အပိုင်း ၁၈

1.3K 96 18
                                    

[Unicode]

ထယ်ယောင်း ရုံးသွား ဖို့ ရန် ပြင်ဆင် သင့်တာ ပြင်ဆင်ပီး အောက် ထပ် သို့ ဆင်းလာ မိတော့
မီးဖို ချောင် ထဲ ၌ တစ်ယောက် ထဲ အလုပ်တေ ရှုတ်နေတဲ့ ဂျောင်ဂု ကို တွေ့ ၏။

တစ်ယောက် တည်း ကုတ်ကုတ် ကုတ်ကုတ် နှင့် အလုပ်ရှုတ်နေသော ဂျောင်ဂု ကို မြင်ရတာ စိတ်ထဲ မှာ တစ်မျိုး ပင်။

အရင် က ဆို ထမင်းဟင်း ချက် ဖို့ မပြော နဲ့ မီးဖို ချောင် ထဲ တောင် ထမင်းစား ချိန်မှ လွဲ ၍ ကျန်တဲ့ အချိန် ခြေ ဉီးတောင် မလှည့် တဲ့ သူ မဟုတ်လား။

အခု တော့ သူက သာ မစား တာ သူ့အတွက် မနက်စာက ကျွန်စားပွဲ ပေါ် ၌ နေ့ရက် မပြတ်တည်ရှိနေကျ။

တကယ် ပဲ ဂျွန်ဂျောင်ဂု ပြောင်း လဲ သွားတာ လား။
ဒါမှ မဟုတ် ဟန်ဆောင်နေတာလား။

အတွေးလေး ရေးရေး နှင့် လက်ပိုက်ကာ ရပ်ကြည့် နေမိသော ထယ်ယောင်း အား လှည့် ကြည့် လာ သော ဂျောင်ဂု၏ အကြည့် ကြောင့် ဟန်ချက်ပြတ်သွားရ၏။

"အာ...ကိုကို ဘယ်တုန်းကရောက်နေတာ လဲ ။"

မနက်က ပင် သူ့စကား ကြောင့် မျက်နာ ပြတ်သွားရ သည့် ကောင်လေး က အခု သူ့ ကို ပြုံးလို့ ကြိုဆို နေလေရဲ့ ။
တကယ် ပဲ မင်း က ခန့်မှန်း ရ ခက်လိုက်တာ။

"ခုန က မှ ။"

သာမန် ဆို ဂျောင်ဂု စကား ကို အရေး မလုပ်တတ်တဲ့ ကိုကို က မနေ့က ည က အပျင်းဖျားထားလို့ များ လား ။ သူ့ စကား ကို ပြန်ဖြေ ဖော်တော့ ရသား။

"ဪ ..."

ဂျောင်ဂု ဤ မျှသာ စကား ဆိုတော့ ထယ်ယောင်း နှင့် သူ့အကြား လေ ထု ကတိတ်ဆိတ်လို့ သွား၏။
ဘာစကား ကို စပြော ရ မှန်း မသိသော ဂျောင်ဂု က လည်း ယောင်းမ တစ်ချောင်းနှင့် မီးဖို ရှေ့ ၌ ကြောင်အအ လေး ။
သူ့ ရှေ့ မှ မက်တပ် ရ နေသော ထယ်ယောင်း မူလည်း အူတူတူ ။
အေးစက်နေသော အနေအထား ကြီး ကို ထယ်ယောင်း မှ စတင် ရှောင်ထွက်ကာ ရုံးမသွား မီ မနက် စာ စား ရန် အတွက် ကော် ဖီ ဖျော်ရန် ပြင်မိသည်။

မခွဲခင် ခဏလေး ~'• //Slow Update//Wo Geschichten leben. Entdecke jetzt