Ep5💚

803 61 25
                                    

(Unicode)

"ဝမ်"

"ဟင် ပြောလေကျန့်"

"ကျန့်လေ ဝမ့်ကိုအရမ်းကျေးဇူးတင်တယ်နော်"

"အိုး ကျန့်ကိုယ့်ကိုကျေးဇူးတင်ခံရလောက်အောင်ထိ ကိုယ်ဘာမှလုပ်မပေးရသေးဘူးလေ ဘာလို့ကျေးဇူးတင်ရတာလဲကျန့်ရဲ့"

"ဟင့်အင် ဒီလိုပဲကျေးဇူးတင်ချင်လို့ ကျန့်ဘဝမှာ အမြဲပျော်ပျော်နေခဲ့ရတယ် မားတို့ကလည်းကျန့်ကိုမျက်ရည်တစ်ပေါက်မှမကျရလေအောင် လိုလေသေးမရှိပျော်အောင်ထားပေးခဲ့တယ် ကျိရန်လည်းတူတူပါပဲ ဒါမဲ့ကျန့်နဲ့မျိုးနွယ်မတူတဲ့တစ်ယောက်ဆီက ကျန့်ကိုအမြဲပျော်အောင်ထားပေးမယ်ဆိုတဲ့စကားက ကျန့်ကိုအဲ့လောက်ထိပျော်ရွှင်သွားစေရမှန်း ကျန့်မသိခဲ့ဘူး တကယ်ကျေးဇူးတင်ပါတယ် ဝမ် ကျန်ရင်ထဲကလာတဲ့ကျေးဇူးတင်စကားပါ"

"ကျန့်ရဲ့ကျေးဇူးတင်စကားကို ကိုယ်ကျေကျေနပ်နပ်ကြီးခံယူပါ့မယ် မပူပါနဲ့ ကိုယ့်စကားအတိုင်း အမြဲကျန့်ကိုပျော်အောင်ထားပေးမယ်နော် ကိုယ်ယောင်္ကျားကတိပေးတယ်"

"ဟုတ်"

"ဒါနဲ့ စောစောကကျန့်ပြောတဲ့ထဲမှာ မျိုးနွယ်ကွဲဆိုတာထပ်ပါပြန်ပြီ မျိုးနွယ်ကွဲ‌ဆိုတော့ ကျန့်ကတိုင်းရင်းသားလားဟင် "

"ဟင့်အင် တိုင်းရင်းသားမဟုတ်ပါဘူး တခြားမျိုးနွယ်ကွဲ"

"အော် အဲ့တာဆိုဘာမျိုးနွယ်လဲကျန့်က"

"ကျန့်ပြောရင်စိတ်မဆိုးပါနဲ့ ပြီးတော့ကျန့်နဲ့ဆက်ပြီးခင်ပါ့မယ်ဆိုတဲ့ကတိထပ်ပေးပါ"

"အွန်းကိုယ်ကတိထပ်ပေးတယ် ကိုယ်ကကျန့်ကိုစိတ်မဆိုးနိုင်တာ"

"အမှန်တော့လေ ကျန့်က~~"

"ငကျန့်!!!"

ဟုတ်ပါတယ် ကျိရန်ရဲ့သူရေသူထီးဆိုတာ‌မပြောဖို့တားဆီးသံ

"ငကျန့် မင်းအောက်ခဏဆင်းခဲ့"

"ဝမ် ကျန့်ကျိရန်နဲ့ခဏစကားပြောလိုက်အုံးမယ်နော်"

"အင်းအင်း"

"ငကျန့် မင်းသူ့ကိုဘာလို့ပြောပြမှာလဲ မင်းသူ့ကိုကြိုက်နေတာသိတယ် ဒါမဲ့အဲ့လောက်ထိပြောပြရမှဖြစ်မှာလား သူနဲ့ငါတို့နဲ့က မနေ့ကမှဆုံတွေ့ကြတဲ့သူတွေ သူ့မှာဘယ်လိုစရိုက်မျိုးရှိမှန်းလည်းငါတို့မသိနိုင်သေးဘူး ပြီးတော့ဘာအကြံအစည်ရှိမှန်းလည်းမသိနိုင်ဘူးငကျန့် မင်းသူ့ကိုမျက်လုံးစုံမှိတ်ပြီး ငါ့တို့ကရေသူထီးတွေဆိုတာ‌ ပြောပြရလောက်အောင်ထိမယုံသင့်သေးဘူးငကျန့် ငါတို့သူ့ကိုထပ်လေ့လာသင့်သေးတယ်"

Ying of Wang(Completed)Waar verhalen tot leven komen. Ontdek het nu