ကုန်တိုက်ထဲရောက်တော့အလင်းကလိုအပ်တဲ့ပစ္စည်းတွေကိုသာဝယ်လေ၏။ဥက္ကာကတော့အလင်းဘေးနားတွင်အလင်းဝယ်သမျှကိုမျက်တောင်မခတ်လိုက်ကြည့်နေသည်။အလင်းကအသား၊ငါးတွေကိုသာဝယ်နေ၍မုန့်ဆိုင်တန်းဘက်ကိုမသွား......."ကိုကို... မုန့်ဆိုင်တန်းဘက်ကိုလည်းသွားမယ်လေ....”
"ဟင်.....ဝယ်စရာရှိလို့လားး....အာ့ဆိုသွားမယ်လေ”
အလင်းကအရှေ့ကနေပြီးဖင်တကော့ကော့နှင့်ခြင်းလေးတွန်းပြီးထွက်သွားလေသည်။အနောက်တွင်ကျန်ခဲ့သောဥက္ကာကတော့ရင်တလှပ်လှပ်ဖြင့်
'နေ~~~နေပါအုံးငါ့ဘယ်ဘက်ရင်ဘတ်အခုန်မြန်နေတာများလားးး..ဟူးးးးငါအတွေးလွန်နေပြီထင်တယ်ဥက္ကာရေ စိတ်လျှော့စမ်းပါ'ဥက္ကာတစ်ယောက်အတွေးများနှင့်ကြောက်ရုပ်ပမာရပ်နေတော့............
"ဥက္ကာ..ဘာရပ်လုပ်နေတာလဲမုန့်ဆိုင်တန်းသွားမယ်ဆို မြန်မြန်လာလေ”
အလင်းကတော့ဥက္ကာကိုလက်ရက်ပြီးခေါ်နေသည်။
"ဟင်... အင်းသွားမယ် ကိုကို.. သွားမယ်”သွားများအစွမ်းကုန်ဖြီးပြပြီးအလင်းရဲ့လက်ကိုလာချိတ်ပါသောဥက္ကာ.......
အင်းပါလေဒီကောင်လေးကတစ်ဦးတည်းသောသားဆိုတော့ငါ့ကိုအစ်ကိုတစ်ယောက်လိုခင်တွယ်တာနေမယ်ဟုတွေးလေသောအလင်းတစ်ယောက်.....
ကျွန်တော့နှလုံးသားကို ကိုကို့ဆီကိုပဲပုံအပ်ပေးတော့မှာမို့ ကျွန်တော့ဘဝတစ်ခုလုံးကို ကိုကိုကိုတာဝန်ယူရမယ်ဟုနှုတ်ခမ်းလေးတစ်ဖင်ကွေး၍ညစ်ကျယ်ကျယ်အပြုံးများနှင့်တွေးနေသောဥက္ကာ.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အထုပ်များကိုယ်စီဆွဲပြီးကားပါကင်သို့လမ်းလျှောက်လာနေသောလူနှစ်ယောက်.......
"ကိုကို လေးနေပြီလား...ကျွန်တော့ကိုပေး"
ဥက္ကာတစ်ယောက်အလင်းလက်ထဲမှအထုပ်များအားဆွဲယူရန်ပြင်နေစဥ်.....................
"အာ....မဟုတ်တာ... မင်းမှာတောင်အများကြီးပဲကို.ရတယ်ကားနားရောက်တော့မယ်..."
~~~~~~~~~
"ဟူးးးးးအများကြီးတောင်ဝယ်ဖြစ်တယ်....ဒီတော့ကျေးဇူးဆပ်တဲ့အနေနဲ့ငါမင်းကိုအိမ်မှာညစာကျွေးမယ်လေ..."
YOU ARE READING
ပဲ့ကိုင်ရှင်(On Going)
Romanceစာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ အမှားများပါလျှင်လည်းအနူးညွှတ်တောင်းပန်ပါသည်။🙏🙏🙏 မီးတောင်ကိုပဲဖြတ်ကူးရပါစေ ဆူးတောင်ကိုပဲဖြတ်ကျော်ရပါစေ ကိုကို့အချစ်ကိုကျွန်တော်ရအောင်ယူမှာပါ ဥက္ကာမိုးမြင့် မှောင်မိုက်နေတဲ့ကျွန်တော့်ဘဝကိုအလင်းရောင်ပေးစွမ်းနိုင...