[Unicode]
"မောင်ရင် .. တကယ်ပဲ ကုသ ဖို့ ကို မဆုံးဖြတ်တော့ ဘူးလား။"
နာရီလက်တံသံ တစ်ချက်ချက် မှ လွဲ ၍ ပကတိ တိတ်ဆိတ်နေသော အခန်းကျဉ်း လေး ထဲ မှ တည်ကြည် စွာ ထွက်ကျ လာ သော အသံ တစ်စုံ။
"ကျွန်တော့် အခြေအနေက ဖစ်မှ မဖစ်နိုင်တော့တာ ဒေါက်တာရယ်။"
"ဒါပေမယ့် အခုချိန် ကုသမှုခံယူ ရင် ၁၅ ရာခိုင်နှုန်း ကမျှော်လင့်ချက်ရှိသေးတယ် လေ။"
"ကျွန်တော် ၁၅ ရာခိုင်နှုန်း လောက်ကို မျှော်လင့်ချက်ထား ပီး ဖမ်းမဆွဲ ထားချင် ဘူး
ဒေါက်တာ။ ဒေါက်တာ လည်း သိနေတာ ပဲ ကျွန်တော့် အခြေအနေ က ကုသမှုခံယူလည်း မျှော်လင့်ချက် မရှိနိုင် ဘူး ဆိုတာ။ ဒါကြောင့်
ကျန်ရှိနေသေးတဲ့ ကျွန်တော့် ရဲ့ အချိန်ခဏ ကို
ကျွန်တော် အတ္တ ကြီးစွာ ဖြတ်သန်းချင်သေးတယ်။"ဆေးရုံ ခန်း၏ ပြတင်း တံခါးပေါက် စီ မှ အပြင်လောက စီသို့ ဂျောင်ဂု တွေတွေ လေး ငေးမော ကာ ဆရာဝန်၏ အပြော ကို တုံ့ပြန်လိုက်၏။
ဒီနေ့ လည်း လောက ကြီး က အရင်ရက် များအတိုင်း သာယာ လို့ နေ၏။
ကြည်လင်စွာ ဖြာကျနေသော နေရောင်နုနုရယ်၊
အပြာရောင် မိုးသား ကောင်ကင် ကြီး ထက် ၌ တည်ရှိနေသော တိမ်စိုင်ငယ်လေး တေရယ်၊
နွေးဦး သို့ တစ်ဖန် ရောက်လာ တော့မည် မို့ ရွက်နု ဝေ နေသော အပင်ကြီးများရယ် ၊
ပြေပြေ လေး တိုက်ခိုက်နေသော လေပြေနုနု ရယ် က နှစ်လို ဖွယ်အတိ။ထိုနည်းတူစွာ
ထိုသဘာဝ တရား ကြီး ပေါ် တွင် မှီခို နေကျသော သက်ရှိ များ သည် လည်း ပုံမှန်အတိုင်း ပင်လည်ပတ်လို့ နေခဲ့၏။ဂျောင်ဂု ဒီနေ့ ဆေးရုံ ရက်ချိန်း မို့ ဘူဆန်က နေ ဆိုလ်း သို့ မနက်စောစော ကားမောင်း ကာ ထွက်လာခဲ့ ၏။ ဒီရက်ပိုင်း သူ့ရောဂါ အခြေအနေ က အရင် ရက် များ က နှင့် မတူ ဝေဒနာ တေက အနေစိမ့် လို့ လာ ခဲ့၏။ ကိုက်ခဲ နေသော ခေါင်းသည် လည်း သူ့ ကို တစ်ရက် မှ အလွတ်မပေးစွာ နှိုတ်စက် လို့ နေ၏။ ချွေးစီးတေ ပြန်ကာ နုံးနယ် ၍ အိပ်မရ တဲ့ နေ့ ရက်တိုင်း က လည်းနေ့ရက်တိုင်း လိုလို ပင် ဖစ်နေ လေ ပီ။အစားအသောက် လည်း ကောင်းကောင်း မစား နိုင်တော့ သလို ခန္ဓာကိုယ် က လည်း အားအင် ချို့ တဲ့ ကာ လှုပ်လိုက်တာ နဲ့ တင် ရင်ဘက် တစ်စုံက အခုန်မြန်လာ ကာ မောမော ၍ လာ၏။ ဆူးနစ်စွာ အောင့် တက်လာ တဲ့ ရင်ဘက်တစ်စုံ နှင့် အတူ အဆက်မပြတ် ဆိုးနေတဲ့ ချောင်းခြောက် များ နှင့် ပါလာ တတ်သော သွေးစ များ သည် လည်း ဒီရက်ပိုင်း အတွင်း အံ့ဩ စရာ ကောင်းလောက်အောင် ခနခန ပင် ဖစ်နေတတ်သည်။ တကယ် ပဲ ခန္ဓာကိုယ် က လက်မခံ နိုင်လောက် တဲ့ အခြေအနေ သို့ သူ ရောက်ရှိလာ တော့ မယ် ထင်ပါရဲ့။ သူ့အချိန်တေ တဖြည်းဖြည်း နှင့် နီးကပ်သထက် နီးကပ်လာ ပီ ထင်ပါရဲ့ ။
မနေနိုင်မထိုင်နိုင်လောက် အောင် ဆိုးရွားလာ ခဲ့ တဲ့ ရောဂါ ဝေဒနာ က ခံစားရ ခက်အောင်နာကျင်လာ ရ သည် မို့ အရင်က အရွဲ့ တိုက်ကာ ဂျစ်ကန်ကန် နှင့် မသိကျေးကျွန်ပြု ကာ အကြောင်း အမျိုးမျိုး ရှာ၍ လစ်ထွက်နေကျ ဖစ်သော ဆေးရုံ ရက်ချိန်တေ ကို အခု သူကိုယ်တိုင် ကိုယ့် ခြေထောက် နှင့် ကိုယ် လာ နေရ ပီ ဖစ်သည်။
ESTÁS LEYENDO
မခွဲခင် ခဏလေး ~'• //Slow Update//
FanficKɪᴍ Tᴀᴇʜʏᴜɴɢ▴xJᴇᴏɴ Jᴜɴɢᴋᴏᴏᴋ▾ DOM X SUB @byebye013 started date : August 29.2021 ended date :