သူရဲဘော‌ကြောင်ခြင်း(သူရဲဘောကြောင်ခြင်း)

502 72 1
                                    

The biggest coward is a man who awakens a woman's love with no intention of loving her
                                                                           -Bob Marley

သူရဲဘောအကြောင်ဆုံးယောကျာ်းတစ်ယောက်ဆိုတာ ကိုယ့်ဘက်က ပြန်ချစ်ပေးဖို့ရည်ရွယ်ချက်မရှိတဲ့ မိန်းမတစ်ယောက်ရဲ့အချစ်ကို နိုးထစေခဲ့တဲ့သူပဲ။

_____________The Second Ending

သူ့ခေါင်းတစ်ခုလုံး ထုံကျင်သွားပြီးနောက် သူဟာ အတိတ်၏ မြင်ကွင်းတစ်နေရာသို့ ရောက်လာခဲ့ရသည်။

ဆိုးလ်ခရိုင် ဆယ်ယောင်းအမျိုးသားအထက်တန်းကျောင်း ...

သူသည် အတိတ်က အမှတ်တရမှတ်တိုင်တစ်ခုသို့ ရောက်ရှိလာပုံပင်။

ကျောင်းဖွင့်ကာစ အချိန်............ပထမဆုံးနေ့မို့ ကျောင်းသားတွေသည် နာရီဝက်ထက်ပင် စော၍ ကျောင်းသို့ တက်သုတ်ရိုက်ကာ အပြေးအလွှား ရောက်လာကြပြီဖြစ်သည်။သူ မှတ်ဉာဏ်များအရ ကောင်းကင်ကို မော့ကြည့်လိုက်တော့.......

မဲနက်နေသော တိမ်စိုင်တိမ်လိပ်များက မျက်စိတဆုံးပင်။အေးစက်စက်လေကလည်း အရပ်လေးမျက်နှာမှ ဖြည်းဖြည်းချင်း တိုက်ခတ်လာသည်။

ကြည့်ရတာ ကျောင်းသားများ လောနေသည်မှာ မိုးမိမှာလည်း ကြောက်ကြလို့ဖြစ်မည်။

ထယ်ယောင်း ကျောင်းမုဂ်ဝနှင့် ခပ်လှမ်းလှမ်းမှာ ရပ်၍ သူနှင့် မစိမ်းသော်လည်း မရင်းနှီးသော သည်မြင်ကွင်းကို ကြည့်နေမိသည်။သူ့စိတ်မှာ ဘာရယ်လို့မှ ထူးထူးခြားခြား အောက်မေ့သတိရခြင်းမရှိ။

သူ ရှာနေသည့်သူကို အာရုံစိုက်၍ ရှာလိုက်သည်။အပင်အုပ်အုပ်ကြီးအောက်တွင် အရိပ်ခို၍ ကျောင်းသားများကြား လိုက်လံရှာဖွေနေစဉ်မှာပင်......

“ဒီမှာ ဘယ်သူ့ကို လိုက်ရှာနေတာလဲဗျ”

သူ့နောက်ကျောဘက်မှ အသံက သူ့အာရုံကြောအားလုံးကို ရပ်ဆိုင်းသွားစေပြီး နှလုံးတစ်ခုတည်းသာ ပြင်းပြင်းထန်ထန် ခုန်ပေါက်လာစေတော့သည်။

နောက်သို့ လှည့်မိတော့........

နီညိုရောင် ယူနီဖောင်း ....နက်ပြာရောင်နက်ကတိုင်.......အနည်းငယ်ပုံသွင်းထားသော ခပ်လုံးလုံးဆံစများ။စက်ဘီးလေးကို တွန်းလျက် သူ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသောသူ။

The Second Ending(Eden Contest)Where stories live. Discover now