Part - 14

1.4K 236 17
                                    

အေးစက်စက်လေပြင်းတွေက
ဂျယ်ယွန်းကို ပွေ့ဖက်ထားသလိုပင်
ဖြစ်နေသည်။

ညနေစောင်း
ပုစွန်ဆီရောင်တိမ်တိုက်တွေကိုကြည့်ရင်း
ထိုတိမ်တိုက်တွေပေါ်မှာ
လမ်းလျှောက်လို့ရမလား
ဂျယ်ယွန်းတွေးနေမိသည်။

ဒီတစ်ခါတော့
တစ်ကယ်ပြီးဆုံးသွားပြီဖြစ်သည်။
သူအကုန်စွန့်လွှတ်နိုင်ပြီဖြစ်သည်။

လွတ်လပ်တော့မည်။
သူကိုယ်တိုင် ချုပ်နှောင်ထားတဲ့
အချုပ်အနှောင်ထဲကနေ
လွတ်မြောက်တော့မည်။

ဂျယ်ယွန်း မတ်တပ်ရပ်နေတဲ့
ဘောင်ကနေ လေဟာနယ်ဘက်ကို
တစ်ကိုယ်လုံးကိုင်းချလိုက်မိသည်။

'ဒီဘဝတော့ ဒီလောက်နဲ့
နှုတ်ဆက်ခဲ့ပါတယ် ချစ်ရသူ'

ဂျယ်ယွန်း လေထုထဲကျသွားမည်ဟု
ထင်ခဲ့မိပေမယ့်
ခါးကိုဖက်တွယ်လာသည့်လက်နဲ့
နောက်ကိုသာပြန်လဲကြသွားသည့်
ခံစားချက်ကိုသာ သိလိုက်ရသည်။

နောက်ကနေသူ့ကို
တစ်ယောက်ယောက်က ဖက်ထားပြီး
ဘောင်ပေါ်ကနေဆွဲကာ
မြက်ခင်းပေါ်ကိုချီကာချသည်။

'အငယ်လေး
မင်းဘာလုပ်ဖို့စဉ်းစားနေတာလဲ
ဟမ်
မင်းဘာတွေလျှောက်လုပ်နေတာလဲလို့'

ထိုတစ်ယောက်က
ဂျယ်ယွန်းရဲ့ ပုခုံးတွေကိုဆုတ်ကိုင်ကာ
လှုပ်ရမ်းပြီးမေးနေသည်။

'နားညည်းတယ်'

'ငယ်လေး
ကိုကိုရောက်ပြီလေ ကို့ကိုကိုကြည့်ဦး'

ဂျယ်ယွန်း ထိုခါမှသာ
သူ့ကိုလာကယ်သည့်လူရဲ့မျက်နှာကို
ကြည့်မိတော့သည်။

'ကိုကို
ကိုကိုလားဟင်' ဆိုပြီးတော့
ဂျယ်ယွန်း သူ့အစ်ကိုဖြစ်သူ
ဂျယ်ဟျောင်းကို ဖက်ကာအော်ငိုနေမိသည်။

'ကိုကိုရှိတယ်နော်
ငယ်လေးဘေးမှာကိုကိုရှိတယ်နော်'

'သားသေချင်တယ်ကိုကို
တစ်ကယ်ဘယ်လိုမှ
အသက်ဆက်မရှင်ချင်တော့ဘူး
ပင်ပန်းတယ်အရမ်း'

'ကိုကိုဖြေရှင်းပေးမယ်လေ
ငယ်လေးဘာကိစ္စရှိရှိ
ကိုကိုဖြေရှင်းပေးမယ်လေ။
အဲ့လိုမျိုးတော့မပြောနဲ့လေနော်'

Crimson Petals [ COMPLETE ]Where stories live. Discover now