အပိုင်း ၁

2.9K 130 7
                                    

[Unicode]

"သတိုးသားသည် သတိုးသမီးကို ပူသည်ဖစ်စေ
အေးသည်ဖစ်စေ ပေါင်းဖက်နိုင်ပါသလား "

တောင်ပေါ်မြို့လေး၏ တိတ်ဆိတ်လှသော ဘုရားကျောင်း၏ အခန်းလေးဆီမှ ဆည်းလည်းသံအချို့နဲ့အတူ ထွက်ပေါ်လာသော အသံ အချို့

ဖြူဝင်းသော အသာရေ ပေါ်တွင် ရိုးရှင်းလှသော ဂါဝန်ဖြူလေးကို သာ ၀တ်ဆင်ထားသော သတိုးသမီးလေးသည် လှသည် ထက်ကို ပို သည်။
ချောမော လှပသော မျက်နှာ ထက်တွင်လည်း ကာလာစုံ ချယ်သ မထားပဲ ရှင်းလင်းကြည်သာနေ၏။ဦးခေါင်းထက်တွင် ပန်ဆင်ထားသော ပန်းသရဖူ လေးသည် လည်း ရိုးရှင်းသော သတိုးသမီးလေးနဲ့ အတူ ပနံ့သင့်စွာတည်ရှိနေ၏။
ချစ်ရ သူနဲ့ အတူ မဂ်လာသစ္စာ ဆိုရန် အသင့်ဖစ်နေ သော သတိုးသမီးလေး ၏ မျက်နာ ထက်တွင် လှပသော အပြုံးတို့က ပန်ဆင်လျက်။

ထိုအတူ သူ၏ ရှေ့တွင် ရိုးရိုးရှင်းရှင်း နဲ့ လှချင်တိုင်းလှနေသော သတိုးသမီးလေးကို ချစ်ရည်ရွှန်းသော မျက်လုံးများ ဖြင့် တ၀ ကြီးကြည့် နေ သည့် သတိုးသား ဆိုသည် မှာ လည်း သတိုးသမီးလေး နဲ့ လိုက်ဖက်ညီ အောင် အဖြူရောင် အနောက်တိုင်း ၀တ်စုံ ကို သာ ၀တ်ဆင်ထား၏။
နှဖူးထိ ပေါ်အောင်လှန်တင်ထားသော ဆံပင် ၊
မဲနက်ပီး တန်းနေ တဲ့ မျက်ခုံး၊ ထင်းနေသော မေးရိုးတို့က ထိုလူသား၏ ယောက်ျားဆန်မှုကို ပြသနေတယ်။

နွေဦး၏ သာယာလှသော နေ့လေးတစ်နေ့၏ ဘုရားကျောင်းလေး အတွင်း မှာ တော့
မျက်နှာ မှာ အပြုံ ကိုယ်စီနဲ့ တစ်ယောက်လက်ကို တစ်ယောက် ဆုတ်ကိုင်ကာ ဖာသာ၏ ‌မဂ်လာ အပေးကို စောင့် မျှော်နေသည့် အဖြူရောင် လူသား လေး နှစ်ယောက်။
ရှင်း‌လင်းနေ သည့် ဘုရားကျောင်းလေး အတွင်း တွင်တော့ အဖြူရောင် သတိုးသားသတိုးသမီး လေးနဲ့ ဖာသာ က လွဲ ၍ အခြာသူ မရှိ ခဲ့။
ကောင်းချီးပေးမည့် မိဘ များလည်း ရှိမနေ သလို ဧည့်လူ များနှင့် လည်း စည်ကားမနေ ။
သို့သော် ထိုလူသားနှစ်ယောက် ၏ မျက်နှာ တွင် မူ ၀မ်းနည်းမှု အရိပ်အယောင် က ကပ်ညှိမနေ။
ထို အခြေအနေထိ ရောက်အောင်တောင် အခက်အခဲ မျိုးစုံ နှင့်ရင်ဆိုင်ခဲ့ရသည် မဟုတ်လား။မိဘတေ သဘောမတူ သည့် ကြားကနေ အရာအားလုံး ကို စွန့်လွှတ်ကာ ချစ်သူလက်ကို ရဲရဲကြီးတွဲ ကာ ထွက်လာခဲ့သေးသည် မဟုတ်လား။ချစ်ရသူ နဲ့သာ ဆို မီးပင်လယ်ကိုကျော် ဓါးတောင်ကို တောင် ဖြတ်ရဲတဲ့ သတ္တိက အပြည့်အ၀ ရှိသည်မဟုတ်လား။
ထို့ကြောင့် ထိုလောက် ကိစ္စကို မု မနေတော့ ပဲ
သာယာ တဲ့ အချစ် ခရီးလမ်း အတွက်သာ စဉ်းစားမိတော့ တယ်။

မခွဲခင် ခဏလေး ~'• //Slow Update//Where stories live. Discover now