"ကျနော် တောင်းပန်ပါတယ် အကို "
"ရပါတယ် ဂျောင်ကုရယ် မသိလို့ပဲဟာ နောက် အကိုမလာခင် ချက်မထားနဲ့နော် ကြားလား"
ဗလကြီးနဲ့မှ မလိုက် မျက်နှာငယ်ဖြစ်နေသော ဂျောင်ကုသည် စောနက ရေဘဲကင်စားနေသော ရုပ်နဲ့ မတူတော့ချေ။
"အကိုပင်ပန်းမှာစိုးလို့ပါ"
ဖြူစင်သော မေတ္တာတရားတို့သည် ထိုမှစ၍ ဆွဲကပ်ခဲ့ဟန်တူသည်။
____________
အိပ်ယာဝင်ချိန်ရောက်တော့ ထယ်ယောင်းလဲ အိပ်ယာခင်းရန်ပြင်ဆင်နေတုန်း တံခါးခေါက်သံကြောင့်ထွက်ကြည့်မိတော့ ရေဇလုံလေးကိုင်ကာ အခန်းအပြင်တွင် ရပ်စောင့်နေပါသော ဂျောင်ကု
"ဘာလို့လဲ ဂျောင်ကု...ဘာလိုလို့လဲ ဟင်"
ဂျောင်ကုဟာ ပြန်ဖြေချင်းမရှိဘဲ ထယ်ယောင်းအခန်းထဲ သူပိုင်အခန်းလို့ စွပ်ခနဲဝင်ချလာကာ ရေဇလုံကို ကုတင်ခြေရင်းတွင်ချသည်။
"အကို...လာ~ဒီမှာထိုင်"
ထယ်ယောင်းရဲ့ လက်ကောက်ဝတ်ကို ဖွဖွဆွဲကာဖြင့် ကုတင်ပေါ်ထိုင်စေသည်။အခုမှ ကြည့်မိတာ ရေဇလုံက အငွေ့ထွက်နေသော ရေနွေးနွေးလေးဖြစ်နေသည်။ဂျောင်ကုက အခုဘာလုပ်ဖို့စဉ်းစားနေတာလဲ....
"ဂျောင်ကု...ဘာ...ဘာလုပ်မလို့လဲ"
"အကိုခြေထောက်လေးတွေ စက်ဘီးနင်းရလို့ ပင်ပန်းနေတာ မကြည့်ရက်လို့ပါ။ရေနွေးနွေးလေးနဲ့ ဆေးလိုက်ရင် သက်သာမှာ"
"မလုပ်ပေးပါနဲ့"
ဂျောင်ကုက ခြေထောက်ကို ဆွဲယူနေတာမို့ ထယ်ယောင်းရုန်းမိတော့...
"မငြင်းပါနဲ့"
အမိန့်မဟုတ်ဘူး။
အလွန်တရာ သာယာချိုမြိန်သော တောင်းဆိုသံလေးကြားထဲထယ်ယောင်းဟာ အဘယ်သို့ ငြင်းရက်ပါမည်နည်း။
ထယ်ယောင်းရဲ့ အောက်ခြေတွင် ဝင်ထိုင်လိုက်ပီး ထယ်ယောင်းရဲ့ ခြေထောက်ကို သူ့ပေါင်ပေါ်အရင်တင်၍ ဘောင်းဘီအညိုခပ်ပွပွလေးကိုခေါက်တင်လိုက်သည်။
"အကို...ခြေထောက်လေးက ဆင်စွယ်လေးလိုပဲ။လှလိုက်တာ..."
ဂျောင်ကုရဲ့ အပြောကြောင့် ရှက်ရွံမိပြန်သည်။ထယ်ယောင်းအတွက် ဒီလိုစကားတွေကြားရတာ တကယ်ရှက်မိသည်။
ŞİMDİ OKUDUĞUN
PAST LIVES,PAST LOVES
Hayran Kurguလေရူးလေးက တသုန်သုန်... ကောင်းကင်ကြီးတောင် မဲလာပီ တိမ်တွေတောင် ငိုတော့မယ် ခင်ဗျားကို လွမ်းရလွန်းလို့ မိုးတွေတောင် ပြိုတော့မယ်... (ဒုတိယကမ္ဘာစစ်အတွင်း 1939-1945 ကာလ ကိုအခြေခံထားသော ဇာတ်လမ်းလေး)