Part - 17

1.6K 236 15
                                    


ဂျယ်ယွန်း ဆေးရုံတက်ရတာ
နှစ်ပါတ်ကျော်သွားပြီဖြစ်သည်။

ခြေဖဝါးနှစ်ဖက်ကကွဲထားသဖြင့်
ဆရာဝန်တွေက လမ်းမလျှောက်ခိုင်း
သေးတာကြောင့်နေ့တိုင်း
ဆေးရုံကုတင်ပေါ်မှာအိပ်လိုက်၊
ထိုင်လိုက်နှင့်အချိန်ဖြုန်းနေသည်။

Male nurse တွေရော၊ Bodyguard တွေရောပါရှိပေမယ့် Jayက သူ့ကို
စိတ်မချလို့ ဆေးရုံမှာလာနေသည်။
ဆောင်းဟွန်းက Jay ကိုပါစိတ်မချ၍
သူ့ရဲ့ဆေးရုံခန်းမှာသောင်တင်နေသည်။

'ထမင်းစားလို့ရပြီ လာစားတော့ဂျယ်ယွန်း'

Jayက ဒီနေ့သူ့အိမ်ကနေ
နေ့လည်စာချက်ကာယူလာပြီး
ဆိုဖာရှေ့က စားပွဲပေါ်မှာခင်းကျင်းနေသည်။
ဆေးရုံစာတွေမုန်းနေပြီဖြစ်တဲ့
ဂျယ်ယွန်းအတွက်ကြိုက်တတ်တဲ့ဟင်းတွေ
ချက်လာခဲ့ခြင်းပင်။

ဂျယ်ယွန်း အနားမှာရှိတဲ့ Bodyguard
တစ်ယောက်ကို ခေါ်လိုက်ပြီးတော့
ကိုင်ပြီးထိန်းကာ wheel chairပေါ်
ထိုင်လိုက်သည်။
ထို Bodyguard က သူ့ကို
စားပွဲနားတွန်းလာပေးသည်။

အမှန်က ဂျယ်ယွန်းခြေဖဝါးက
မနာတော့တာကြာပြီ။
ဒီတိုင်းပျင်းလို့ ဘယ်သွားသွား
Wheel Chair စီးနေခြင်းဖြစ်သည်။

စားပွဲပေါ်မှာ
ဟင်းတွေကစုံစုံလင်လင်နှင့်
ဂျယ်ယွန်းအကြိုက်တွေချည်းပဲမလို့
ဒီနေ့တော့ ထမင်းကောင်းကောင်းစား
ဖြစ်မယ်ထင်သည်။

ဆောင်းဟွန်းကတော့
ပန်းကန်တွေနှင့် တူတစ်စုံစီကို
ချပေးနေသည်။
ဂျယ်ယွန်းရေကြည့်တော့
သုံးစုံသာရှိသေးသည်။

'နောက်တစ်စုံလိုသေးတယ်လေ
လေးယောက်စားမှာကို'

Jay နဲ့ ဆောင်းဟွန်းက တစ်ပြိုင်ထဲ
သူ့ကိုမော့ကြည့်သည်။

သူပြောတာဘာမှားလို့လဲ။
အရင်ကလေးယောက်
တူတူစားနေကြပဲမလား။

'ငါတို့ သုံးယောက်ပဲ စားမှာလေ'

Jayက သူ့ကိုပြောသည်။
ဘာလို့သူက လေးယောက်လို့
ပြောလိုက်မိတာပါလိမ့်။

Bodyguard ကိုပါ ထည့်တွက်ပြီး
ပြောရအောင်လည်း သူကမရင်းနှီးတဲ့
လူတွေနဲ့ စားတတ်တာမဟုတ်ဘူး။

Crimson Petals [ COMPLETE ]Where stories live. Discover now