ကျောင်းတက်လိုက်၊ အချိန်ပိုင်းအလုပ်လုပ်လိုက်နဲ့စနေနေ့ကိုရောက်လာသည်။ကျောင်းပိတ်ရက်ဆိုတော့ပုံမှန်အတိုင်းအစောကြီးနိုးဖြစ်တယ်။ရေချိုးပြီးမနက်စာစားရန်အတွက်မီးဖိုချောင်တွင်ပြင်ဆင်ရပြန်သည်။ကျောင်းဖွင့်ရက်တွေဆိုတော့အများအားဖြင့်ကန်တင်းမှာပဲစားဖြစ်တယ်။ကျောင်းပိတ်ရက်ဆိုတော့အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားသောက်တာပေါ့။မနက်စာစားပြီး အကိုဘုန်းမြတ်အားကူညီရန်ကော်ဖီဆိုင်သို့သွားရဦးမည်။သူ့ရဲ့အချိန်ကညပိုင်းဆိုပေမယ့်အကိုဘုန်းမြတ်ရဲ့ကျေးဇူးတွေရှိတာကေကာင့်ကျောင်းပိတ်ရက်တွေမှာဆိုကူပြီးလုပ်ပေးသည်။ဒါကြောင့်အကိုဘုန်းမြတ်ကသူ့ကိုညီအရင်းတယောက်လိုချစ်ပြီးစောင့်ရှောက်ပေးသည်။
🚶🚶🚶🚶🚶🚶🚶
ရာသီဥတုသာယာသောကြောင့်လမ်းလျှောက်ပြီးကော်ဖီဆိုင်သို့လာသောလမ်းတလျှောက်ကျောင်းကအကြောင်းတွေကိုစဉ်းစားမိပြန်သည်။သူကျောင်းတက်တာတပတ်တောင်ပြည့်တော့မယ်၊ဟိုလောရှည်ကောင်နဲ့အတတ်နိုင်ဆုံးမတွေ့အောင်နေသည်။
အတွေးပေါင်းတစ်သောင်းခြောက်ထောင်နဲ့အတူအလင်းတစ်ယောက်ကော်ဖီဆိုင်သို့ရောက်လာသည်။ဆိုင်လေးကတော့ကြီးကျယ်မခမ်းနားဘဲပန်းအိုးလေးများနှင့်စီစီရီရီထားပြီးလူအများ အမြင်မှာတော့သပ်သပ်ရပ်ရပ်နဲ့တမျိုးတဖုံကြည့်၍ကောင်းနေသည်။ဆိုင်ထဲဝင်သည်နှင့်လူရှင်းတာမို့သန်ရှင်းရေးလုပ်ရန်အဝတ်ပိုင်းတစ်ခုနှင့်စားပွဲများကိုသန့်ရှင်းရေးလုပ်နေသည်။
ထိုစဉ်ဆိုင်အရှေ့တွင်အမည်းရောင်ကားတစ်စီးထိုးရပ်သွားသည်ကိုအလင်းကတော့သတိမထားမိ
"ဝိတ်တာ..."
အလင်းကခပ်မြန်မြန်လျှောက်သွားပြီး
"ဘာယူမှာလဲခင်ဗျ..."
ဥက္ကာ ကရင်းနှီးသောအသံကိုကြား၍မော့ကြည့်လိုက်ရာ
"မင်းးးး"
"ခင်ဗျားးး"
နှစ်ယောက်လုံး ပြိုင်တူအော်လိုက်သည်။အလင်းကဥက္ကာကိုမြင်သည်နှင့်လှည့်ထွက်ရန်ပြင်နေတုန်းမှာပဲဥက္ကာကအလင်းရဲ့လက်ကိုဆွဲပြီးးး
YOU ARE READING
ပဲ့ကိုင်ရှင်(On Going)
Romansစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ အမှားများပါလျှင်လည်းအနူးညွှတ်တောင်းပန်ပါသည်။🙏🙏🙏 မီးတောင်ကိုပဲဖြတ်ကူးရပါစေ ဆူးတောင်ကိုပဲဖြတ်ကျော်ရပါစေ ကိုကို့အချစ်ကိုကျွန်တော်ရအောင်ယူမှာပါ ဥက္ကာမိုးမြင့် မှောင်မိုက်နေတဲ့ကျွန်တော့်ဘဝကိုအလင်းရောင်ပေးစွမ်းနိုင...