နေ့လည်စာစားချိန်ရောက်တော့အလင်းနှင့်ရန်နိုင်ကကန်တင်းသို့ထွက်လာလိုက်သည်။ကျောင်းသားများကလည်းဟိုတစ်စု ဒီတစ်စုစကားများဖောင်ဖွဲ့ပြောဆိုနေကြသည်။အလင်းနှင့်ရန်နိုင်ကဒုတိယနှစ်ကျောင်းသားများဖြစ်သောကြောင့်ကျောင်းတွင်မည်သည့်နေရာမဆိုအကုန်ရောက်ဖူးသည်။သို့နှင့်မနက်ကအကြောင်းများကိုတွေးရင်းပြုံးစစဖြင့်ကန်တင်းသို့ထွက်လာခဲ့ကြသည်။ကန်တင်းတွင်ကျောင်းသားများကအပြည့်မို့ဆူညံနေသည်။ထို့ကြောင့်ခုံလွှတ်နေရာတွင်နှစ်ယောက်သားထိုင်လိုက်သည်။အလင်းကပါလာသောတစ်ထောင်တန်နှစ်ရွက်မှတရွက်ကိုထုတ်ပြီးနေ့လည်စာအတွက်မှာလိုက်သည်။အလင်းနှင့်ရန်နိုင်ကနေ့လည်စာကိုအားပါးတရစားနေသည်။အလင်းကစားလျက်တန်းလန်းကျောချမ်းသလိုလို တယောက်ယောက်ကကြည့်နေသလိုလိုမျိုးနေရခက်စွာဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ကန်တင်း၏ထောင့်တွင်မျက်တောင့်နီကြီးဖြင့်ဟိုဘုကလန့်ကောင်ကလူသတ်မျက်လုံးဖြင့်ကြည့်နေတော့အလင်းခမျာကြက်သီးတဖြန်းဖြန်းထသွားသည်။ဘေးကသူ့သူငယ်ချင်းလိုမျိုးတယောက်ကေတာ့ထမင်းကိုသာမြိန်ရှက်စွာစားနေသည်။
"ဘုရားရေ ...မနက်ကငါပြောလိုက်တာသူသိသွားပြီးစိတ်ဆိုးနေတာများလား"
"ဟေ့ကောင်အလင်း မင်းဘာဖြစ်နေတာလဲ"ဟုရန်နိုင်ကမေးလိုက်တော့
"ဘာ ဘားမှမဖြစ်ပါဘူး"
"မသိဘူးလေ......မင်းကဆပ်ပြာသည်လင်ပျောက်သလိုမျိုးဟိုကြည့် ဒီကြည့်လုပ်နေတာကို"
"ဘားမှဆပ်ပြာသည်လင်မပျောက်ဘူး စားစရာရှိတာစား"
"အေးပါကွာ ခုနကပဲဆပ်ပြာသည်လင်ပျောက်ရုပ်နဲ့"ဟုမကြားရုံတမယ်ပြောလိုက်တော့
"ဘာတွေပွစိပွစိပြောနေတာလဲ"
"ဘာမှမဟုတ်ပါဘူး မင်းကလည်း"ဟုဘောက်ဆတ်ဆတ်ဖြင့်ရန်နိုင်ကပြန်ဖြေသည်။
"အေး ပြီးရော"ဟုထမင်းကိုဆက်စားနေလိုက်သည်။
ခနကြာတော့အလင်းကမသိမသာအနောက်ကိုလှည့်ကြည့်မိတော့ဟိုဘုကလန့်ကောင်ကထမင်းစားပြီးသည်ထင်ပါရဲ့ထလာပြီးသူတို့အဝိုင်းဆီတည့်တည့်လျှောက်လာသည်။"ဘုရားရေ ဟိုဘုကလန့်ကောင်ကမနက်ကပြဿနာကြောင့်ငါ့ကိုထိုးဖို့များလား"စိတ်ထဲကတွေးချင်ရာတွေးပြီး"အတွင်း၃၇မင်းအပြင်၃၇မင်းကယ်တော်မူပါ"ဟုဆုတောင်းကာထမင်းကိုသာငုံ့စားနေတော့သည်။
YOU ARE READING
ပဲ့ကိုင်ရှင်(On Going)
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ အမှားများပါလျှင်လည်းအနူးညွှတ်တောင်းပန်ပါသည်။🙏🙏🙏 မီးတောင်ကိုပဲဖြတ်ကူးရပါစေ ဆူးတောင်ကိုပဲဖြတ်ကျော်ရပါစေ ကိုကို့အချစ်ကိုကျွန်တော်ရအောင်ယူမှာပါ ဥက္ကာမိုးမြင့် မှောင်မိုက်နေတဲ့ကျွန်တော့်ဘဝကိုအလင်းရောင်ပေးစွမ်းနိုင...