Uni
ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောပုသေးဖောင်းလေး၏လက်ကလေးအားဆုပ်ကိုင်ကာမျက်နှာသေးသေးလေးအားငေးကြည့်နေမိသည်..။
ရောက်တဲ့နေ့ကတည်းကအဖျားတွေတက်ကာ သတိခဏခဏလစ်နေသည်..။
အသက်အန္တရာယ်မရှိတော့ပေမယ့်တစ်ပတ်ကြာတဲ့အထိနိုးမလာသေး..။
"သား...အသူလေး ကျောပိုးအိတ်ထဲကဟာတွေ ထုတ်ကြည့်တော့..ဒါတွေပါလာတယ်.."
ဦးထူးကစာလိပ်လေးနှစ်လိပ်ကို ထုတ်ပေးလာသည်..။
"အင်း..ဦးထူးကြည့်လိုက်လေ..."
"သားကြည့်ဖို့လိုတယ်..အသူလေးက ညိုးနဲ့တွေ့လာတာ..."
"ဟင်..."
ဦးထူးရဲ့လက်ထဲကစာလိပ်တွေကို ဆွဲယူကာ ဖတ်ကြည့်လိုက်၏..။
နေရာမြေပုံအပါအဝင် အသူလေးကို ပြန်ပေးဆွဲတာ ဒေါ်ထွေးငယ်ဆိုသည့်သက်သေရောပါ၏။ထို့အပြင်နောက်ထပ်ကြံရာပါရှိသေးတဲ့အကြောင်းရယ်စုံစမ်းနေဆဲဖြစ်ကြောင်းတို့အားရေးသားထားသည်..။
ကိုဉာဏ်သို့ ဆိုတဲ့စာကြောင့်မိုက်ဉာဏ်ဆီပစ်ပေးလိုက်သည်..။
"မင်းအတွက်တဲ့..ဒီနားမှာပဲဖတ်..."
ဉာဏ့်စာထဲမှာတစ်ခုခုဖုံးကွယ်ထားတာပါမည်စိုးတာမို့ အနားမှာသာဖတ်ခိုင်းရသည်..။
ကိုယ်ရေးကိုယ်တာမို့ မိုက်စည်းကျော်ကာဖွင့်မဖတ်ချင်..။
"သခင်..အကိုလေးကို သူကယ်လွှတ်လိုက်တာဟုတ်တယ်....နောက်ပြီး ညိုး အသက်အန္တရာယ်ရှိနေပြီထင်တယ်..."
"ပြစမ်း..."
မိုက်ယူဖတ်လိုက်တော့စာထဲမှာ မိုက်တို့အားလုံးကို နှူတ်ဆက်ကြောင်းသူတစ်ခုခုဖြစ်သွားပါက အသူလေးတစ်ယောက်သူ့ကိုယ်သူအပြစ်မတင်အောင်နှစ်သိမ့်ပေးဖို့ရေးထားသည်..။
"ဉာဏ်..မင်းသွားကယ်မလား.."
မြေပုံရှိတယ်..လူအင်အားပြည့်တယ် ဒါဆိသွားမကယ်စရာဘာအကြောင်းရှိလဲ..။လက်ထဲကစာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းဉာဏ့်အားမေးတော့အမြန်ပင်ဖြေကြားလာ၏။
JE LEEST
လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)
Romantiekချစ်ရသူကိုကိုယ့်ကောင်လေးလို့ မြတ်မြတ်နိုးနိုးခေါ်တက်တဲ့ လမိုက်လွှမ်းည တစ်ဖက်သတ်ချစ်နေတဲ့ အကိုကြီးကို ငအူစာရင်းသွင်းပြီးအောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ဝေးသူ ခေါ် အသူလေး.. ကဲ ငါးပုဒ်မြောက် fic လေး စီးမျောကြည့်ရအောင်ရှင်