Arc3-8

2.1K 218 0
                                    

လရောင်ကြီး၏အောက်တွင်ထိုင်နေသူတစ်ဦး.....။
မင်ဝမ်ပင်.......။
ထိုင်နေရင်းမှဘေးသို့တစ်ဦးတစ်ယောက်ယောက်လာသည်ဟူသောအတွေးကြောင့်ကြည့်လိုက်လေ၏........။

" အားရွယ်.."

မျှော်လင့်ထားဟန်မတူချေ......။
အံသြသွားဟန်မျက်ဝန်းတို့ကလရောင်အောက်တွင်ပိုမိုကြည်၍ကောင်းနေလေသည်......။

မည်သည့်အကြောင်းအရာကြောင့်မိမိမသိချေ.......။
ထိုမျက်ဝန်းပြာလေးတို့အားမိမိနှစ်သက်သည်......။မူလကအားရွယ်သည်မိမိငယ်ငယ်တည်းကမြတ်နိုးရသည့်ညီငယ်လေးမို့....ညီအစ်ကိုသံယောဇဉ်ဟုသာတွေးခဲ့ရသည်......။

သို့သော်မိမိနှင့်ဈေးလမ်းလေး၌တိုက်မိခဲ့သည်ကောင်လေးတစ်ဦး.....။ထိုကောင်လေးသည်တစ်ခုခုအားအလျင်လိုနေဟန်ဖြင့်မိမိကိုပင်ဂရုမစိုက်နိုင်ခဲ့ချေ..........။

ထို့နောက်ကျန်ခဲ့သည်ကျောက်စိမ်းဆွဲပြားလေးသည်မိမိ၏မြတ်နိုးဖွယ်တစ်ဦးတည်းသောသူဟူ၍ထောက်ပြနေ၏......။

ယခုနောက်ပိုင်းတွင်တော့တွေ့လေစွဲလမ်းမိလေဖြစ်ကာပိုင်ဆိုင်လိုစိတ်တို့ကကြီးစိုးနေလေသည်......။

မည်သို့သောအစ်ကိုမျိုးကညီလေးဟူသည့်အတွေးဖြင့်ပိုင်ဆိုင်ချင်မည်နည်း...........။

ဟန်ရွယ်၏အနားသို့တဖြည်းဖြည်းတိုးလျှောက်သွားကာ...မိမိ၏လက်အစုံတို့သည်ဟန်ရွယ်၏ပါးပြင်ပေါ်သို့...........။

ထို့နောက်ပါးပြင်မှသည်နူးညံ့လွန်းလှသည့်နှုတ်ခမ်းဆီသို့......။
မင်ဝမ်မိမိ၏စိတ်တို့အားထိန်း၍မရ......ထိုနှုတ်ခမ်းပါးတို့သည်တစ်ခုခုအားဆာလောင်နေသယောင်.......။

ပြင်းပြလာသည့်ရမ္မက်တို့ကမိမိအားအနိုင်ယူသွား၏.......။
မိမိ၏နှုတ်ခမ်းတို့သည်ရှေ့မှလူသားလေး၏နှုတ်ခမ်းပါးလေးဆီသို့.....။

ပထမဆုံးသောအနမ်းမို့ထင်သည်....နမ်းရှိုက်လေတောင့်တလေ....။
ချိုမြိန်လွန်းလှသည့်နှုတ်ခမ်းပါးတို့ကြောင့်ထပ်ခါထပ်ခါနမ်းရှိုက်မိ၏......။

ထို့နောက်ခပ်ဖွဖွကိုက်လိုက်လေတော့
' အ´နာကျင်သွားသည့်နှုတ်ခမ်းတစ်စုံခပ်ဟဟလေးဖွင့်လာ၏.....။
ထို့နောက်ကျူးကျော်လာသည့်လျာတစ်စုံကဟန်ရွယ်၏အာခံတွင်းထဲသို့......။

Devil system (Unicode)Where stories live. Discover now