(Unicode)
*အောက်တွင် Zawgyi Version*အသိပေးစာ ******
ဒီ fic ထဲမှာ ပါတဲ့အကြောင်းအရာတွေအားလုံးသည် စိတ်ကူးသက်သက် နဲ့သာ ဖန်တီးထားပြီး ကိုယ်ပိုင်အတွေး စိတ်ကူးနဲ့ရေးခဲ့ခြင်းသာ အမှားတစ်စုံတစ်ရာများပါခဲ့ရင် အရပ်မျက်နှာ အသီးသီးရှိ ဆရာ့ဆရာ အတတ်ကြီးများအား ကန်တော့ပွဲမှာ အုန်းသီး ငှက်ပျောသီးအပြင် ဆောတီးဆိုတာကြီးပါ အပိုထည့်ပြီး လက်ဆယ်ဖျာ ထိပ်မာမိုး ရှိခိုးဦးချ ကန်တော့ပါရစေ 🙏
ဘုရားသခင်လား တန်ခိုးရှင်လား ဒါမှမဟုတ်
ဖန်ဆင်းရှင်လား နတ်ဘုရားလား အယုံအကြည်မရှိခဲ့ပါဘူး အကယ်၍ ဖန်ဆင်းရှင်ဆိုတာ ရှိခဲ့ရင်တော့ ပြောပါရစေ ဘုရားသခင် အရှင်ဟာ ကျွန်ုပ်အပေါ် ရက်စက်မှုရော ကြင်နာမှုတွေရော အလုံးစုံကို
ပေးစွမ်းခဲ့ပါတယ် အရှင် ဖန်တီးအစပြုပေးခဲ့တဲ့
ဇာတ်လမ်းတစ်ပုဒ်ဟာ နာကျင်မှုတွေနဲ့ အစပြုခဲ့ပေမဲ့
လည်း သိပ်ကိုလှပခဲ့ပါတယ် နောက်ထပ်ရောက်လာမဲ့
စာမျက်နှာတွေကို ရင်ခုန်ရင်း လှပစွာရော နာကျင်စွာရော ပျော်ရွှင်စွာရော တခါတလေ အဝေးကို ထွက်ပြေးချင်လောက်တဲ့ အထီးကျန်မှုတွေ ခက်ခဲမှုတွေနဲ့ရော ဖြတ်သန်းခဲ့ရပါတယ် လှပပြီး နွေးထွေးမှုတွေ နှင်းဆီရောင်အပြည့်နဲ့ ကမ္ဘာငယ်လေးကို ဖန်တီးပေးခဲ့လို့ အရှင့်ကို ကျေးဇူးတင်မိပါတယ်
တစ်ခါတစ်လေလဲ နာကျင်လွန်းတဲ့ ဘ၀ထဲက
ရုန်းထွက်ခွင့်မပေးခဲ့လို့ အရှင့်ကို မုန်းတီးခဲ့ဖူးပါတယ်
အရှင်ချီးမြှင့်ခဲ့တဲ့ နာကျင်မှုတွေဟာ
သိပ်ကို ပူလောင်လှပြီး တစ်ခါတလေမှာလဲ အရှင်ပေးတဲ့ ကြင်နာမှုတွေဟာ သိပ်ကိုချိုမြိန်လှပါတယ်
အရှင် ပေးတဲ့ ရက်စက်မှုတွေရော ကြင်နာမှုတွေအပေါ်ကို တစ်ခါလေးတောင် ငြီးငြူခဲ့ခြင်း
တောင်းဆိုခဲ့ခြင်း မရှိတာကိုလဲ အရှင်အသိပါဘဲ ဒါပေမဲ့ ဘုရားသခင်လား ဖန်ဆင်းရှင်လား နတ်ဘုရားလား ခင်ဗျားဆီကို
ဒီတစ်ခါတော့ ကျွန်ုပ်တောင်းဆိုပါရစေ
ကျေးဇူးပြုပြီးတော့ .................................................
"အာာာာာာားးးးးးးးးးးး"
ပျံ့နံ့သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ နာကျင်စွာ အော်ဟစ်သံတစ်ခု က တိတ်ဆိတ်တဲ့ ထို ညကို
လှုပ်နှိုးလိုက်သည်
လရောင် မှိန်မှိန်အောက်မှ ထိုအိမ်ကျယ်ကြီးသည် လူသူ ကင်းဝေးရာ၌ တသီးတခြား ခန့်ညားလျက်
ပန်းနုရောင် နှင်းဆီပန်းတွေ မြက်ခင်းစိမ်းတွေ နဲ့
အဖြူရောင် ဒန်းစင်လေးရဲ့ လေတိုက်ရာ ယိမ်းရင်း
တကျိကျိ မြည်သံ လူတစ်ယောက်ရဲ့ ခါးနီးပါးထိ ကြီးမားပြီး အစွယ်ဖွေးဖွေး သားရေတမြားမြား
အရုပ်ဆိုးဆိုး ခွေးကြီး ၂ကောင်ရဲ့ ဆာလောင်မှုကြောင့် အဆက်မပြတ်ဟောင်နေသံတွေက
ခြောက်ခြားဖွယ်ရာအတိ
YOU ARE READING
🌹𝐋𝐚.𝐕𝐢𝐞.𝐞𝐧.𝐑𝐨𝐬𝐞၊🌹 (နှင်းဆီရောင်ကမ္ဘာငယ်)
Romanceမင်းရဲ့ အတ္တရယ် ငါ့ရဲ့မာနရယ် သနားစရာ ငါတို့ကြားက ချစ်ခြင်းတရားရယ်