Rosieတို့သုံးယောက်ရဲ့အချစ်တော်လေးကအခမ်းအနားပြီးတော့အခန်းမှာသွားနားနေတယ်တဲ့လေ တော်သေးတာကကလေးက jeonနဲ့ကိစ္စပြီးမှသူ့ရဲ့ကိုယ်ပိုင်နန်းတော်မှာနေမတဲ့လေအန်တီNoraပြောပြမှုကြောင့်rosieတို့သုံးယောက်သိခဲ့ရသေး ကလေးရဲ့နန်းတော်မှာဆိုရင်rosieတို့လွတ်လပ်လောက်မည်မဟုတ် ဘာလို့ဆိုအဲ့နေရာကိုဝင်ခွင့်ရမယ့်သူကliရဲ့ကြင်ယာတော်ဒါမှမဟုတ်သွေးသားရင်းချာတွေဘဲ အင်းအားအကြီးဆုံးနတ်ဖြစ်တာမို့နေထိုင်ရတဲ့နေရာစည်းမျည်းတွေဟာလည်းတူများတွေနဲ့မတူခဲ့ဘူး အဲ့နေရာဟာအပြင်လူဝင်ရင်လည်းအချိန်အကန့်သတ်နဲ့သာစည်းမျည်းကြီးတဲ့နေရာမို့ကြောက်ရသည် ကလေးအမြန်မပြောင်းပါစေနဲ့လို့သာrosieတို့သုံးယောက်စုတောင်းနေမိတယ်
Two week later
အဖြစ်အပျက်တွေကဘဲမြန်ဆန်လွန်းခဲ့တာလား ဒါမှမဟုတ်ကလေးပိစိကဘဲစိတ်အားထက်သန်နေလို့လားမသိနှစ်နှစ်ဆယ်အပြီးမှာစစ်ပွဲတစ်ခုဖြစ်ပေါ်ဖို့အချိန်ကျရောက်လာတယ်Lနတ်မင်းဖြစ်တဲ့liဘက်ကစပြီးစိန် ခေါ်ဲခဲ့တဲ့စစ်ပွဲ jeonကိုစိန်ခေါ်ပွဲလုပ်ကာနယ်မြေလေးခုရဲ့နယ်စပ်မှာစစ်ပွဲကိုစတင်မယ်တဲ့လေ နတ်တွေရဲ့အင်အားအကြီးဆုံးကစိန်ခေါ်တဲ့အတွက်ကြေုက်ဘုံနယ်မြေမဟုတ်တဲ့နယ်မြေတွေကတောင်အထူးစိတ်ဝင်စားနေကြတယ် ဒီကိစ္စကြောင့်ရာသီဥတုတွေတောင်ပြောင်းလဲကုန်တယ် ရုတ်တရက်မိုးတွေရွာချပြီးလျှပ်စီးတွေလက်နေကာကောင်းကင်ဟာမှိုင်းညို့နေလေရှိတယ် သဘောကတော့liစိတ်ဒေါသထွက်ကာရန်လိုနေတဲ့သဘောမှာရှိပါတယ် စစ်ပွဲကြီးပြီးသွားရင်တော့ရာသီဥတုကအဆင်ပြေပြီးပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ...jeonလည်းဒီအချိန်တော်တော်စိတ်ညစ်နေမှာပါliနဲ့ဘက်တော်သားစစစ်သည်တွေကတင်သူ့ကိုတိုက်ခိုက်မှာမဟုတ်ဘဲ အကြီးတန်းဖြစ်တဲ့အန်တီnora၊ဦးလေးprukရယ်Bamရယ်jenတို့သုံးယောက်ပါပါဝင်မှာကြောင့်ဖြစ်တယ် jenကတော့ဦးလေးအတွက်မကျေပွဲလက်စားချေတာဖြစ်ပေမယ့်၊rosieနဲ့jiကတော့တိုက်ပွဲမှာliကိုကူဘီချင်တာရယ်jeonဆိုတဲ့လူကိုမှတ်လောက်သားလောက်ပညာပြဖို့ဖြစ်တယ်ကြားရသလောက်တော့jeonမှာအရမ်းတော်တဲ့သမီးတစ်ယောက်ရှိသတဲ့လေ ဟိုတစ်ခါကliကိုဖမ်းသွားတဲမိန်းကလေးတဲ့လေ သူ့အလှအပဟာနယ်မြေတွေမှာနာမည်ကြီးတယ် ဒါပေမယ့်ဘယ်သူမှသူ့ကမမြင်ဖူးခဲ့တွေတဲ့လူအနည်းစုဆီကအသံတွေကတော့ချောတယ် ကောက်ကျစ်တယ် ဥာဏ်များတယ် သွေးအေးပြီးရက်စက်တယ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ထင်ရှားတယ် jeonရဲ့အထူးလက်စွဲတော်တစ်ယောက်ပေါ့ သူမကထူးခြားတယ်တဲ့ ထူးဆန်းတာကဟိုတစ်ခါliကိုဖမ်းသွားပြီးချင်ချင်းမသတ်ခဲ့တာဘဲ ကျေးဇူးဘဲတင်ရမလား ဒေါသဘဲထွက်ရမလားတောင်မသိခဲ့...အခုလည်းrosieတို့သုံးယောက်ရဲ့ပေါက်စကဥယာဥ်ထဲမှာအစွမ်းသုံးကာလေ့ကျင့်နေပြန်သည် rosieတို့သုံးယောက်မှာထိုင်သာကြည့်နေမိတယ် ကလေးရဲ့မျက်ဝန်းထဲမှာတစ်ခါမှမတွေ့ဖူးတဲ့စိတ်အားထက်သန်မှုတွေကိုတွေ့နေရတယ်...
တိုက်ပွဲနေ့....
အကုန်ပြင်ဆင်ပြီးကြပြီသာမန်လိုမဟုတ်ဘဲစစ်ဝတ်စုံအပြည့်နဲ့သာစစ်တိုက်မယ့်နေရာကိုထွက်ခဲ့ကြတယ်
At li's side
Liဒီအချိန်ကိုစောင့်ခဲ့ရတာကြာပြီသေဆုံးသွားတဲ့liမိဘတွေအတွက်သွေးကြွေးဆပ်ရမယ့်အချိန်ကိုရောက်ခဲ့ပြီ ရက်စက်မှုတွေဘဲရှိတဲ့jeonကိုတရားမျှတစွာနဲ့ရက်စက်စွာအဆုံးသတ်ပေးရမှာပေါ့...အရာအားလုံးပြီးသွားရင်appaနဲ့ommaဆီစိတ်သန့်သန့်နဲ့သားလာခဲ့ပါ့မယ်......။
At jeon side
ဒီနေ့liဆိုတဲ့ကလေးနဲ့တိုက်ခိုက်ရမယ့်နေဘဲ ဘယ်လိုဘဲတားဆီးခဲ့တားဆီးခဲ့ရောက်လာတဲ့နေ့ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ် ကံကြမ္မာကိုကိုယ်တိုင်ပြောင်းလဲပစ်မယ် ငါဒီပွဲမှာလုံးဝအသေမခံနိုင်ဘူး... တိုက်ရမယ့်ပြိုင်ပွဲနေရာကိုရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စိတ်ထဲမှာတော့အနည်းငယ်စို့တက်သွားတယ်...သူ့မျက်ဝန်းတွေနှုတ်ခမ်းတွေကlemiroနဲ့ချွတ်ဆွတ်တူတာဘဲ
Li-" ဘယ်လိုလဲjeon shi ကြောက်နေပြီလား "
ခနဲ့ပြောလာတဲ့အရှေ့ကliဆိုတဲ့ကလေးကိုကြည့်ကာ
Jeon-" မင်းမှားနေပြီနော် မင်းကိုကြောက်ရလောက်အောင် ငါအဲ့လောင်မညံ့ဘူး မင်းသိထားသင့်တာကမင်းအဖေနဲ့မင်းအမေနှစ်ယောက်လုံးကိုတောင်ငါသတ်နိုင်ခဲ့တာနော် ဒီတစ်ခါတော့မင်းကံကြမ္မာမင်းစီစဥ်ပြီး ကိုယ့်သေတွင်းကိုယ်တူးတာဘဲ "
Li-" ကျစ်ခင်ဗျားအပြောမစောနဲ့ဦးပေါ့ဗျာ..."
အဲ့ကလေးကိုကြည့်ရတာတော်တော်စိတ်ဓာတ်ပြင်းထန်နေပုံဘဲ ဒါပေမယ့်jeonကတော့ရအောင်ကံကြမ္မာကိုပြောင်းမှာပါ...လွတ်အောင်ကိုဒီစစ်ပွဲကထွက်မှာ ဒီကိုရောက်နေတာအရောင်ပြတယ်ဆိုတာ သူတို့မသိတာတော့သနားစရာပါဘဲ....
Jenတို့တိုက်ရမယ့်နေရာရောက်တော့ဟိုဘက်ကပညတဲ့ဝံပုလွေအင်းအားကလည်းနည်းတာမှမဟုတ်တာ ဒါပေမယ့်Bamရဲ့ဝံပုလွေတွေကလည်းသူတို့ထပ်လျော့ရင်တောင်နည်းနည်းပါဘဲ jenတို့သုံးယောက်Minaဆိုတဲ့တစ်ယောက်ဆီအကြည့်ရောက်တော့သူကliကိုသာစူးစိုက်ကြည့်နေတယ် liကတော့jeonကိုသာကြည့်နေတယ် ခနနေတော့ ဘင်ခရာမှုတ်တာနဲ့အကုန်လုံးအသွင်ပြောင်းသွားကာစတင်တိုက်ခိုက်ကြတယ်
Jenတို့ကတော့ဒီဘက်မှာတိုက်နေကာBamကတော့သူ့အကိုဝမ်းကွဲMinoဆိုတဲ့တစ်ယောက်နဲ့တိုက်နေတယ် သွေးစုပ်ဖုတ်ကောင်တွေကသွေးသားအချင်းချင်းပြန်မသတ်တဲ့အကြောင်းကိုသိနေတာကြောင့်jiကသာအဲ့တစ်ယောက်ကိုအဆုံးသတ်ပေးဖို့လုပ်တော့တယ်
Ji-" ဟေး ဖြည်းဖြည်းပေါ့ မင်းကငယ်ပါသေးတယ်..."
Minoရဲ့လည်တိုင်ကိုညစ်ကာပြောလိုက်တာကြေုင့်Minoတစ်ယောက်လေပေါ်ကိုအလိုလိုမြောက်တက်သွားရတယ် jiအတောင်ပံနဲ့ရိုက်ချရင်တောင်သေလောက်မယ့်အပျော့လေးကသူ့အဖေအားကိုးနဲ့မာန်ဖီနေတာပါ ရန်ထောင်နေတဲ့အရှေ့ကကောင်ကိုကြည့်မရတာကြောင့်အတောင်ပံကိုအရှိန်တင်ကာဟိုးအမြင့်ထိပျံသန်းကာလွှတ်ချလိုက်တော့ အုန်းဆိုတဲ့မြည်သံနဲ့အတူမြေပြင်မှာသွေးအလိမ်းလိမ်းနဲ့အသက်ထွက်သွားတဲ့သူ့ကိုjiကြည့်ကာမဲ့ပြုံးပြုံးလိုက်တယ် အရင်တစ်ခါliရှိတဲ့နေရာကိုသတင်းပေးတာသူဆိုဘဲ အခုတော့စပ်စုအချိန်မရှိအာချောင်ခွင့်မရဘဲကိစ္စပြီးသွားတာပေါ့ မြေပြင်ပေါ်ပြန်ရောက်လာတော့သူ့အမကသူ့အလောင်းကိုပွေ့ထားတဲ့ပုံဘဲ....jiကိုစိုက်ကြည့်ကာအရှိန်ပြင်းစွာjiဆီကိုဝင်ရောက်လာတယ် သူ့ခြေလှမ်းတွေကလေပေည်မှာရပ်တန့်သွားခဲ့တယ် rosieအစွမ်းကြောင့်ပေါ့
Rosie-" မင်းကနေရာတကာသိပ်ပါတာဘဲဝေးဝေးသွားစမ်းပါဝံပုလွေမလေးရယ်"
ပြောကာအဝေးကိုပုတ်ထုတ်လိုက်တာကြောင့်သူတော်တော်အီသွားမယ်ပုံပင် ဒါပေမယ့်သူ့ကိုဂရုစိုက်ဖို့အချိန်မရှိခဲ့ပါကျန်တာတွေဆက်လုပ်ရအုံးမှာပေါ့
At li's side
Jeonဆိုတဲ့လူကမသေမျိုးဆိုတော့သာမန်တော့မဟုတ်ဘူးဘဲ liအစွမ်းကိုတောင်ရှောင်ခွင်းနိုင်တဲ့လျင်မြန်တဲ့အစွမ်းတွေရှိတယ် သူတစ်ယောက်ကိုတင်တိုက်ခိုက်နေရတာliအတော်ပင်ဒေါသထွက်ကာအတောင်ပံကိုဖြန့်ကျက်လိုက်တယ်
Li-"..ရားးး lee jeon ဒီနေ့ကခင်ဗျားသေနေ့စေ့တဲ့နေ့ဘဲ... "
Jeonလည်ပင်းကိုခပ်ကြမ်းကြမ်းညစ်ထားတုန်းအနောက်ကနေliအကျောပြင်ပေါ်ရောက်လာတဲ့ကုတ်ချက်တစ်ခု
Li-" အားးးး.."
အဲ့အချိန်မှာဘဲjeonက တောထဲကိုပြေးဝင်ပျောက်ကွယ်သွားတယ် ဒေါသတွေအထွပ်အထိပ်ရောက်ကာလှည့်ကြည့်လိုက်တော့ ဟိုအမျိုးသမီးအိမ်မက်ထဲမှာရင်းနှီးနေတဲ့အမျိုးသမီး
Mina-" တို့မင်းကိုမသတ်ချင်ပါဘူး ဒါပေမယ့် appaအမိန့်ကိုလည်းတို့မလွန်ဆန်ချင်ဘူး....."
Li-" liလည်းunnieကိုမတိုက်ခိုက်ချင်ပါဘူးဒါပေမယ့်လည်းတောင်းပန်ပါတယ် ကံကြမ္မာသံသရာလဘ်နေတာကိုဒီမှာဘဲအဆုံးသတ်လိုက်ပါ"
Liစွမ်းအားနဲ့စောင့်တွန်းလိုက်တာကြောင့်အဝေးတစ်နေရာမှာကျရောက်သွားတဲ့unnieကိုကြည့်ကာ jeonပြေးဝင်ခဲ့တဲ့တောထဲကိုလိုက်ဝင်ခဲ့တယ်liညစဥ်အိမ်မက်အကြောင်းကိုliသာသိနေသည်မို့unnieကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ် အမှန်တော့မတိုက်ခိုက်ချင်ခဲ့ပါသူလည်းဝဋ်ကြွေးတွေမကုန်သေးဘူးလေ အရင်ဘဝကဆုတောင်းကိုliကဖြည်ဆည်းပေးလို့သဘောထားပေးပါunnie liကိုunnieသတ်ခွင့်မရပါဘူး လှည့်စားလွန်းတဲ့jeonဒီတစ်ခါတော့ခင်ဗျားသေရမယ်...တောထဲရောက်တော့ပျောက်နေတဲ့jeonကြောင့်liအာရုံခံကာအမြန်ရှာတော့ liအရှေ့နှစ်မိုင်လောက်မှာပင်သူရှိနေသည်လေ အတောင်ပံကိုဖြန့်ကာအမြင့်ကိုပြန်သန်းပြီးjeonရှိတဲ့နေရာကိုအရောက်သွားကာသူ့ရှေ့မှာတင်ပိတ်ရပ်လိုက်တယ်
ပြေးနေရင်းအရှေ့ကနေပိတ်ရပ်လာတဲ့သူကိုကြည့်ကာjeonzလန့်သွားမိတယ်
Jeon-" မင်း...မင်းမသေသေးဘူးလား"
Li-"ဟားးးဟားးခင်ဗျားကိုခင်ဗျားလည်လှပြီထင်နေလား ခင်ဗျားသမီးလည်းliကိုမသတ်နိုင်ပါဘူးအရင်ဘဝကသတ်လို့ရခဲ့ပေမယ့်အခုတော့မရဘူး...ခင်ဗျားလည်းအခုခံစားရမယ် "
Jeon-" မင်းအရင်ဘဝကိုမှတ်မိနေတာလား "
Li-" အိုးးသိပ်ကြောက်သွားလား...မကြာသေးခင်အချိန်တစ်ခုကမှမှတ်မိခဲ့တာခင်ဗျားလည်းသိနေခဲ့တယ်မဟုတ်လား ခင်ဗျားကအရင်အတိုင်းဘဲကိုယ်ကျိုးအတွက်ဘဲကြည့်ပြီးရုတ်မာလွန်းတဲ့လူဒီနေ့တော့ခင်ဗျားရဲ့ဘဝကိုliကအပြီးအပိုင်ဇီဝိန်ချွေပေးမယ်.."
Jeon-"ငါတောင်းပန်...."
စကားတောင်မဆုံးသေး လည်ပင်းကိုညစ်ကာမီးတောက်နေတဲ့အကြည့်နဲ့ကြညံလာတဲ့သူကြောင့်jeonလန့်သွားခဲ့တယ်
Li-" အခုချိန်မှာခင်ဗျားစကားတွေပြောနေလည်းအပိုဘဲ....."
ပြောပြီးတာနဲ့liရဲ့လက်စွဲတော်ဓားဟာလက်ထဲမှာပေါ်လာခဲ့တယ်ဒီဓားဟာjeonကိုသတ်နိုင်တဲ့ဓားပေါ့အတောင်ပံကိုဖြန်ကာအပေါ်ကိုပျံသန်းရင်းjeonရဲ့ရင်ဝကိုဓားနဲ့စောင့်ထိုးကာလှည့်လိုက်တာကြောင့် jeonဟာအသက်မျှင်မျှင်လေးသာရှုနိုင်တော့တယ် liလည်းliကနေလွှတ်ချလိုက်တာကြောင် ဗုန်းဆိုတဲ့အသံကိုကြားရတော့မှာမြေပြင်ကိုဆင်းသက်ကာသေချညကြည့်နေမိတယ် ဒါတောင်သူ့ကဆက်ငင်ဆက်ငင်နဲ့liကိုကြည့်နေသေး
Jeon-" အဟွတ်... မင်းမျက်ဝန်းတွေက....ဟမ်...lemiorနဲ့အရမ်းတူတာဘဲ...."
ပြောပြီးတာနဲ့သူ့အသက်ဟာကုန်ဆုံးသွားတယ် အောင်နိုင်သူဖြစ်သွားတဲ့အချိန်မှာသူရဲ့ရုပ်အလောင်းကိုလက်ကဆွဲကာစစ်ပွဲအတွင်းကိုယူလာတော့အကုန်လုံးကအရိုအသေပေးကာစစ်ပွဲကိုပိတ်သိမ်းလိုက်ကြတယ် ဟိုအမျိုးသမီးကတော့ liစောင့်တွန်းမှုကြောင့်သွေးအန်ပြီးသေဆုံးသွားတာကိုအာရုံကနေသိနေခဲ့တယ်အဲ့အတွက်လည်းliကြိုတောင်းပန်ခဲ့ပါတယ်နောင်ဘဝကျရင်တော့unnieကို ကိုယ်ပိုင်လွတ်လက်မှုနဲ့အရာအားလုံးကိုစိတ်ကြိုက်ရွေးချယ်နိုင်တဲ့သူတစ်ယောက်ဖြစ်စေချင်ပါတယ်....။
#Chapter-"Twenty-Four"(end)
#
YOU ARE READING
Your Everything Must Be Mine....🔥
Fanfiction3ယောက်က1ယောက်တည်းကိုချစ်မိတဲ့ပုံစံပါ မတူတဲ့ပုံစံရေးဖို့စီစဥ်ထားတာပါတခြားအရင်ကရေးခဲ့တဲ့ပုံစံတွေနဲ့မတူအောင်ပေါ့......အားယားပြီးရေးချင်လွန်းလို့တင်လိုက်ပါပြီ အစချီပြီသိမ်းထားတာကြာနေပြီ