ဂျယ်ယွန်း ဖုန်းတွေဆက်တိုက်ဆက်ကာ
အလုပ်ရှုပ်နေသည့် ဆောင်းဟွန်းနှင့် Jayကို
လိုက်ကြည့်နေသည်။ဘာလို့သူတို့မျက်နှာတွေက
တစ်ဖြည်းဖြည်းစိတ်ပူတဲ့ပုံပေါက်လာရတာလဲ။'ဘာဖြစ်လို့လဲ Jay'
'ဟင်- အော်ဘာမှမဖြစ်ပါဘူး
ဒီတိုင်းဖုန်းနဲ့လူနဲ့မရှိလို့လားမသိဘူး
ဟီဆွန်း Hyungဖုန်းမကိုင်လို့''အော် အင်း'
ဂျယ်ယွန်းဆေးရုံကုတင်ပေါ်မှာပဲ
ထိုင်နေမိသည်။ဘာဖြစ်လို့ သူနဲ့ချွတ်စွတ်တူနေတဲ့လူက
ဘာလို့ ဟီဆွန်းဆိုတဲ့အစ်ကိုကို
ရှာခိုင်းနေတာလည်း သူဝေခွဲမရဖြစ်နေသေးသည်။ဒါပေမယ့်လည်း
သူခုနက "ဟီဆွန်းHyungကိုရှာပေးပါ"ဆိုတဲ့ အသံကြားလိုက်ရတုန်းက
သူ့ရင်တွေကွဲမတတ်ပင်။သူ့ကိုဘာလို့ သူစိမ်းတစ်ယောက်က
အဲ့လောက်ထိစိတ်ကိုဖမ်းစားနေရတာလဲ
နားမလည်နိုင်တော့ချေ။ဂျယ်ယွန်းပိုပြီးစိတ်ထဲရှုပ်နေရတာက
ခုနကမြင်လိုက်ရတဲ့
'သူ' နဲ့တူတယ်လို့ထင်နေတဲ့လူကြောင့်
ဖြစ်သည်။သူ့ကို ဘာလို့ ထိုတစ်ယောက်က
အစ်ကိုဟီဆွန်းကိုရှာခိုင်းနေရတာလဲ ?
ဘာလို့ရော သူကလည်း
အဲ့အစ်ကိုနာမည်ကြားတာနဲ့တင်
ရင်ထဲလေးလာရတာလဲဆိုတာ
နားမလည်နိုင်တော့ချေ ?ဆောင်းဟွန်းက ဖုန်းဆက်နေရင်းနဲ့
Jay နားကပ်သွားပြီးတော့
စကားပြောပြီးချက်ချင်း
အခန်းထဲကပြေးထွက်သွားသည်။'ဆောင်းဟွန်း ဘယ်သွားတာလဲ?'
ဆိုပြီး ဂျယ်ယွန်းက Jayကိုမေးလိုက်ပေမယ့် Jayမျက်နှာက အရမ်းထိတ်လန့်နေတဲ့ပုံပေါက်နေပြန်သည်။'ဘာဖြစ်တာလဲ Jay'
'ဘာ-ဘာမှမဖြစ်ဘူး
ငါတို့အပြင်ခနသွားလိုက်ဦးမယ်
မင်းဒီမှာပဲနေခဲ့
ငါ Nurse တွေကိုအကြောင်းကြားခဲ့လိုက်မယ်''Jay ငါ့ကိုပြော
ဘာဖြစ်နေတာလဲလို့''ဘာမှမဖြစ်ဘူး
ဒီတိုင်း ကိစ္စလေးရှိလို့'
YOU ARE READING
Crimson Petals [ COMPLETE ]
Fanfictionသူ့ကို မမှတ်မိဘဲ တစ်သက်လုံးနေသွားရမှာထက် သေသွားရတာက ပိုမကောင်းဘူးလာဗျာ။ HeeJake JayHoon Angst, Romance ___________________________________ This story contains the fictional Hanahaki disease. Trigger WARNING ⚠️ BLOOD !! MENTION OF DEATH !! SUICIDAL...