(အပိုင်း 1)(U+Z)

157 10 1
                                    


မနက်ခင်းနေရောင်ခြည်ဟာအခန်းအတွင်းရှိလူရဲ့မျက်နှာ‌ေပါ်တွင်ကျရောက်လာခဲ့သည်။ငှက်ကလေးများ၏အော်သံများနှင့်အတူမျက်နှာပေါ်သို့ကျရောက်လာသောနေရောင်ခြည်ကြောင့်အလင်းတစ်ယောက်အိပ်ယာပေါ်တွင်တွန့်လူးနေသည်။ထိုနေ့ကကျောင်းစတက်ရမည့်နေ့ဖြစ်သောကြောင့်ရေချိုးခန်းသို့ဝင်ပြီးရေချိုးလိုက်သည်။
ပြီးနောက်မနေ့ညကအချိန်ပိုင်းအလုပ်လုပ်ပီးရသောပိုက်ဆံအချို့မှ‌တစ်ထောင်တန်နှစ်ရွက်သာယူပီးကျန်တာကိုတော့စုဘူးထဲထည့်ကာကျောင်းသို့လာခဲ့သည်။

တက္ကသိုလ်ကျောင်းဝင်းသို့ရောက်သောအခါသူ၏သူငယ်ချင်းရန်နိုင်ကိုလိုက်ရှာတော့သည်။
"အကို...အကို..."

အလင်းတစ်ယောက်နောက်သို့လှည့်ကြည့်ပြီးကိုယ့်ဟာကိုယ်လက်ညိုးထိုးကာ

"ငါ့ကိုခေါ်တာလား"

"အင်းလေ..အကို့ကိုမခေါ်ရင်ဘယ်သူ့ကိုခေါ်ရမှာလည်း"

အလင်းသာကဒီကောင်လေးကိုယ့်ထက်ကြီးတဲ့သူကိုစကားကောင်းကောင်းမပြောတတ်ဘူးလားဟုစိတ်ကနေဆဲလိုက်သည်။

"ဘာလုပ်မလို့လဲ"
ဟင်း ...ဒင်းတောင်စကားကောင်းကောင်းမပြောတာ..လူကြီးကိုရိုသေရမှန်းမသိ စောက်ကလေး

"ဟိုလေ..ပထမနှစ်ကျောင်းသားတွေကဘယ်အဆာင်လဲ"

အမလေး..လူကိုဒင်းလင်များမှတ်နေလား ဂျစ်ကန်ကန်နဲ့တွေ့မယ်ငါနဲ့

"အရှေ့ကိုတည့်တည့်သွား ပီးရင်ဘယ်ဘက်ကိုကွေ့လိုက် အဲဆိုရင်ရောက်ပီ"

"အေး အဲဒါဆိုရင်လည်းပြီးရော"ဟုအလင်းညွန်ပြလိုက်သောနေရာသို့‌သွားလေသည်။

အလင်းကတော့စိတ်ထဲတွင်"ငါ့ကိုလာစမ်းတော့ထိပြီပေါ့"ဟုရေရွတ်ရင်းလူယုတ်မာအပြုံးပြုံးလိုက်သည်။

ဥက္ကာတစ်ယောက်အလင်းညွန်ရာသို့ရောက်သွားတော့မိန်းကလေးများကသူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။သူလည်းအရမ်းကြီးတုံးမနေတော့ဘေးနားကမိန်းကလေးတဟယာက်အားမေးလိုက်သည်။

"ဟိုလေ အမပထမနှစ်ကျောင်းသားအဆောင်ကဒါလား"

"မဟုတ်ဘူးမောင်လေး ဒါကမိန်းကလေးအိမ်သာ ပထမနှစ်ကျောင်းသားအဆောင်ကညာဘက်မှာပါမောင်လေး"

ပဲ့ကိုင်ရှင်(On Going)Where stories live. Discover now