တောင်ကိုရီးယား အမျိုးသားသိပ္ပံနှင့် နည်းပညာဌာနချုပ်အလင်းမှုန်နှင့် အချိန်ဆိုင်ရာ နည်းပညာစမ်းသပ်ခန်း
“လှိုဏ်ခေါင်း အသင့်ဖြစ်ပြီလား”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ရှုပ်ထွေးပွေလီလှသော စက်ပစ္စည်းများနှင့် ကွန်ပျူတာများကြားတွင် ကုတ်ဖြူဝတ်လူများသည် အသိုက်ဆောက်စ ပျားအုံတစ်အုံကဲ့သို့ပင် တက်ကြွစွာနှင့် စိတ်လှုပ်ရှားစွာ အလုပ်လုပ်နေကြသည်။
၎င်းတို့၏ ပျားဘုရင်မသည်ကတော့ ထူးခြားသော ပုံစံရှိသည့် သတ္တုလှိုဏ်ခေါင်းတစ်ခုရှေ့တွင် မားမားမတ်မတ်ရပ်လျက် ၎င်းမှ သဲ့သဲ့လေး ဖြာထွက်နေသည့် အလင်းကို ကြည့်နေသည်။သူသည် လှိုဏ်ခေါင်းအတွင်းသို့ ဆက်သွယ်ထားသည့် လမ်းပေါ်မှ ယာဉ်ငယ်ထဲသို့ ဝင်တော့မည့် အစမ်းသပ်ခံယာဉ်မှူးအား ထပ်တလဲလဲ မှာလျက်ရှိသည်။
“သေချာမှတ်ထားနော်။ခန္ဓာကိုယ် ပုံမှန်မဟုတ်ဘူးလို့ အချက်ပေးလာရင်၊ စက်က ဖိအားဒဏ်ကို မခံနိုင်တော့ရင် ချက်ချင်း ဒီကို ပြန်ဆက်သွယ်ပါ”
“ဟုတ်ကဲ့ပါ ဆရာ”
“ကင်မရာဖွင့်ထားပြီလား။စက်ကိုရော သေချာစစ်ပြီးပြီလား”
“ဟုတ်ကဲ့ အကုန်လုံး သေချာစစ်ပြီးပါပြီ”
“ကောင်းပြီ”
သူသည် အနည်းငယ်တုန်ယင်နေသော လက်တို့ဖြင့် ယာဉ်မှူး၏ ပုခုံးအား ဆုပ်ကိုင်ရင်း အားပေးလိုက်သည်။
သူနှင့်အတူ စမ်းသပ်ခန်းတစ်ခုလုံးသည်လည်း ထိုယာဉ်မှူး ဝင်သွားသည်မှ စ၍ ရင်တမမနှင့် စောင့်ကြည့်နေကြ၏။ပင်မမော်နီတာတွင်လည်း ဘာမှ ပေါ်မလာသေး။သူတို့သည် မည်းမှောင်နေသော ဖန်သားပြင်အကြီးကြီးကို ရင်တဖိုဖိုနှင့် ရပ်ကြည့်နေမိကြသည်ပင်။
မိနစ်အနည်းငယ်ကြာသည့်အခါတွင်တော့ ထယ်ယောင်း စိတ်ပူပန်စပြုလာသည်။
သည်စမ်းသပ်ချက် အောင်မြင်ပါ့မလား။
သို့ရာတွင် သိပ်မကြာလိုက်။ပင်မမော်နီတာကနေ အသံထွက်လာသည်။
YOU ARE READING
The Second Ending(Eden Contest)
Fanfictionတချို့နှလုံးသားတွေက ကမ္ဘာကြီးရဲ့ နိယာမတွေထက်တောင် ခိုင်ခံ့ကြတယ်။ မင်းဟာ အချိန်ကို အရူးလုပ်နိုင်တဲ့ ဖန်ဆင်းရှင်တစ်ယောက်ဖြစ်လာခဲ့ရင်တောင် ဒါကို မပြောင်းလဲနိုင်ဘူး။ Cover by Jaejoong Htike