အပိုင် ၁၁

481 54 7
                                    

[Unicode]

မခွဲခင်ခဏ လေးတော့

သူ့အနားမှာ ရှိနေခဲ့ချင်တယ်။

သူ့အပြုံးတေကို မှတ်တမ်း တင်ခဲ့ ချင်တယ်။

သူ နဲ့ အမှတ်တရ တေကို တ၀ ကြီး ဖန်းတီးခဲ့ချင်တယ်။

ဒါမှ နောင်တ မရ နိုင်ပဲ သူလက်လွှတ်ပေးနိုင်မှာမဟုတ်လား။

...............

ဒီမနက် ထယ်ယောင်း နှင့် ဂျောင်ဂု လက်ထက်စာချုပ်မှာ သာ အကျဉ်းရုန်း လက် မှတ် ထိုး ပီး
အရင် အိမ်မှာ ပြန်နေဖို့ ရန် ဘူဆန် သို့ ထွက်လာ ခဲ့ကျ၏။

လက်ထက် ပီး ရင် ဘူဆန်မှာ ပြန်နေချင်တယ် ဆို တဲ့ ဂျောင်ဂု ၏ တောင်းဆို မှု ကြောင့် ဂျွန်ပါပါး ထယ်ယောင်း ကို ဘူဆန် ရုံခွဲ ကို တာဝန် ပေး ပီး အရင်အိမ်မှာ ပြန်နေ ဖို့ ရာ ခွင့် ပြု လိုက်၏။

ထို့ကြောင့် ကားတစ်ယောက်တစ်စီး စီ နဲ့ သူတို့ ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့ ၏။
စိတ်မပါ စွာ အရုပ်တစ်ရုပ်နှယ် ကြိုးဆွဲ ရာ က နေရတဲ့ ‌ကောင်း လေးတစ်ယောက် နှင့် တစ်စုံတစ်ယောက် နှင့် အတူတူ ပြန်နေရတော့ မှာ မို့ စိတ်လှုပ်ရှားနေတဲ့ ကောင်လေးတစ်ယောက် တို့ ၏ ကားလေး သည်က တော့ အဝေး ပြေး လမ်း မ ပေါ် မှာ မောင်း နှင်လျက် ။

အချိန်အားဖြင့် ညနေ၃နာရီ စွန်းစွန်း လောက် ဘူဆန် အတွင်း သို့ ရောက် ပီး။
ကောင်းကင်ပြာ ကြီး နှင့် ပနံသင့်စွာ တည်ရှိနေတဲ့ ပင်လယ် ပြင်က သူ့ကို ဆွဲ ဆောင် နေသည် မို့
ဂျောင်ဂု ကား ကို ခနရပ် ပီး ပင်လယ်ပြင်ဘက် သို့ လမ်းလျှောက် ထွက် လာ ခဲ့၏။
နေမြင့် နေ တာကြောင့် ပင်လယ် ဘက် မှာ ဘယ်သူမှ မရှိ သည့်အတွက် ဂျောင်ဂု အတွက် ပိုအဆင်ပြေကာ လွတ်လပ် ၏။
မျက်နာ ထက် မှာ တပ်ဆင် ထားသော mask နှင့် ဦး ထုတ်ကို ချွတ်ပီး ပင်လယ်ပြင် ပေါ် မှ ဖြတ်သန်း လာ သော လေပြေနုနု ကို သူ့ မျက်နာ ပေါ် သို့ ကြည်စား ခွင့် ပေး လိုက်၏။

မခွဲခင် ခဏလေး ~'• //Slow Update//Where stories live. Discover now