Part - 11

1.4K 222 18
                                    


'Hyung ကျွန်တော့်ကို
ဘယ်အချိန်ထဲက စ သိတာလည်း'

ဟီဆွန်း ထိုမေးခွန်းကိုရှောင်နေပေမယ့်
တည့်တည့်ကြီးထပ်မေးလာတဲ့
ဂျယ်ယွန်းကြောင့် ဒီတစ်ခါ
ပြောရတော့မည်ထင်သည်။

'တစ်ကယ်သေချာပေါက်
နားထောင်ချင်တာလား'

ဂျယ်ယွန်းက ထို ဆံပင်တွေ
လှုပ်သွားအောင်ပင်
ခေါင်းငြှိမ့်ပြသေးသည်။

'ကိုယ့်ကို မုန်းသွားမှာလား
နားထောင်ရင်'

'ဘာလို့မုန်းရမှာလဲ
မုန်းဖို့နေနေသာသာ
ဒီကလူက မရူးရုံတစ်မယ်ပဲကို'

'ဟုတ်ပါပြီကွာ'

ဟီဆွန်းက သူ့ကိုမျက်လုံးရွဲကြီးတွေနဲ့
ကြည့်ကာ အရမ်းစိတ်ဝင်စားနေသည့်
ဂျယ်ယွန်းကြောင့် ပြောပြရတော့သည်။

'ကိုယ် ဂျယ်ယွန်းနီကို စသိတာက
2018 လောက်တုန်းက။
ကိုယ် အသက် ၁၇ နှစ်လောက်ကပေါ့။
ကိုယ်နဲ့ training တူတူဆင်းနေတဲ့လူတွေက
အဲ့တုန်းကအကုန် debut သွားတယ်လေ။
ကိုယ်တစ်ယောက်ပဲ ကျန်ခဲ့တာပေါ့။

အဲ့တော့ ဘယ်လိုပြောရမလဲ။
ကိုယ်က စိတ်ကျရောဂါလိုဖြစ်နေတာ​။
အရမ်းပင်ပန်းတာပေါ့။
ဘယ်သူ့မှလည်း ဘေးမှာမရှိဘူး။
အကုန်လုံးက ကိုယ့်ကိုပင်ပန်းအောင်
လုပ်နေကြသလိုပဲ။

အဲ့နေ့ကကြတော့
ကိုယ်က ကုမ္ပဏီကိုမသွားချင်လို့
ခြေဦးတည့်ရာလျှောက်သွားနေတာ။
စိတ်နဲ့လူနဲ့လည်းသိပ်မကပ်ဖူး။
လမ်းကူးဖို့ မီးနီစောင့်နေရင်း
ရှေ့က LED screenကသတင်းလာလို့
ကိုယ်ကြည့်လိုက်မိတာ။

ရှင်းမ် group က
သူတို့သားငယ်ရဲ့မွေးနေ့ကို
မိဘမဲ့ကျောင်းတွေမှာသွားလုပ်ပြီး
အလှူလုပ်တယ်ဆိုလား။

ဖြစ်ချင်တော့အဲ့အချိန်မှာတင်
ကိုယ့်ကိုsolo debut တော့မယ်ဆိုပြီးတော့ ကုမ္ပဏီကနေဖုန်းဝင်လာတာ။
ကိုယ့်ရှေ့က screen မှာ
အဲ့မွေးနေ့ရှင်ကောင်လေးက
ရယ်နေတာလေ
နှုတ်ခမ်းတွေက နားရွက်နားကို
တပ်ချိတ်တော့မလိုဘဲ။

အဲ့ကောင်လေးကိုကြည့်ရင်းနဲ့
ကိုယ့်နားကိုကပ်ပြီး
စကားပြော​နေသလိုက်သလိုပဲ။
ငိုလိုက်လို့ရတယ်။
ငိုလိုက်လည်း ကိစ္စမရှိဘူး။
သူရှိနေတယ် ဆိုပြီး သူကကိုယ့်ကို
ပြုံးပြီးပြောနေသလိုပဲ။
ကိုယ်လည်း လမ်းမပေါ်မှာထိုင်ချပြီးတော့
မထိန်းနိုင်ဘဲ အဲ့ကောင်လေးမျက်နှာကိုပဲ
ကြည့်ပြီးတော့ အကြာကြီးငိုမိတယ်။

Crimson Petals [ COMPLETE ]Where stories live. Discover now