314 58 0
"မင်းနှုတ်ခမ်းတွေက ငါ့ကို ကျိန်စာတိုက်နေပဲလဲ ငါကတောာ့ မကြားချင်ယောင်ဆောင်နေဆဲပါပဲ
မင်းနှလုံးသားက ငါ့ကို ပစ်ပယ်နေလဲပဲ ငါကတော့ မမြင်ချင်ယောင်ဆောင်နေဆဲပါပဲ
ငါ့မျက်ရည်တွေရဲ့ အဓိပ္ပာယ်ကို မသိဘူးလား
လမ်းခွဲကြဖို့ ပြောနေတာ မဟုတ်ပါ......ပွေ့ဖက်ပေးထားစေချင်တာပါ"
ဂျွန်က သူ့playlistထဲက သီချင်းတစ်ပုဒ်ကို နားထောင်ရင်း ဝေဖန်နေ၏။
"ဒီသီချင်းက သိပ်ကို အဆိပ်အတောက်ဆန်လွန်းတယ်။အချစ်သီချင်းကို ဒီလောက်စိတ်ပျက်စရာကောင်းအောင် ရေးရသလား"
"မင်းဆိုရင်တော့ ဒီထက်ကောင်းအောင် ရေးနိုင်မှာပါ"
ဂျွန့်မျက်နှာဖြူဖြူလေးက အပြုံးတစ်ခုဖြင့် ဝင်းပသွားသည်။
"ဟုတ်လား။မင်းရော အဲ့လို ထင်လား"
"အင်း"
တကယ်တော့ သူMad Clownရဲ့ သီချင်းတွေကို နှစ်သက်ပါသည်။
"မင်းဒီနေ့ အိမ်မှာ လိုက်အိပ်မလား"
မိသားစုရယ်လို့ စိုစိုပြည်ပြည် မရှိသော အိမ်တွင် သူသည် အိမ်ဖော်များကိုသာ အဖော်လုပ်၍ နေခဲ့ရသဖြင့် တစ်ခါတရံ ဂျွန်သူနှင့် အချိန်ဖြုန်းသည့်အခါ မိုးထိအောင် ပျော်၍ နွေးထွေးရသည်လေ။
ဂျွန်က သူ့မူပိုင်နှုတ်ခမ်းဆူသည့်အမူအရာဖြင့် စဉ်းစားနေသလိုလေးလုပ်သည်။နောက်တော့ ခပ်သာသာလေး ခေါင်းခါပြသည်။
"ငါဒီနေ့ ညကျလုပ်စရာရှိသေးတယ်။ငါ့တီးဝိုင်းနဲ့ အိမ်မှာ လေ့ကျင့်ဖို့ချိန်းထားတယ်"
"ဩော် ဟုတ်လား"
ဆူပုပ်သွားသော သူ့ကို ဂျွန်က တချက်ခိုးကြည့်ပြီး ခပ်ဟဟရယ်သည်။
"မင်းကလည်း အဲ့လောက်ကြီး စိတ်ဓာတ်မကျပါနဲ့။အထက်တန်းနောက်ဆုံးနှစ်ပဲ ရောက်နေပြီ။တစ်ယောက်တည်းမအိပ်တတ်ဘူးလားကွ"
"အင်း"
တကယ်တော့ အေးစက်အဖော်မဲ့သော အခန်းတစ်ခုနှင့် သူနေသားကျနေခဲ့ပြီဖြစ်သည်။အထက်တန်းနောက်ဆုံးနှစ်စကတည်းက မကြာမကြာ သူ့ဆီမှာ ညအိပ်တတ်သော ဂျွန်ကသာ သူ့နေသားကျမှုကို အလိုလိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်၏။
The Second Ending(Eden Contest)Where stories live. Discover now