Part 14

4.6K 383 2
                                    

Uni

ကိုယ်လုံးပေါ်မှန်ထဲကမိမိပုံရိပ်ကိုအသူ သဘောကျနေမိသည်....။

ဒီနေ့ မေတ္တာတုံး၊အကြင်နာတုံးကျေးဇူးရှင်ဖြစ်သူနှင့်တွေ့ဖို့သွားရမည်ဖြစ်သည်။

အသူ့အားမှတ်မိသွားရင်ဖြစ်သွားမည့်မျက်နှာကို ပြုံးပြုံးလေးထိုင်ကြည့်နေဖို့မစောင့်နိုင်တော့ဘူး..။

"ကျားကျားရေပြီးပြီလား...သွားရအောင်..."

အိပ်ခန်းထဲကထွက်ရင်းမော့မကြည့်ပဲအော်ပြောလိုက်ပေမယ့်ဘာတုံ့ပြန်သံမှမကြားရ..။

အက်ျီကိုပြန့်အောင်စနစ်ကျအောင်ဆွဲချပြီးနောက်မော့ကြည့်တော့မျက်လုံးကြီးပြူးပြီးအသူ့အားငေးကြည့်နေသော ချစ်ယောကျ်ားကသတိလက်လွတ်ဖြစ်နေသလိုပင်။

"ကို...ဘာကြည့်နေတာလဲ..."

"ဝါး..ချစ်ဆုံးက...လူလူသူသူဝတ်လို့ပါလား...လူမှာအဝတ်တောင်းမှာအကွပ်တဲ့...မှန်လိုက်လေခြင်း...ဒီနေ့မှကိုယ့်လင်ရုပ်ပေါက်တော့တယ်.."

ခါတိုင်း အသူကပဲစုတ်စုတ်ပြတ်ပြတ်နေနေသလိုလို..။ဆေးရုံမှာအနေများသည့်အသူကအမြဲလိုလိုခွဲခန်း၀တ်စုံဖြင့်သာနေရ၏။

"ကိုယ့်ငါးချဥ်ကိုယ်ချဥ်မနေနဲ့...အသူက ခါတိုင်းOT Suit ပဲဝတ်နေရတာကိုး...ဒီလိုပွဲမျိူးမှာအသူကလူလူသူသူဝတ်ပြီးလမိုက်လွှမ်းညရဲ့လင်ရုပ်ထွက်နေရမယ်လေ..ဟုတ်တယ်မလား..."

ခပ်ရွဲ့ရွဲ့ဖြေကာရှေ့ကနေချီတက်သွားသည့်ချစ်ရသူနောက်မိုက်နောက်ကပြေးလိုက်ရင်းချော့ရပြန်၏။

ချစ်ရသူရွှေစိတ်တော်ညိုးရင် မိုက်ပဲရင်နာရအုံးမယ်..။

"ကိုယ်ကစတာပါချစ်ဆုံးရဲ့...ကိုယ့်လင်လေးက ဘယ်ချိန်ကြည့်ကြည့်နဂိုရုပ်ခံရှိတော့ ခန့်ညားပြီးသား...အခုကပိုပြီးရေရေလည်လည်လန်းသွားတာပေါ့..."

ဘေးကနေကပ်ပြီးတတွတ်တွတ်ပြောနေတော့အသူပြုံးမိရပြန်သည်..။

"အခုမှကြည့်မိတယ်..ချစ်ဆုံးကဒီလိုဝတ်လိုက်တော့ ကိုယ်ကသိပ်မခန့်ညားတော့သလိုပဲ..အရောင်တွေမှိန်နေပြီ...ကိုယ့်လက်ကိုချိတ်ပြီး အရောင်တွေဖြာထွက်အောင်မလုပ်ပေးချင်ဘူးလားဟင်..."

လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)Tahanan ng mga kuwento. Tumuklas ngayon