Part 12

4.8K 436 9
                                    

Uni

ဒီနေ့ မေမေဆုံးတာ ၁၁နှစ်ပြည့်သည့်နေဖြစ်တာကြောင့်အသူဆေးရုံမသွားဖြစ်..။

မိဘမဲ့ကလေးကျောင်းတစ်ခုမှာမေမေ့အားရည်စူးပြီး တစ်လစာကျွေးမွေးစရိတ်အပါအဝင် မွေးကင်းစကလေးတို့အတွက်လိုအပ်သောအရာ အားလုံးဝယ်ဖို့အတွက်ပါငွေပမာဏလုံလုံလောက်လောက်လှူဒါန်းခဲ့လိုက်သည်..။

မေမေ ကောင်းရာမွန်ရာရောက်ပါစေ..။

သားက အကုန်ဖော်ထုတ်ပေးမှာမို့ စိတ်ချလက်ချသွားပါ..။သားလိုလူကိုမေမေပြုစုပေးရကျိူးနပ်စေရပါ့မယ်..။

မိဘမဲ့ဂေဟာကပြန်လာပြီးနောက်ကျောက်ပန်းတောင်းသို့သွားကာမေမေ့အုတ်ဂူဆီသွားကန်တော့ကြသည်..။

အသူ့ သွားချင်ရာကို ကိုရော ဒယ်ဒီရော ဦးထူးရောပါ အားလုံးကလိုက်ပို့ပေးရှာ၏..။

မန္တလေးအိမ်ပြန်ရောက်တော့ခရီးပန်းလာကြသည်မို့နှစ်ယောက်လုံးရေချိူးကာအနားယူလိုက်ကြ၏..။

အသူ ကုတင်ပေါ်တက်ခွေကာမေမေ့ဓာတ်ပုံလေးအားမျက်တောင်ပင်မခတ်မိသည့်အထိစိုက်ကြည့်နေမိသည်..။လက်ကလေးဖြင့်လည်းဓာတ်ပုံထဲကမျက်နှာပြင်အားထိတွေ့ပွတ်သပ်နေမိ၏။

မေမေ့ကအသူ့ကိုမျက်ကြည်လွှာလေးတစ်ခုကြောင့်သားအရင်းသဖွယ်ချစ်ပေးခဲ့ခြင်းပင်ဖြစ်၏..။

ဘာသွေးသားမှမတော်စပ်သည့်သူကို သားအရင်းလိုနွေးထွေးပေးခဲ့တာပင်..။

"ချစ်ဆုံး..ကိုယ့်ကောင်လေး..ငိုချလိုက်..စိတ်ထဲမတင်းထားနဲ့..."

ငိုချင်နေပေမယ့်ထိန်းထားသည့်စိတ်ကြောင့်အသက်ရှုသံမြန်လာသည်မို့ ချစ်ခင်ပွန်းကရင်ခွင်ထဲဆွဲသွင်းကာစိတ်လျော့ချဖို့ပြောလာသည်..။

အသူသက်ပြင်းတစ်ချက်ချလိုက်ပြီးခင်ပွန်းဖြစ်သူရင်ခွင်ထဲတိုး၀င်ရင်းစိတ်လျော့ချလိုက်ကာအားရပါးရငိုချလိုက်၏...။

"အီ...အီ...ဟီး..မေမေ...အီး..."

မိုက် အီချငိုနေသောချစ်ရသူ၏ဆံနွယ်ဝါလေးတွေကိုနမ်းရင်းကျောပြင်ကိုပွတ်သပ်ပေးနေလိုက်သည်..။

လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)Tempat cerita menjadi hidup. Temukan sekarang