အထပ်ဆယ့်ငါးထပ်ရှိသည့်အဆောက်အအုံတစ်ခု၏ခေါင်မိုးထပ်......
ကျရောက်နေသည့်ညနေဆည်းဆာအရောင်လေးသည်လှပလွန်းလှသည်။
တစ်ချက်ချက်တိုက်ခိုက်လာသည့်လေပြေများကတူတွဲထိုင်နေသည့်ထိုကောင်လေးနှစ်ဦးအားကျီစယ်နေဟန်တူ၏....။Rမိမိဘေးမှအကောင်ပေါက်စလေး၏လေအဝှေ့တိုက်ခိုက်သွားတတ်သည့်ဆံနွယ်တို့ဆီမှထွက်ပေါ်လာသည့်အသံတို့အားနားစိုက်ထောင်နေ၏.....။
လေအဝှေ့၌မှိတ်သွားတတ်သည့်မျက်ဝန်းတို့ကလဲလှပလွန်းလှသည်...။
Rမိမိစိတ်တို့ချုပ်တည်း၍မရနိုင်ချေ.....။အမှန်ဆိုမိမိသတိရနေသည်မှာတစ်ပတ်ပင်ကြာနေလေပြီ....။
ပေါက်စလေးသည်တော့မိမိဘေးတွင်ယခုထိတိုင်ရှိနေပေဆဲမို့အိပ်မက်နှင့်ပင်မခြားနေ.....။
မိမိပေါက်စလေးအားစတွေ့တွေ့ချင်းနေ့တွင်ပင်သဘောကျခဲ့ရသည်....။
***************************
Rimနှင့်မိမိစတွေ့ချိန်၌သူမရှေ့တွင်လူတစ်ယောက်အသက်ကဆုံးရှုံးနေလေပြီ....။မူလအသိစိတ်ရှိမနေသည်မို့....Rim၏လုပ်ရက်အားမတားမိခဲ့ချေ...။
သို့သော်လည်း....မိမိကိုတွေ့သည်နှင့်မေ့လဲသွားသည့်သူမကြောင့်သူငယ်ချင်းရှိရာဆေးရုံကိုသာပို့ပေးလိုက်သည်....။မိမိတော့ဆက်၍စောင့်မနေခဲ့ချေ...။
ူသူမသတိရလာလျှင်တော့မိမိတွေ့ခဲ့ရသည့်အကြောင်းအရင်းတို့အားမေးရပေမည်....။နောက်ရက်Reဆီမှဖုန်းဝင်လာသည်ကအတိတ်မေ့သွားသည်တဲ့....ပထမတွင်တော့မည်သည့်ထိခိုက်ဒဏ်ရာမျှရှိမနေသည့်သူမကအတိတ်မေ့သည်ကိုတော့မိမိမယုံခဲ့ချေ.....။
သူငယ်ချင်းဖြစ်သူ၏စကားကြောင့်ကြာယုံခဲ့လိုက်သည်.....။
" သူ့ပုံစံကြည့်ရတာအားနည်းနေတယ်ကွ...မေ့နေတာတောင်ကြောက်အားလန့်အားအော်နေရှာတာ...ကြည့်ရတာသူမတော်တော်ဒုက္ခရောက်ခဲ့ရပုံပဲ....ဒါပေမဲ့သူမနိုးလာတော့ဘယ်သူကိုမှဘာကိုမှမမှတိမိဘူးတဲ့...ငါလဲစောင့်ကြည့်ချင်တယ်ကွ...ဒီအတိုင်းသူမိသားစုဆီပြန်ပို့လိုက်လို့...သူမဒက္ခရောက်သွားရင်ရော.."
YOU ARE READING
Devil system (Unicode)
Science FictionဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေးဖို့ဒါပေမဲ့လဲအခုဖတ်နေတဲ့သူတွေကရရောကုန်မှာဆိုးလို့ပါ ဒါကUnicodeမရခဲ့တဲ့အပိုင်းတွေအတွက်ပြန်ရေးပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်အစကဟိုအထဲမှာပဲတင်ပေ...