The reason why I married him

238 21 2
                                    

*Unicode*

" CEO ကျတော်ကတော့ အခြားတယောက်ကိုရွေးသင့်တယ်လို့ထင်တယ် "
Meeting Room တခုထဲကထွက်ပေါ်လာတဲ့ အသက်၆၀ အရွယ် ရှယ်ယာရှင်ရဲ့အသံ

" Kim Taehyung အဲ့ဒီကောင်လေးက အခုမှ ရိုက်ကူးရေးလောကကို ၀င်လာတဲ့တစ်ယောက်
မလား ကျွန်တော်တို့ Royal High က
တောင်ကိုရီးယားတင် မဟုတ်ဘူး ကမ္ဘာ့ဈေးကွက်ထိတောင် ထိုးဖောက်နေတဲ့ နာမည်ကြီး ကုမ္ပဏီ လေ အဲ့တော့..."

" အဲ့တော့ နာမည်ကြီး သရုပ်ဆောင်ကိုဘဲ Royal High ရဲ့ ပင်တိုင် မော်ဒယ် အဖြစ် ထားပြီး ကြော်ညာချင်တယ် ပေါ့" ထိုသူရဲ့စကားမဆုံးခင် CEO ဆိုသူက မျက်ခုံးလေးပင့်ကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်

" မစ္စတာ ဟုန်းဂျုံအင် အဲ့ဒီ နာမည်ကြီး သရုပ်ဆောင်တေကို အာမခံနိုင်လား "
ခပ်အေးအေးဖြင့်သာ CEO ဆိုသူက ထိုသူကိုကြည့်ရင်း

" သူတို့က နာမည်လဲရှိပြီးသားလေ အဲ့တော့ ကမ္ဘာ
တစ်ဝှမ်းမှာ သူတို့ရဲ့ fan တေလဲရှိတော့ "
ဟုန်းဂျုံအင်ဆိုသူက အသက်ငယ်တဲ့ CEO မို့ အထင်သေးဟန် သရုပ်ဆောင်လောကထဲ ၀င်ခါစ
ထယ်ယောင်းကိုလဲ သိပ်သဘောမကျ

" အဲ့တော့ မစ္စတာ ဟုန်းဂျုံအင် က
Royal Highရဲ့ အကျိုးအမြတ် အတွက် အာမခံ နိုင်လား မေးတာဘဲဖြေပါ
ပြီးတော့ Kim Taehyung ဆိုတဲ့ သူ့အကြောင်းရော သေချာသိလား" CEO ဆိုသူက ဟုံးဂျုုံအင် ဆိုတဲ့ ထိုအဖိုးကြီးကို သေချာစိုက်ကြည့်ရင်း

CEO ဆိုသူရဲ့ မျက်လုံးတွေကြား ထိုအဖိုးကြီးကတော့ ကတုန်ကယင်

" အစည်းအဝေးပြီးပြီ အတွင်းရေးမှူးမာ Kim Taehyung ကိုRoyal High ရဲ့ ပင်တိုင်
မော်ဒယ် အဖြစ် စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလိုက် မဟုတ်ဘူး ပင်တိုင်မော်ဒယ် ဖြစ်အောင်ကို စာချုပ်ချုပ်နိုင်အောင်လုပ်ခဲ့ ကုမ္ပဏီရဲ့ ပစ္စည်းတေကို သူနဲ့ဘဲကြေငြာမယ် ဒါဆို .."

CEO ဆိုသူက ရှယ်ယာရှင်တွေအားလုံးကို နှုတ်ခမ်းလေးကော့အောင်ပြုံးပြရင်း ခေါင်းလေးကို ဖြည်းဖြည်းချင်းငြိမ့်ပြကာ ထိုအခန်းထဲက ထွက်သွားတော့သည်

" အဖိုးကြီးဟုန်းဂျုံအင် ကတော့ ခွေးစာဖြစ်ချင်နေပီတူတယ် " ဘေးနားက ဂျိုယွန်းဆော့ ဆိုသူက ပြောတော့ ဟုန်းဂျုံအင်ဆိုသူ နားမလည်စွာပင်

🌹𝐋𝐚.𝐕𝐢𝐞.𝐞𝐧.𝐑𝐨𝐬𝐞၊🌹 (နှင်းဆီရောင်ကမ္ဘာငယ်)Where stories live. Discover now