[Unicode]
*မာန ဆို တာ ကျွန်တော့် မှာ လဲ ရှိ သား ပဲ ဆို ပီး တင်းမာ လိုက်ချင်တာ။
ခင်များ နေနိုင်သလို ကျွန်တော် လည်း နေနိုင်တယ် ဆို ပီး ပြိုင်ဆိုင်လိုက်ချင်တာ။
ဒါပေမယ့်နောက်ဆုံး တော့ လည်း အချစ်ကြီးသူ ကျတော်က ပဲ ရှုံးနိမ့်ရ မှာ မို့ မကြိုစား ကြည့်တော့ ပါဘူး ခင်များရယ် ။*..........
"ဂျောင်ဂု မ , ခြေထောက် ကို အခုချက်ချင်း လေနဲ့ မှုတ်ပေး လိုက် !!။"
အပေါ်စီး မှ အမိန့်ဆန်ဆန်ထွက်လာတဲ့ ထယ်ယောင်း ၏ ခပ်မာမာ လေသံ ကြောင့် ဂျောင်ဂု အံ့ဩတကြီး မော့ကြည့်မိလိုက်၏။ သူနား ကြား များ မှားတာ လား ???
ကိုကို အခုသူကို ဘာပြော လိုက်တယ် ဆိုတာ ကို ပင် မစဉ်းစား နိုင်လောက်အောင် နားများ အူထွက် သွားတော့၏။"မင်း ...မင်း...ဘာ.. ဘာပြော လိုက်တာ လဲ ??? ဟက် ...နောက်နေတာ မလား။"
မယုံ နိုင်စွာ ပြန်မေးခွန်း ထုတ် လိုက်တဲ့ ဂျောင်ဂု အသံ က ဟန်မဆောင် နိုင်လောက်အောင် ပင် တုန်ရီ လို့နေ၏။
"နားလေး နေ လား!! မင်း ကို ပါးစပ်နဲ့ မ , ခြေထောက် ကို မှုတ်ပေး လိုက်လို့ ပြောနေတာ!!"
ဟိန်းထွက်လာသည့် အသံ ၏ နောက် ဂျောင်ဂု ၏ ရင်ဘက် တစ်စုံ က အတိုင်းအဆ မဲ့ နာကျင်လျက် ။ ဝဲတတ် နေသော မျက်ရည် ကြည် များသည် လည်း ဘယ်က တည်းက ပါးပြင်ပေါ် သို့ ဆင်းသက်လာ ခဲ့ လဲ ဆိုတာ ကို သူမသိ။
ကိုကို့ အတွက် သူက အဲ့လောက်တောင် အပေါစားဆန်နေခဲ့တာ လား။
အဲ့လောက်တောင် တန်ဖိုးမရှိတော့တဲ့ ကောင်လား။မိန်းမ တစ်ယောက် အတွက် နဲ့ လေ သူက အဲ့လောက်တောင်အောက်ကျို့ ခံ ပေးမှ ရ မှာ လား။မုန်းနေတာ သိပေမယ့် အဲ့လောက်ထိ တောင် ရက်စက် တတ်လိမ့်မယ် လို့ သူမထင်ခဲ့မိပါ။ ဒါမှမဟုတ်သူပဲ လျော့တွက် ခဲ့မိလေသလား ။
ကိုကို သိတာ ပေါ့ ဂျောင်ဂု ဆို တဲ့သူက ဘယ်သူနဲ့ယှဉ်ယှဉ် အပေါ် ကနေ မဆင်းခဲ့ဘူးဆိုတာ။
ဘယ်သူ့ ကို မှ လည်း တစ်ခါ မှ အောက်ကျို့ မခံ ဖူးဘူးဆိုတာ ။
ဘယ်သော အခါ မှ လည်း မာနကို အထိ ခိုက်မခံ ဘူးဆိုတာ။
ဒါကို ကိုကို သိတာ ပေါ့ ။ ဒါကြောင့် လည်း
အခြားသူ ရှေ့ မှာ သူ့သိက္ခာတေကို တစ်စက် မှ မကျန် တော့ အောင် ကိုကို ဖိနှိတ်နေတာ။
မာန ဆို တာ အစ ရှာ လို့ မရအောင် ပင် ကိုကို ချိုးနှိမ်နေတာ။ သူများ ရဲ့ အထင်သေး ခြင်း များစွာ နဲ့ အသက်ဆက်ရှင်ရ အောင်လုပ်နေတာ။
YOU ARE READING
မခွဲခင် ခဏလေး ~'• //Slow Update//
FanfictionKɪᴍ Tᴀᴇʜʏᴜɴɢ▴xJᴇᴏɴ Jᴜɴɢᴋᴏᴏᴋ▾ DOM X SUB @byebye013 started date : August 29.2021 ended date :