ဂျယ်ယွန်း အိမ်မှာတစ်ယောက်ထဲမလို့
ဒီတိုင်းနေ နေရင် အတွေးတွေ
အရမ်းများပြီးစိတ်ပင်ပန်းတာကြောင့်
မတီးဖြစ်တာ နှစ်ချီနေပြီဖြစ်တဲ့
တယောကို ပြန်ထုတ်ကာတီးဖြစ်သည်။အောက်ထပ်က စားပွဲခုံမှာလည်း
Music notesတွေရေးထားတဲ့
စာရွက်တွေနဲ့ ရှုပ်ပွနေသည်။ဂျယ်ယွန်းလည်း ထိုအရှုပ်ပုံကြားထဲ
ထိုင်ပြီးတော့ တယောပြန်တီးကျင့်နေသည်။တစ်ယောက်ထဲ အလုပ်ရှုပ်နေတုန်း
အိမ်ကိုဘဲလ်တီးသံကြားလိုက်သည်။
သူ့အိမ်ကို တော်ရုံဘယ်သူမှမသိသလို
လာဖူးတဲ့သူတိုင်းကို
အခန်း password ပြောထားတာမလို့
ဘဲလ်တီးစရာလည်း အကြောင်းမရှိ။ဂျယ်ယွန်းလည်း တံခါးမဖွင့်ခင်
အိမ်ထဲကနေ ဘယ်သူတွေလဲဆိုတာ
အရင်ကြည့်လိုက်သည်။Jayနဲ့ ဆောင်းဟွန်းမှန်းသိတော့
တံခါးချက်ချင်းဖွင့်ပေးလိုက်သည်။
ဒါတောင် ထိုနှစ်ယောက်က
အထဲကို ဝင်မလာသေး။'လာလေ ဘာလုပ်နေတာလဲ'
Jayက ဆောင်းဟွန်းလက်ကို
ကိုင်ပြီးတော့
'မင်းနေမကောင်းသေးလို့
ငါဒီမှာလာနေမယ်''နေလေ
အရင်ကလည်း နေနေကြပဲကို''အဲ့တာ ဒီတစ်ခေါက်ကနေတာကြာမှာကွာ'
'အေး နေလို့
နေချင်သလောက်နေ'Jayက ထစ်ထစ်ငေါ့ငေါ့နဲ့
'အဲ့တာ... ပြောချင်တာ
ဆောင်းဟွန်းပါ ငါနဲ့ လာနေလို့ရလား
ဒီအိမ်မှာ ငါနဲ့နေချင်လို့တဲ့
အဲ့တာမင်းအဆင်ပြေလားလို့
ငါ့အခန်းထဲမှာပဲ ထားမှာပါ''သူ့ပစ္စည်းတွေကရော
ပြန်ယူမှာလား'ဆောင်းဟွန်းက ဘေးကိုဖယ်ပြတယ်။
သူ့နောက်မှာ luggage တွေက
အထုပ်ကြီးအထုပ်ငယ်နဲ့။ဂျယ်ယွန်းလည်း သူ့ရှေ့မှာ
လက်ချင်းတွဲပြီး သူလက်ခံမှာကို
စောင့်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီးတော့
YOU ARE READING
Crimson Petals [ COMPLETE ]
Fanfictionသူ့ကို မမှတ်မိဘဲ တစ်သက်လုံးနေသွားရမှာထက် သေသွားရတာက ပိုမကောင်းဘူးလာဗျာ။ HeeJake JayHoon Angst, Romance ___________________________________ This story contains the fictional Hanahaki disease. Trigger WARNING ⚠️ BLOOD !! MENTION OF DEATH !! SUICIDAL...