Zအိမ်ပြန်ရောက်သည့်အခါပိုင်ရှင်မဲ့နေသည့်ခြံဝန်းနှင့်အိမ်ကြီးသားရှိလေသည်...။
ဇာတ်လိုက်မ၏အဖေသည်မူလပိုင်ရှင်၏အမေနှင့်ယူပြီးမည်မျှပင်မကြာဆုံးသွားလေသည်....။
ထို့ကြောင့်အမေကသာဇာတ်လိုက်မရောမိမိကိုပါစောင့်ရှောက်ပေးခဲ့လေသည်...။
မိန်းမသားတစ်ဦးပေမို့စီးပွားရေးအခက်မတွေ့စေရန်မိသားစုစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားလေသည်......။
မူလပိုင်ရှင်၏အမေသည်သူ၏သားထက်ပင်ဇာတ်လိုက်မကိုပို၍ဂရုစိုက်ပေးခဲ့သော်လည်း..ဇာတ်လိုက်မ၏မုန်းတီးခြင်းကိုသာရရှိခဲ့လေသည်.....။
ယခုမိမိဤကမ္ဘာသို့ရောက်ရောက်ခြင်းမူလပိုင်ရှင်၏အမေမှာဇာတ်လိုက်မ၏စနက်ကြောင့်သေသွားလေပြီ......။
'ကြာပန်းဖြူလေးသိပ်လုပ်ချင်နေရင်ကိုကိုကကူညီပေးရမှာပေါ့...´
Zအိတ်တစ်လုံးထဲသို့လိုအပ်သည်တို့ကိုထည့်ကာထွက်လာခဲ့လိုက်သည်.....။
ထို့နောက်သူ၏ခြေလှမ်းတို့သည်မည်သည်သို့ဦးတည်နေပါသနည်း.....။
ဇာတ်လိုက်မရှိရာဤကမ္ဘာ၏ဇာတ်လိုက်ရှိရာသို့......။
မိမိ၏စိတ်ကူးသည်အကြောင်းမဲ့အမေဆုံးရှုံးလိုက်ရသည့်ဤမူလပိုင်ရှင်အတွက်...သူကိုယ်တိုင်သိမသွားပေမဲ့လည်းပေါ့....။
ပြီးတော့မိမိ၏တာဝန်အချစ်ရှာတွေ့ရန်အတွက်...။
******************************
" သူဘယ်သွားတယ်..ဘာလုပ်တယ်ဆိုတာငါ့ကိုအကုန်အစီရင်ပြန်ခံ...ဒါပေမဲ့....မရိပ်မိစေနဲ့..ဟိုကသတိထားမိသွားတယ်ဆိုရင်မင်းအသက်ကိုမင်းဘာသာစီရင်ခဲ့......"
" ဟုတ်ကဲ့ဆရာ.."
အသက်ငယ်ရွယ်သော်လည်းသြဇာမာန်ပြင်းလှသည့်သူ......။ထိုသူ၏
လက်ထဲတွင်တော့ဆိုင်ထဲမှထွက်လာသည့်ကောင်ငယ်လေးတစ်ယောက်၏ပုံဖြစ်လေသည်.......။ထိုသူသည်အခြားလူမဟုတ်ပေ...ဤကမ္ဘာ၏ဒုတိယဇာတ်လိုက်ပင်..။
*************************
Zတစ်ယောက်system၏အကူအညီဖြင့်ဇာတ်လိုက်မ၏ဖုန်းနံပါတ်အားစုံစမ်းလိုက်သည်....။
YOU ARE READING
Devil system (Unicode)
Science FictionဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေးဖို့ဒါပေမဲ့လဲအခုဖတ်နေတဲ့သူတွေကရရောကုန်မှာဆိုးလို့ပါ ဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေ...