အပိုင်း ၂

989 84 2
                                    

[Unicode]

အနုပညာ အသိုင်းဝိုင်းကြားမှာ သာ နာမည်ကြီးသော အဆင့်အတန်းမြင့် bar တစ်ခု ၏ VIP အခန်းတစ်ခန်းတွင် တစ်ဖက်မှာ ကာလာစုံ ချယ်သထားသော မိန်းမလှ လေး တစ်ယောက် စီ ဖြင့် သာယာကာ အရက်ကို ဇိမ်ခံ ရစ်မူးစွာ သောက်သုံးနေတဲ့ ဂျောင်ဂု။

ရောင်စုံ မီးများကြားမှ အတိုအပျက်ဟိုပေါ်ဒီပေါ် နဲ့ သူ့ရဲ့ ရှေ့ တွင် အကအလှ များနှင့် ဆွဲ ဆောင်နေ သော မိန်းမလှ များကို ရီဝေဝေ မျက်လုံး များဖြင့် တစ်ဆုံး ကြည့်နေမိသည်။

ရှပ်အကျီ အမဲ ရောင် လက်ရှည် ကို မှ လက်ခေါက်ကာ ကြယ် သီး သုံး လုံး လောက် ဖြုတ် ၍ ဘောင်ဘီ အနက်ကို သာ ၀တ်ဆင်ပီး စတိုင်အပြည့် နဲ့ ထိုင်နေသော ဂျောင်ဂု သည် ဤ နေရာ နှင့် အသားကျနေဟန်။

ပြင်ဆင်ထားချင်း မရှိ ပဲ မျက်နာ ပေါ် ဝဲ ကျ နေသည့် ဆံ ပင် ၊ ထင်းနေသော မေးရိုး ၊ ပြုံးရောင် သန်းနေသော နှုတ်ခမ်းပါ တို့ က သူရဲ့ ဆွဲဆောင်မှု ကို ‌ပို ၍ ပေါ်လွင် စေသည်။

ဘေးနားမှ ထိုင်နေသော မိန်းမလှ လေးရဲ့ ခါးသွယ် လေး ကို ဆွဲ ဖတ်လိုက်ရင်း အရှေ့ မှာ ချ ထားသော ပူပြင်းပြင်း အရည် တစ်ချို့ ကို လည် ချောင်းထဲ စီးဝင် ခွင့်ပေး လိုက်တယ် ။

ထိုစဉ် အခန်းထဲ သို့ ၀င် လာ တဲ့ လူ တစ်ယောက် ကြောင့် သူ့နှုတ်ခမ်းပါးတေ ပို ၍ ပြုံးရောင် သန်းလာ ၏။

ထို့ နောက် အခန်း ထဲ က မိန်း မ လှလေး များ ကို မျက်လုံးဝေ့ ကာ ထွက် သွားဖို့ ရန် အချက် ပြ လိုက်တော့ တယ် ။

မီးရောင်ဆုံ ဖျာ ကျနေသော အခန်းလေး ထဲ တွင် တော့ အခု ဆို လျှင် သူတို့ နှစ်ယောက်သာ။
လက်ထဲ က လက်ကျန် ဝီစကီ လေး ကို တစ်ကြိုက် ထဲ မော့ လိုက် ရင်း အမှတ်မရှိ မေးလိုက်မိပါ‌သေးတယ်။ဘာတဲ့

"ကိုကို ကျွန်တော့်ကို စိတ်ပူလို့လား"

တဲ့ ဟက် ရီတော့ရီ ရသား ဂျွန်ဂျောင်ဂု မင်းဘာတေ မျှော် လင့်နေတာ လဲ စိတ်ပူတယ်ဆိုတာ မင်းအတွက် ရှိလာမှာ မဟုတ်ဘူးလေ။ဟက်။

မခွဲခင် ခဏလေး ~'• //Slow Update//Where stories live. Discover now