ညနေကျောင်းဆင်းချိန်ရောက်တော့🏃🏃"အလင်း ..ငါပြန်တော့မယ်...လမ်းမှာဂရုစိုက်ပြီးသွားနော်"
"အေးပါဟာ ငါကလေးမဟုတ်တော့ပါဘူးကွ"
"အဲဒါဆိုလည်းပြီးရော ငါသွားတော့မယ် ..တာ့တာ"
"အင်း......"
သူငယ်ချင်းနှစ်ယောက်နှုတ်ဆက်ပြီး အသီးသီးအိမ်သို့ပြန်သွားကြသည်။ရန်နိုင်ကတော့သူ့အဖေအလုပ်ပီးလို့ဝင်လာကြိုတာကိုအလင်းကစိတ်ထဲအလိုလိုဝမ်းနည်းလာသည်။လွန်ခဲ့သောသုံးနှစ်ခန့်ကသူ့မိဘနှစ်ပါးကားအက်စီးဒင့်ဖြစ်ပြီးသေဆုံးသွားသည်ကိုတွေးပြီးပါးပေါ်သို့မျက်ရည်တစ်စက်စီးကျလာသည်။အတွေးများတွေးနေခိုက်.....
ကျွီ..............
"အမလေးး.....မြတ်စွာဘုရား"
"ကောင်လေး ကားလာနေတာမမြင်ဘူးလား
ဘယ်နားမှာထိခိုက်သွားသေးလဲ"ကားပေါ်ကအသက်၄၀ကျော်လူကြီးတယောက်ကစိုးရိမ်တကြီးဆင်းပြေးလာသည်
"အာ....ရပါတယ်ခင်ဗျ ..ဘာမှမဖြစ်ပါဘူး"
"နောက်တခါလမ်းကိုသေချာကြည့်ပီးကူးမှပေါ့ ..ဘရိတ်အုပ်ခင်လို့ မဟုတ်ရင်ငါမတွေးရဲတော့ဘူး"
"ဟုတ်ကဲ့ခင်ဗျ...နောက်တခါဂရုစိုက်ပါ့မယ်ခင်ဗျ"
ဟုအလင်းကယဉ်ကျေးစွာဖြေဆိုသည်။
"ဘယ်နားထိခိုက်သွားသေးလဲ ..ဆေးခန်းကိုသွားမလား"
"အာ....ရပါတယ်ခင်ဗျ ..ဒူးလေးနည်းနည်းပွန်းရုံပဲ နည်းနည်းမှနည်းနည်းလေး"
အလင်းကသွား၃၂ချေင်းပေါ်အောင်ပြုံးပြသည်။
ဦးမိုးမြင့်ကသူ့ရှေ့မှာချစ်စဖွယ်အမူအရာနဲ့လုပ်ပြနေသောကလေးကိုခေါင်းလေးပုတ်ကာ......
"ကဲ ဦးလေးသွားတော့မယ်"
"ဟုတ် ဟုတ်ကဲ့"
ဦးမိုးမြင့်လည်းကားပေါ်တက်ကာမောင်းထွက်သွားသည်.....🚗🚗🚗
အလင်းလည်းတွေးလက်စအတွေးများဖြတ်ကာအိမ်သို့လမ်းတလျှာက်ပီးလာခဲ့သည်...🚶🚶🚶
YOU ARE READING
ပဲ့ကိုင်ရှင်(On Going)
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ အမှားများပါလျှင်လည်းအနူးညွှတ်တောင်းပန်ပါသည်။🙏🙏🙏 မီးတောင်ကိုပဲဖြတ်ကူးရပါစေ ဆူးတောင်ကိုပဲဖြတ်ကျော်ရပါစေ ကိုကို့အချစ်ကိုကျွန်တော်ရအောင်ယူမှာပါ ဥက္ကာမိုးမြင့် မှောင်မိုက်နေတဲ့ကျွန်တော့်ဘဝကိုအလင်းရောင်ပေးစွမ်းနိုင...