"ခင်ဗျား သတိရလာပီလား"
ထယ်ယောင်းဟာ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ လူကို ဆွဲထူပေးပီး မေးလိုက်သည်။
"ကျွန်တော်ဘယ်ရောက်နေတာလဲ? "
"ခင်ဗျား သတိလစ်နေတာ ဒိီနေ့နဲ့ဆို ၃ရက်ရှိပီ။ ကျွန်တော်အိမ်ပါ ဒါက"
သူဘယ်လိုကဘယ်လိုဒီရောက်လာသလဲလဲ မသိသလို သူ့ကိုယ်သူ ဘယ်သူမှန်းလဲမသိ။
"ခင်ဗျားက ဘယ်သူလဲ"
ဟင်!ဒီလူကဘာလဲ လာချောင်းတုန်းကချောင်းပီး အခုကျ မသိချင်ယောင်ဆောင်နေလိုက်တာ။
"လူလေ....ခင်ဗျား အတိတ်မေ့နေပီတော့ မပြောနဲ့နော် ကျွန်တော်တင်ကျွေးမထားနိုင်ဘူး"
"ကျွန်တော်တကယ် စဉ်းစားမရဘူး ကိုယ့်ကိုကိုယ်လဲ တကယ်မစဉ်းစားနိုင်ဘူးဖြစ်နေတယ်။ကျွန်တော် ဘာဖြစ်သွားတာလဲ?"
ထယ်ယောင်းလဲ ထိုလူကို တွေ့ခဲ့ဖူးတဲ့ အကြောင်းကို အစကနေအဆုံးထိရှင်းပြပီးသော်လည်း ထိုလူကဘာကိုမှ သတိမရသည့်အလားဖြစ်လို့နေသည်။
"ဒါဆို ကျွန်တော့်နာမည်က ဂျောင်ကုလား"
"ဟုတ်တယ် ခင်ဗျားနဲ့ပါလာတဲ့ ကောင်လေးခေါ်တာတော့အဲလိုပဲ"
ဂျောင်ကုဟာ ထယ်ယောင်းပြောပြတဲ့ အကြောင်းအရာတွေကို အလျင်အမြန်စဉ်းစားနေသော်လည်း လုံးဝသတိရမလာသည့်အပြင် ခေါင်းပါကိုက်လာရသည်။ထယ်ယောင်းပြောတဲ့ ကောင်လေးကိုလဲ မမှတ်မိသလို သူ့နာမည်တောင် စဉ်းစားလို့မရချေ။
"အ!.."
"စဉ်းစားလို့မရရင် မစဉ်းစားပါနဲ့တော့ ခင်ဗျားခေါင်းပိုကိုက်နေပါ့မယ်...ကြည့်ရတာ ကျွန်တော့်ထက်တော့ငယ်မယ်ထင်တယ် ...ခင်ဗျားသတိရတဲ့ထိ ဒီအိမ်မှာနေလို့ရပါတယ်"
လူ့အသက်တစ်ချောင်းက ကယ်ကောင်းပါတယ်လေ။သူသတိရတဲ့ထိ ကျွေးထားလို့လဲရနေတာပဲဟာ။
"ဟုတ် အကို.."
"ကင်ထယ်ယောင်းပါ"
"ဟုတ် အကိုထယ်ယောင်း"
_____________
"အကို...ကျွန်တော်ဗိုက်ဆာလို့ "
ဂျောင်ကုဟာ ကိုယ်ခန္ဓာနဲ့မှ မလိုက်ဖက်စွာ ထယ်ယောင်းကို ထမင်းတောင်းနေလိုက်တာ..
YOU ARE READING
PAST LIVES,PAST LOVES
Fanfictionလေရူးလေးက တသုန်သုန်... ကောင်းကင်ကြီးတောင် မဲလာပီ တိမ်တွေတောင် ငိုတော့မယ် ခင်ဗျားကို လွမ်းရလွန်းလို့ မိုးတွေတောင် ပြိုတော့မယ်... (ဒုတိယကမ္ဘာစစ်အတွင်း 1939-1945 ကာလ ကိုအခြေခံထားသော ဇာတ်လမ်းလေး)