Part 2

6.2K 625 37
                                    

Uni

"အသူ...မုန့်စားဆင်းပြီ..သွားရအောင်လေ.."

ဇီးကွက်ကကွန်ပါဘူးထဲမှပိုက်ဆံကိုထုတ်ကာအသူ့အားလက်တို့ရင်းပြောလာ၏။

အသူလက်ထဲကချိူချဥ်လေးကိုစိုက်ကြည့်လိုက်ရင်းကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးအပြုံးဖွဖွပြုံး၍ပြောလိုက်၏။

"ငါ..မုန့်ပါတယ်ဇီးကွက်..မလိုက်တော့ဘူးကွာ..မင်းတို့ပဲ သွားလိုက်တော့.."

ညှပ်စိ အသူ့လက်ထဲကချိူချဥ်လုံးလေးကိုကြည့်ပြီး ဇီးကွက်ကိုလှည့်ကြည့်လိုက်သည်..။

ထို့နောက်သက်ပြင်းခိုးချပြီးခေါင်းကိုဆတ်ကနဲငြိမ့်ပြကာ..

"အေးပါ..အာ့ဆို ငါတို့မုန့်ဝယ်လာခဲ့မယ်တူတူစားရအောင်လေ..မင်းချိူချဥ်ကို ငါတို့နှစ်ယောက်ကို နည်းနည်းကျွေးမချန်ထားရင် စိတ်ဆိုးမှာ..ကြားလားအသူ..ခဏစောင့်.."

ထိုသို့ပြောခဲ့ပြီးဇီးကွက်နှင့်ညှပ်စိနှစ်ယောက်သားတစ်ယောက်လက်တစ်ယောက်ဆွဲကာကျောင်းစျေးတန်းဘက်ဆီအပြေးထွက်လာခဲ့၏..။

မုန့်စျေးတန်းရောက်တော့နှစ်ယောက်သားပါလာသောပိုက်ဆံဖြင့်မုန့်အမျိူးအစားစုံအောင်ဝယ်ပြီး ဆိုင်ထဲကပြန်ထွက်လာခဲ့ကြသည်..။

"ညှပ်စိ..ဇီးကွက်"

မိမိတို့နာမည်အားအော်ခေါ်သံကြောင့်နှစ်ယောက်သားခြေလှမ်းတွေရပ်သွားကာ လှည့်ကြည့်လိုက်၏..။

ကိုကြီးမိုက်ကကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့်လွယ်ကာသူတို့နှစ်ယောက်ကိုစိုက်ကြည့်နေသည်မို့အနားဆီအပြေးသွားကာမေးလိုက်၏။

"အာ..ကိုကြီးမိုက်...ဘာပြောမလို့လဲ.."

"ပုသေးဖောင်းရော..."

"ဗျာ..ဘယ်ကပုသေးဖောင်းတုန်း..."

ကိုကြီးမိုက်ပါးစပ်မှထူးဆန်းသည့်နာမည်အခေါ်ကြောင့်ဇီးကွက်ကကြောင်တောင်တောင်နှင့်ပြန်မေးလိုက်သည်..။

ဟုတ်သည်လေ..အဲ့နာမည်မှမကြားဖူးတာ..။

"ညှပ်စိ မင်းနဲ့ကျောင်းအတူလာတဲ့ကလေးပြောတာ..."

လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)Waar verhalen tot leven komen. Ontdek het nu