သူမဟုတ်သည့် သူ(သူမဟုတ်သည့် သူ)

386 64 0
                                    

"အဲ့ဒါ ကင်ထယ်ယောင်းလား"

"ဘုရားရေ သူအဲ့လောက် ကြည့်ကောင်းမှန်း ငါမသိခဲ့ရပါလား''

ထယ်ယောင်း ၎င်းအာမေဋိတ်များ၏ မြစ်ဖျားခံရာ သူ့ရှေ့မှ ကောင်လေးကို ကြည့်လိုက်ပြီး ကျေနပ်နေမိသည်။

ကြည့်ပါဦး...ပင့်တင်ထားတဲ့ဆံစတွေအောက်က နဖူးကျယ်ကျယ်နဲ့ တောက်ပတဲ့အညိုရောင်မျက်လုံးတွေက လိုက်ဖက်စွာ ခန့်ညားလို့။ဆံစညိုညိုတွေနဲ့ ပန်းနုရောင်နှုတ်ခမ်းပြည့်ပြည့်တွေကလည်း အတိုင်းမသိ နူးညံ့မှုကို ဖော်ဆောင်လို့။မျက်မှန်ထူထူကြီးအစား မျက်ကပ်မှန် အကြည်လေးနဲ့။

ထယ်ယောင်း တက္ကသိုလ်တက်ချိန်မှစ သူ့ကိုယ်သူ ထင်သလောက် ရုပ်မဆိုးမှန်း လက်ခံနိုင်လာခဲ့သည်။သူ့ရုပ်ရည်သည် သပ်သပ်ရပ်ရပ်နှင့် ပြင်ဆင်လျှင် ပြင်ဆင်တတ်သလို ကြည့်ကောင်းသည့်ရုပ်ရည်မျိုးဖြစ်သည်။သူ့ပေါင်းသင်းဆက်ဆံရေးကလည်း အထက်တန်းကျောင်းတုန်းကလောက် မဆိုးတော့ဘဲ တည်ကြည်၍ လူရိုသေသည့် အတန်အသင့် နှစ်လိုဖွယ်ပုံရိပ်တစ်ခုကို ထူထောင်နိုင်လာသည်။သူ့ကိုယ်သူ အတိုင်းအတာတစ်ခုထိ ယုံကြည်မှုရှိခဲ့သည်။

သို့ပေသိ ဂျွန့်နားခစားခွင့်ရသည့်အချိန်မှစ၍ သူခဏခဏတွေးကြည့်မိသည်။

ဂျွန် သူ့ကို အေးစက်စက် မျက်လုံးများနှင့် ကြည့်လေတိုင်း..........အပြုံးတုများနှင့် သူ့ကို နှစ်သိမ့်လေတိုင်း....

သူတကယ်ပဲ မလုံလောက်သေးဘူးလားဟု ခံစားမိသည်။သူ့တည်ရှိမှုသည် သိမ်ဖျင်းနေသေးသလားဟူ၍ သံသယဝင်မိလာ၏။

သို့ရာတွင် နှစ်ပေါင်းများစွာ ဂျွန့်ဆီက စစ်မှန်သော သံယောဇဉ်တစ်စလောက်ကိုတောင် မရခဲ့ချိန်မှာတော့ သူသဘောပေါက်လိုက်သည်။

ဂျွန် သူ့ကို "သူ"ဖြစ်နေသောကြောင့်သာ မချစ်ခဲ့ခြင်းပင်။

"ထယ်ယောင်း...ငါတို့ဒီနေ့ မင်းအိမ်ကို စာလုပ်ဖို့ လိုက်ချင်လို့"

ဂျွန်နှင့် သူ့သူငယ်ချင်းတစ်ခုက‌ ချဉ်းကပ်လာတော့ သည်လိုမိတ်ဖွဲ့ခံရမှုမျိုးနှင့် ‌နေ‌သားမကျသေးသည့် ထယ်ယောင်းလေးက တွန့်ဆုတ်ဆုတ်လေး ‌မေးလာသည်။

The Second Ending(Eden Contest)Where stories live. Discover now