Arc3-5

2.4K 247 0
                                    

" အားရွယ်...အားရွယ်...သားလေးပြန်လာပြီလား.."

ဟန်ရွယ်အိမ်တော်သို့ရောက်သည်နှင့်ဖခင်နှင့်မိခင်ဆီသို့ဦးစွာဂါရဝပြုလိုက်သည်......။

ထုံးစံအတိုင်းဖခင်သည်တော့အေးဆေးနေမြဲ....သို့သော်လည်း...သားတို့အားမိခင်ကပိုချစ်သည်ဟူသောစကားနှင့်အညီမိမိကိုစိတ်ပူးပေးသည့်လူရှိသည်ဟူသောအတွေးသည်နှင့်မိမိအားပိုမိုအားတက်စေသည်.....။

မိမိအားဂရုမပြုသော်လည်း...ဖခင်ဟူသည့်စိတ်ကိုထည့်၍ဂါရဝပြုုလိုက်သည်.......။

" ညီမတော်လေးရောအဆင်ပြေပါရဲ့လား.."

ဟန်ရွယ်ဘေးနားတွင်ရောက်နေသည့်ညီမတော်အားမေးလိုက်သည်......။

ဝမ်ရယ်၏မိန်းမဖြစ်သွားသူမို့မာနသည်ခေါင်ခိုက်နေလေသည်....သို့သော်လည်းမိမိဂရုမစိုက်ချေ.....ယခုဆိုလျှင်သူမသည်မူလဇာတ်လမ်းနှင့်လွဲချေပြီဖြစ်သည်......။

အိမ်ထောင်ရှိနေပြီဖြစ်၍မိမိအားလုပ်ကြံရန်ဟူသည့်သူ၏အတွေးတို့သည်ဝေးကွာလောက်ချေပြီဖြစ်သည်.......။

ဟန်ရွယ်မိမိအတွေးနှင့်မိမိမို့ပြုံးနေမိသည်.......။

" နေကောင်းပါတယ်...အစ်ကိုတော်ရောကျန်းမာပါရဲ့လား...ကြည့်ရတာတော့....ခန္ဓာကိုယ်ကအရင်ကထက်သန်မာလာတယ်ထင်တယ်..."

မိမိအားခနဲ့တဲ့တဲ့ဆိုလာသည့်သူမ...........။

" သန်မာလာသင့်တာပေါ့...ဘာလို့ဆို...ရန်သူဆိုတာဘေးနားမှာရှိနေရင်တောင်သိနိုင်တာမဟုတ်ဘူးလေ...အရင်လိုသာပျော့ညံနေခဲ့ရင်...ဒီကအစ်ကိုတော်ညံရာကျနေပြီပေါ့...မဟုတ်ဘူးလား...လူတကာကိုနိုင်ခွင့်မပေးသင့်တော့ဘူး....အခြေအနေအရကိုယ့်ကိုတက်နင်းသွားမဲ့လူကြီးပဲလေ...."

ဟန်ရွယ်မိမိအပြောကြောင့်မဲမှောင်ကျသွားသည့်လူတစ်ချို့၏မျက်နှာတို့အားအကဲခတ်ကာစကားတို့အားရပ်လိုက်လေသည်......။

" အာ..ဒီကအစ်ကိုတော်စကားများသွားတယ်...အနားယူဖို့သွားလိုက်ပါအုံးမယ်.."

**********************

" ဟွန့်....အလကား...လူကြည့်တော့ပျော့ညံတဲ့စိတ်ကအခုထိမပျောက်သေးပဲ...ဂုဏ်ယူချင်နေတာ..ဟန်ရွယ်...နင်အဲ့လိုလုပ်တော့ရော....အဖေကနင့်ကိုအထင်ကြီးလာမယ်ထင်နေလား.."

Devil system (Unicode)Tempat cerita menjadi hidup. Temukan sekarang