ့ရင်းနှီးနေခဲ့တာပဲ...။

ချန်းယောလ် ခါးပေါ်ကလက်သွယ်တွေကိုဖယ်မယ်လုပ်တော့ ပိုပြီးတင်းကျပ်ကျပ်ဖက်တွယ်လာတယ်။

" ချန်းယောလ်လီ ခဏလေး.... ငါတောင်းပန်ပါတယ်... တစ်ပတ်လုံး အဆက်အသွယ်မလုပ်ပဲနေမိလို့ တောင်းပန်ပါတယ် ငါ ဒီတိုင်း သေချာ ချင်လို့ပါ   "

ဘတ်ခ်ဟျွန်းနီးရဲ့စကားတွေအောက်မှာ ချန်းယောလ် တစ်ပတ်လုံးခံစားထားရတာတွေက စုပ်ယူခံလိုက်ရသလို ပျောက်ရှသွားသည်။

" ပြီးတော့... ငါမင်းကိုချစ်တယ်ချန်းယောလ်လီ...   ငါစတွေ့တဲ့ နေ့ကတည်းက မင်းကိုသဘောကျခဲ့တာ...မင်းအဆင်သင့်ဖြစ်တဲ့အချိန်အထိ... ငါစောင့်မှာပါ"

ပြောချင်ရာတွေပြောလို့ကုန်မှ ဘတ်ခ်ဟျွန်း လက်တွေကိုဖယ်ပေးလိုက်သည်။

ဘတ်ခ်ဟျွန်းရဲ့လက်တွေဖယ်လိုက်တာနဲ့ ချန်းယောလ် အနောက်ကိုလှည့်ပြီး ဖြူလုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

" ချစ်တယ် ဘတ်ခ်ဟျွန်းနီး... "

တကယ်တော့ ချန်း​ယောလ် ဘတ်ဟျွန်းနီးကို အများကြီး ရှင်းပြချင်နေတာတွေ၊ ပြောပြချင်နေတာတွေရှိတယ်။ ဒါပေမဲ့ ဘာမှထွက်မလာခဲ့ဘူး။

ချန်းယောလ်ထွက်လာမိတဲ့ တစ်ခွန်းတည်းသော စကားက 'ချစ်တယ် ဘတ်ခ်ဟျွန်းနီး' ဟူ၍သာ။

နှလုံးသားတစ်ခုလုံးကိုရင်းပြီး ပြောခဲ့တဲ့စကားမို့ ဒီတစ်ခွန်းကိုတော့ ယုံပေးပါ ။

.

.

" ငါက ချန်းယောလ်လီကို စတွေ့တဲ့နေ့ကတည်းက သဘောကျခဲ့တာ "

" ချန်းယောလ်လီ အတန်းရှေ့ကို ခဏခဏလာချောင်းဖူးတယ် "

" ချန်းယောလ်လီ မှတ်မိလား။ စာကြည့်တိုက်တဲ့မှာ ဖုန်းပျောက်တဲ့နေ့က ငါ့ဖုန်းက တကယ်အားမကုန်ခဲ့ဘူး ငါတမင်ပိတ်လိုက်တာ "

PETRICHOR (Eden Contest) (Completed) Where stories live. Discover now