Chapter- "Twenty-two"

1.4K 186 8
                                    

Noraပြောပြခြင်းရဲ့အဆုံးမှာတော့rosieတို့သုံးယောက်ဟာအံ့အားသင့်ခဲ့ရတယ် Liဟာနတ်သမီးသွေးနဲ့နတ်ဆိုးသွေးထားတဲ့တစ်ဦးတည်းသောသူပင်မျက်လုံးဖြင့်မြင်နေရတာကိုပင်မယုံနိုင်ခဲ့ ဒါဆိုတော်တော်အစွမ်းကြီးမယ့်ပုံပင်
   Li ကတော့မိဘအရင်းတွေဟာသေသွားပြီဆိုတာကြောင့်ငိုကြွေးနေမိတယ်
Li-" အန်တီNoraပြောနေတာတကယ်ပါနော် "
Nora-" တကယ်ပါliလေးရယ် အဲ့တုန်းကအန်တီတို့​နောက်ကျခဲ့ကြတယ်... "
    အဲ့လိုပြောတော့liဟာပိုတိုးပြီးပင်ငိုလာတယ်
Rosie=" တိတ်ပါတော့liလေးရယ် သွားတဲ့သူတွေကသွားပြီမို့liကအကောင်းဆုံးရှိနေပေးရမယ်နော် "
Ji=" အားလုံးကအတိတ်မှာကျန်ခဲ့ပြီလေကလေးရယ် စိတ်ကိုတင်းထားပါနော် "
Jen-" တို့တွေအနားမှာရှိနေတာမို့အရမ်းဝမ်းမနည်းနေပါနဲ့ကလေးရယ်..."
Liကိုချော့မော့ပြောနတဲ့သုံးယောက်ကိုကြည့်ကာNoraသက်ပြင်းချမိတယ်သူတိူ့မသိတဲ့ကံကြမ္မာတစ်ခုကိုတော့Noraမပြောဖြစ်ခဲ့Jeonနဲ့ကိစ္စပြီးမှသာပြောဖို့စိတ်ကူးထားတယ်
Liကအဲ့တော့မှငိုနေရာကနေခေါင်းငြိမ့်ပြကာ
Li-" အန်တီNora li appaနဲ့omma ကျောင်တိုင်ထူးထားတဲ့နေရာကိုသွားချင်တယ် "
Nora-" ရတာပေါ့liလေးရယ်....."
   Nora လည်းliလေးကို leoနဲ့lemiroရဲ့ကျောက်တိုင်ထူထားတဲ့နေရာကိုခေါ်လာခဲ့တော့ liလေးဟယကျောက်တိုင်နှစ်ခုရဲ့ဘေးမှာထိုင်ကာငိုနေတယ်
Li-" appaနဲomma liသိတာနောက်ကျခဲ့လို့တောင်းပန်ပါတယ်နော်အမှန်ဆိူအစေယကြီးကတည်းကလာတွေ့သင့်တာမဟုတ်လား...liအတွက်အရာရာစွန့်လွတ်ခဲ့တာတွေကိုအရာထင်အောင်လုပ်ပေးမှာမို့စောင့်ကြည့်နေပေးပါနော်....jeonဆိုတဲ့သူကိုliကိုယ်တိုင်လက်စားချေမှာappaနဲ့ommaအဝေးတစ်နေရာကနေကြည့်​နေပေးပါနော် appaနဲ့ommaအတွက်liတာဝန်ကျေပါရစေ..."
     ပြောကာငိုနေပြန်သည်jiတို့သုံးယောက်ကတော့အနားကနေနှစ်သိမ့်ပေးနေတယ်...Noraပါးပြင်ပေါ်ကိုမျက်ရည်တွေကျရောက်လာတယ်
Nora's mind-" leoနဲ့Lemiroနင်တို့သားကနင်တို့နဲ့သိပ်တူတာဘဲ lemiroရဲ့မျက်လုံးလေးနဲ့နှုတ်ခမ်းလေးကိုပိုင်ဆိုင်ထားပြီး....ငါအရမ်းချစ်ခဲ့ဖူးတဲ့နင်တဲ့တူတဲ့မျက်နှာတွေမျက်ခုံးထူထူ​​လေး​တွေ ​ခန္ဓာကိုယ်အချိုးအစားတွေကြောင့်ငါအရမ်းကြေကွဲရတယ်Leo.... ငါ့ဘဝမှာနင့်ကိုချစ်တယ်ဆိုတဲ့အကြောင်းကိုထုတ်ပြောခွင့်မရသလိုထုတ်လည်းမပြခဲ့ပေမယ့် ငါချစ်တဲ့နင့်ကိုငါ့အချစ်ဆုံးသူငယ်ချင်းနဲ့နှစ်ယောက်အတူပျော်ရွင်နေတာမြင်ရတာနဲ့ကိုငါအမြဲကျေနပ်ခဲ့ရတာပါleo နင်တို့နှစ်ယောက်အချစ်တွေကိုငါဘေးကနေကြည့်ရင်းအမြဲပျော်ရွင်ခဲ့ရတယ်...ဒါပေမယ့်နင်တို့နှစ်ယောက်လုံးငါ့ကိုထားသွားတယ်..ငါ့အကိုလည်းငါ့အနားမရှိတော့ဘူး...ငါအရမ်းပြိုလဲနေခဲ့တယ်.....ငါ့ရဲ့မျှော်လင့်ချက်ရောင်ခြည်တန်းလေးကနင်နဲ့leomiroတို့သားလေးဘဲ မပူပါနဲ့နင်တို့သားလေးကိုငါအကောင်းဆုံးစောင့်ရှောက်သွားမှာပါ.....နောင်ဘဝဆိုတာရှိရင်....နင့်ကိုချစ်တယ်လို့ပြောခွင့်မရရင်တောင်နင်ချစ်တဲ့သူနဲ့နင်ပျော်ရွင်ပြီးနင်တို့မိသားစုလေးအသက်တွေကြီးတဲ့အထိအတူတူနေသွားမှာကိုငါမြင်ချင်သေးတယ် leo......ဒါငါ့ရဲ့အရိုးသားဆုံးနဲ့အဖြူစင်ဆုံးဆုတောင်းဘဲ....ငါ့အက​သာအနားမှာရှိနေခဲ့ရင်သူ့ရင်ခွင်ထဲဝင်ပြီးငါဘယ်လောက်သတိရကြောင်းပြောနေမိမယ်ထင်တယ်....ငါ့ကိုပစ်ထားတယ်ဆိုပြီးထုရိုက်နေမိမှာ...အဲ့လိုဆိုးဖို့အတွက်လည်းငါ့အကိုကငါ့အနားမှာမရှိတော့ဘူးလေ.....ငါ့ဘဝရဲ့အခန်းကဏ္ဍတစ်ရပ်ကတော့အရမ်းကိုလှပခဲ့တယ်...အဲတာကတော့ငါတို့ရဲ့ငယ်စဥ်ကလေးဘဝပေါ့....အခုတော့နောက်ထပ်အရေးပါတဲ့အခန်းကဏ္ဍလေးကliလေးကြောင့်ဖြစ်ပါလိမ့်မယ်..."
    Leoနဲ့lemiroကိုအရိုအသေပေးကာနန်းတော်ကိုပြန်ခဲ့ကြတယ် နန်းတော်ကိုရောက်တော့
Li-" အန်တီNora အဲ့jeonဆိုတဲ့လူကြီးကိုliအနိုင်လိုချင်််တယ်..."
   Leoလိုဘဲဖြစ်ချင်တာကိုချက်ချင်းအကောင်အထည်ဖော်ချင်တဲ့အကောင်ပေါက်လေး
Nora's mind-" ငါပြောတယ်မဟုတ်လားleoနင်နဲ့သိပ်တူပါတယ်လို့နင်တို့သာရှိသေးရင် ဒီကလေးကlemiroရဲ့အသည်းညှာလေးဖြစ်နေမှာ သူကနင်နဲ့အရမ်းတူတာဘဲ."
Nora-" ခနလေးပါအုံးliလေးရဲ့အသက်က18မပြည့်သေးဘူးလေ အစွမ်းတွေအကုမ်ထိမ်းချုပ်ဖို့ပြည့်စုံမှ jeonကိုအနိုင်ယူလိုရြမှာအခုတော့ခနလောက်အနိုင်လိုချင်စိတ်ကိုမြိုသိပ်ထားလိုက်အုံးနော် "
Li-" nae.. ဒါဆိုliအသက်ကပြည့်တော့မှာဘဲဘာမှမဖြစ်ဘူးစောင့်မယ်နော်အဲ့ကျရင်အဆင်ပြေမယ်မဟူတ်လားဟင်..."
  အရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာပြန်တယ်နှုတ်ခမ်းပါးထူထူလေးဟာကော့ညွတ်ကာပြုံးနေလို့
Nora's mind-" ငါပြောတယ်မဟုတ်လားLemiroသူမှာနင့်လိုဘဲလှပတဲ့မျက်ဝန်းလဲ့ပြာပြာတွေနဲ့အနီရောင်နှုတ်ခမ်းပါထူထူလေးကိုလည်းပိုင်ဆိုင်ထားတယ်..."
Nora-" ဒါပါ့ခနဘဲစောင့်ဟုတ်ပြီလား...ဒါပေမယ့်ဒီကြားထဲမှာလေ့ကျင့်ရေးတွေလုပ်ရမယ်နော်ကြားလား "
Li-" nae li လုပ်မယ်နော်.."
  အပြုံးတွေနဲ့ကလေးကိုnoraခေါင်းလေးကာိအသာအယာဖွကာကြည့်နေမိတယ် liလေးရဲ့ကံကြမ္မာဟာအရမ်းထူးဆန်းလို့ပေါ့.....jenတို့သုံးယောက်လုံးနဲ့လည်းဆိုင်နေခဲ့တယ်လေ...ကံကြမ္မာကိုပြောင်းချင်ရင်သူတို့သုံးယောက်ကိုပြောမှရမယ်ဆိုတာသိတာကြောင့် အသက်ပြည့်ပြီးတာနဲ့သူတို့ကိုပြောဖို့ကိုတွေးထားရတယ်....။
#Chapter-Twenty-two(end)
#တကယ်တော့arjimaကlili appaကိုကြိတ်ချစ်ခဲ့ရတာပါ liliနဲ့အထင်မလွဲ​ကြပါနဲ့😂

Your Everything Must Be Mine....🔥Where stories live. Discover now